ဒီတစ်ပတ်ချင်းဈေးက ပြန်ပြီးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဝယ် လိုအားနည်းသွားတာကြောင့် ဈေးကလည်း သိသိသာသာကျသွားပြီး၊ အဝင်က လည်း နည်းသွားပါတယ်။ ဒီတစ်ပတ်မှာ တမူးက ဝယ်လက်တွေ ပြန်ပြီးဝယ်ယူနေ ပေမယ့် ပစ္စည်းအဝင်ကတော့ အရင်တစ်ပတ်လိုပဲ နည်းနေပါသေးတယ်။
ယခင်က တစ်ဈေးကို နှစ်သောင်း၊ သုံးသောင်းခန့် အဝင်ရှိနေပေမယ့် အခုနောက်ပိုင်းမှာ တစ်ဈေးကို တစ်သောင်းခန့်သာ အဝင်ရှိပါတော့တယ်။ Export က ခဏနားပြီး၊ ဈေးကလည်း ကျသွားတာကြောင့် တောင်သူတွေကလာမရောင်းကြတော့ တာ ကြောင့်၊အဝင်နည်းသွားတယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန်ကတော့ ကျန်နေပါ သေးတယ်။ အောင်ပန်း ဈေးကွက်ကို ပင်းတယ၊ ကောင်းဘို့ဘက်ကချင်း (ဥမ) တွေကတော့ ပုံမှန်အဝင်ရှိနေတယ်လို့ ဆိုပါတယ်။ အဝင်က နည်းပြီး၊ ဝယ် လိုအားကကောင်းတာကြောင့် ဒီတစ်ပတ်ချင်းဈေးကလည်း ပြန်ကောင်းလာပြီး၊ တစ်ပိဿာ ၈၅၀ ကျပ် - ၉၀၀ ကျပ်ဈေးရှိလာပါတယ်။ ချင်း(စို)က အရောင်း သွက်ပေမယ့် ချင်းခြောက်ကတော့ အေးနေပါတယ်။ ဈေးကတော့ တစ်ပိဿာ ၁၁၅၀ ကျပ် - ၁၂၀၀ ကျပ်ဈေးမှာပဲ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းကိုလည်း တောင်ကုတ်ဝယ်လက်တွေကြောင့် အဝယ်လိုက်နေပါ တယ်။ အထွက်နည်းတာကြောင့် အဝင်ကလည်း နည်းပါတယ်။ လက်ကျန်ကလည်း များများစားစားမကျန်တော့ပါဘူး။ ဈေးကလည်း တစ်ပိဿာ ၈၅၀ ကျပ်ဈေးရှိပါ တယ်။ ချင်းခြောက်ကလည်း ပစ္စည်းလက်ကျန် သိပ်မကျန်တော့ပါဘူး၊ တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးနဲ့ အတော်များများ အရောင်းအဝယ်ဖြစ်သွားခဲ့ပြီး၊ ဒီ တစ်လမှာတော့ နည်းနည်းအရောင်း ပါးသွားတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် လည်း ချင်းခြောက်က တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် - တောင်ကြီး