Main menu

Background

မန်ကျည်းသီးစိမ်းအဝင်လှိုင်လို့ ဈေးအေးသလို မန်ကျည်းမှည့်လည်း အရောင်း အဝယ်အေးနေ

Tue, 08/06/2013 - 12:04 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဇူလိုင်ပထမပတ်မှစပြီး၊ မန်ကျည်း သီးစိမ်းများ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ပေါ်ဦးပေါ်ဖျားအချိန်က တစ် ဆယ်ကျပ်သား ၅၀၀ ကျပ်နဲ့ ဈေးကောင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ဈေးကွက် အတွင်း မန်ကျည်းသီးစိမ်းများအဝင်လှိုင်တာကြောင့် တစ်ဆယ်ကျပ်သား ၃၀၀ ကျပ်ကို ဈေးကျသွားပါတယ်။ မန်ကျည်းမှည့်ဈေးမှာတော့ ယခင်အပတ် ဈေး အတိုင်းလက်လီ ၁ ပိဿာ၂၀၀၀ ကျပ်၊ လက်ကား ၁ ပိဿာ ၁၅၀၀ ကျပ်နဲ့ ဈေး ငြိမ်နေပြီး၊ အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။အိဆွေဇင် - ပြည်