Main menu

Background

ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် ဟောင်ကောင်ဘဏ်တို့သည် ငွေပေးချေမှုစနစ် တစ်ခုကို ပူးပေါင်းတည်ဆောက်

Tue, 08/06/2013 - 12:33 -- ydnar

ထိုင်းနိုင်ငံ ဗဟိုဘဏ်(BOT)  နှင့် ဟောင်ကောင်ဘဏ်တို့သည် Bahtnet (Bank of Thailand Automated High-Value Transfer Network) နှင့် Hong Kong USD Chats (Hong Kong dollar Clearing House Automated Transfer System) စနစ်နှစ်ခုကို ချိတ်ဆက်၍ နယ်စပ် ဖြတ်ကျော်ငွေပေးချေမှုစနစ် (cross- border payment system) တစ်ခုကို ပူးပေါင်းတည်ထောင်ကြမည်ဖြစ်ပါသည်။

အဆိုပါစနစ်သည် တန်ဖိုးများသော ငွေ ပမာဏများလွဲှပြောင်းပေးပို့ခြင်းကို ပိုမို အဆင်ပြေစေမည်ဖြစ်ပြီး၊ ငွေပေးချေမှု ဆိုင်ရာ စွန့်စားရမှုများကိုလည်း ဖယ်ရှား နိုင်မည်ဟုသိရှိရပါသည်။ Bahtnet နှင့် ဟောင်ကောင်၏  USD RTGS (real time gross settlement)/ Chats စနစ်တို့ကို PVP (Payment versus payment Mechanism) မှ တစ်ဆင့်ချိတ်ဆက် မည်ဖြစ်ကြောင်း FIDF (Financial Institutions Development Fund)  မှ မန်နေဂျာဖြစ်သူ Mr. Krerk Vanikkul မှပြောကြားခဲ့ပါသည်။ အဆို ပါစနစ်ကို လာမည့်နှစ် ဇူလိုင်လတွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်မှန်းထား ကြောင်းသိရှိရပါသည်။ အဆိုပါစနစ်ကို အသုံးပြုခြင်းဖြင့် (ဟောင်ကောင်အမေရိကန်ဒေါ်လာနှင့် ထိုင်းနိုင်ငံရှိ ဘတ်ငွေအကြား) နိုင်ငံခြား ငွေပေးချေမှုများကို အချိန်တိုအတွင်း လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်မည်ဖြစ်ရာ ငွေကြေးအဖွဲ့အစည်းများအတွက် အကျိုးရှိစေမည့်စနစ်ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာနှင့် ထိုင်ဘတ် အရောင်းအဝယ် (transaction) သည် ငွေကြေးအားလုံးရောင်းဝယ်နေမှု၏ ၈၅ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ် ရောင်းဝယ်မှုတန်ဖိုးသည် ပျမ်းမျှအား ဖြင့် တစ်နေ့လျှင် ဘတ် ၁၇၀ ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။www.Pattayamail.com