ယခုအပတ် ဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်ထိတာ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်နဲ့ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေး စခန်း မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၉၅၉ တန်ခန့် တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
စခန်းအလိုက် တင်ပို့မှုကို ကြည့်မယ် ဆိုလျှင် မူဆယ် ၁၀၅ မိုင် ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၄၆ သန်းဖိုးရှိ ရေထွက်ကုန် တန် ၈၅၀ ခန့်ကို တင်ပို့ခဲ့ပါတယ်။ ရေ ထွက်ကုန် အမယ်စုံတွေကတော့ ကဏန်း ၂၇၈ တန်ခန့်၊ ငါးရှဉ့် ၂၄၈ တန်ခန့်၊ရေခဲငါး တန် ၁၉၀ ကျော်၊ ငါး လေးခြောက် ၆၄ တန်ခန့်၊ ငါးဆားနယ် ၅၄ တန်ခန့်၊ ပုစွန်ခြောက် ၇ တန်ခန့်၊ ငါးလိပ်ကျောက် ရေခွံခြောက် ၁ တန် ကျော်၊ ငါးစည်ဖောင်း ၁ တန်ခန့်၊ ငါး မြစ်ချင်း စီဖောင်း ၆ တန်ကျော်၊ ငါး ပူတင်းရေခွံခြောက် ၁ တန်ကျော်ဖြစ်ပါ တယ်။ ယခင်အပတ်ကထက် တန် ၇၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော် ကူးသန်းရောင်းဝယ် ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၅၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၀၉ တန် ကျော်တင်ပို့ခဲ့ပြီး၊ ယခင်အပတ် တင်ပို့မှု ထက်တန်၂၀ကျော်လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ တစ်လလုံးမှာ မြန်မာ-တရုတ်နယ်စပ်မှ ရေထွက်ကုန် ၃၈၅၆ တန်ခန့်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၉ ဒသမ ၆၆၅ သန်းဖိုး ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဇွန်လ ထက် တန်ချိန် ၄၃၀ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ လျော့နည်းရတဲ့ အကြောင်းကတော့ ယခုရာသီဟာ ငါး ရစ် တက်တဲ့အချိန်ဖြစ်သောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှာ မျိုးဥ ချရန်လာတဲ့ငါးများကို ဖမ်းဆီးခြင်းမပြု ရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနက နှိုးဆော်ထားသလို မိုးရာသီ ဖြစ်ခြင်းကြောင့် ပင်လယ်ပြင် ငါးဖမ်းဆီး မှု နည်းပါးခြင်းနဲ့ပါ ကြုံကြိုက်လာတဲ့ အတွက် ကုန်တက်နည်းတာကြောင့် အပို့လျော့ရခြင်းဖြစ်ပါတယ်။ ယခုအပတ် ကဏန်းဈေးမှာ ယခင် အပတ်ထက် ဈေးအနည်းငယ် ကျလျက်ရှိပါတယ်။ ကဏန်းတစ်တန် လျှင် ၂၂၂၃၀၀၀ ကျပ် (၁၃၉၇၆ ယွမ်၊ ဒေါ်လာ ၂၂၈၀) ဖြစ်ပြီး ငါးရှဉ့်ဈေးမှာ အနည်းငယ်ပြန်တက်လာတာ တွေ့ရပါ တယ်။ ငါးရှဉ့်တစ်တန်လျှင် ၃၄၁၂၅၀၀ ကျပ် (၂၁၄၅၅ ယွမ်၊ ဒေါ်လာ ၃၅၀၀) ဈေးပေါက်လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးစခန်း မှသိရှိရပါတယ်။ယဉ်ယဉ်အေး MIRT ( DCCA)