Main menu

Background

မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ်ပဲဈေးကွက် ဝယ်လိုအားသွက်ပေမယ့် ဈေးငြိမ်နေ

Wed, 08/14/2013 - 11:05 -- ydnar

မုံရွာ ကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲမျိုးစုံ ဈေးကွက်မှာ ကုလားပဲမျိုးစုံနဲ့ ပဲစင်းငုံနီတို့ မနှစ်က ကာလတူ ပေါက်ဈေးထက် ဈေးလျော့ လာခဲ့ကြပြီး၊ ပဲတီစိမ်းကြီးနဲ့ စွန်တာနီ၊ ပဲကြီးတွေကတော့ မနှစ်ကကာလတူ ပေါက်ဈေးထက် ဈေးပိုရခဲ့ကြတာတွေ့ ရ ပါတယ်။

Export ဝယ်လက် မရှိတော့တဲ့ ကုလားပဲမျိုးစုံဈေးကွက်မှာ ဒေသခံခွဲ စက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်၊ ပဲလှော်ဖိုနဲ့ ပဲ လက်လီဝယ်လက်သမား တွေရဲ့ အဝယ်သာရှိခဲ့လို့ ရောင်းလို အားက အမြဲသာနေတာတွေ့ရပါတယ်။ အထူးသဖြင့် V2 ဈေးကွက်ဟာ မနှစ်က Export  ရှိခဲ့လို့ ယခုတစ်ပတ်နဲ့ ကာလ တူပေါက်ဈေးမှာတစ်တင်း၂၂၈၀၀ ကျပ် ထိ အမြင့်ဆုံးရခဲ့ပြီး၊ ယခုနှစ်မှာတော့ ၁၇၁၀၀ ကျပ်သာ အမြင့်ဆုံးပေါက်ခဲ့ပါ တယ်။ 929 ကုလားပဲဈေးကွက်လည်း ယခင်နှစ်ကာလတူပေါက်ဈေးမှာ တစ် တင်း ၂၂၈၀၀ ကျပ်အမြင့်ဆုံးဖြစ်ပေါ် ခဲ့ပြီး၊ ယခုတစ်တင်း ၁၆၈၀၀ ကျပ်သာ အမြင့်ဈေးရခဲ့ပါတယ်။ ထိုင်ဝမ် ကုလား ပဲ ကတော့ ဒေသခံကုန်သည်တွေဆီမှာ ပဲလက်ကျန်လျော့လာလို့ ရောင်းလို အားထက် ဝယ်လိုအားက များပေမယ့် ယခု တစ်ပတ်မှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ အမြင့်ဆုံးရခဲ့ရာ ယခင်နှစ် ကာလတူတစ်တင်း ၂၂၅၀၀ ကျပ်ထက် များစွာ လျော့နည်းသွားတာ တွေ့ရပါ တယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ ရောင်းဝယ်မှုအားဖြင့် V2 အိတ် ၅၀၀ မှ ၁၀၀၀ ကြား၊ထိုင်ဝမ်အိတ် ၃၀၀ ခန့် နဲ့ 929 အိတ် ၄၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံ ဈေးကွက်မှာလည်း ရန်ကုန် ဝယ်လက် မရှိပေမယ့် ပစ္စည်း အပ်ရမယ့် ကုန်သည်တွေရဲ့ အဝယ်ရှိလို့ တစ်နေ့အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကာ ပေါက်ဈေး ကတော့ ယခင်နှစ်ကာလတူ တစ်တင်း အမြင့်ဆုံး ၂၂၃၀၀ ကျပ်ထက် ၆၀၀၀ ကျပ်နီးပါးဈေးလျော့ကာ ယခုတစ်ပတ် အတွင်း တစ်တင်း ၁၇၈၀၀ ကျပ်သာ အမြင့်ဆုံး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါ တယ်။ ပဲတီစိမ်းကြီး ဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ နယ်စုံက ပဲအဝင်ရှိ သလို တရုတ်ဈေးကွက်အတွက် မန်း လက်အဝယ်သွက်လို့ တစ်တင်း ထိပ်စ ၂၄၅၀၀ ကျပ်၊အောက်စ ၂၂၀၀၀ ကျပ် ဈေးရခဲ့ရာ ယခင်နှစ်ကာလတူ ပေါက် ဈေး တစ်တင်း ၂၁၀၀၀ ကျပ်ထက် ဈေး ပိုရခဲ့တာတွေ့ရပါတယ်။ အရောင်း အဝယ်အားဖြင့် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ Export နဲ့ ဒေသစားသုံးမှု ပိုလာ တဲ့ စွန်တာနီဈေးကွက်ကတော့ မနှစ်က ကာလတူတစ်တင်း အမြင့်ဆုံး ၁၅၀၀၀ ကျပ်ပေါက်ဈေးထက် ပိုကာ ယခုတစ် ပတ်မှာ တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ ဈေး ဆက်လက် မာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီတွေက စွန်တာနီ အထွက်လျော့ခဲ့ပြီး၊ ဝယ်လိုအားကောင်း နေတဲ့အတွက် အခုလို အမြင့်ဈေးမှာ ငြိမ်နေတာဖြစ်တယ်လို့ ကုန်သည်တွေ ကပြောပါတယ်။ ပဲကြီးဈေးလည်း ပြည် တွင်း ဝယ်လိုအားများပြီး၊ ပဲလက်ကျန် လျော့လာလို့ တက်ဈေးမှာငြိမ်နေခဲ့ရာ မနှစ်ကနဲ့ ကာလတူတစ်တင်း ၂၅၀၀၀ ကျပ်ထက်ပိုကာ တစ်တင်း ၃၃၅၀၀ ကျပ် ထိ ဈေးမာနေတာတွေ့ရပါတယ်။ ယခုအချိန်မှာ မုံရွာကုန်စည်ဒိုင်ရဲ့ ကုန်သည်တွေရဲ့လက်ဝယ် ပဲမျိုးစုံ လက်ကျန်လျော့လာနေလို့ ပစ္စည်းရှိသူ တွေ ထိန်းရောင်းနေကြသလို ယခုနှစ် စိုက်ပျိုးရာသီမှာ မိုးခေါင်မှုကြောင့်၊ ပဲစင်းငုံပင် အပျက်အစီးများကာ လာ မယ့်နှစ် ပဲအထွက်လျော့နိုင်တဲ့အတွက် ငုံနီ လက်ဝယ်ကျန်သူ တစ်ချို့လည်း ပစ္စည်း ဆက်ထိန်းဖွယ်ရှိတယ်လို့ သိရပါ တယ်။            ထွန်းလှိုင် - မုံရွာ