Main menu

Background

ပြည်ချင်းဈေးကွက် ပုံမှန် အရောင်းအဝယ်ဖြစ်

Wed, 08/14/2013 - 11:10 -- ydnar

တောင်ကြီးနဲ့ အောင်ပန်းဈေးကွက်မှ ချင်း(ဥမ)များ ယခုတစ်ပတ်ပြည်ဈေး ကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ဝင်ရောက်မှုမှာ ယခင်အပတ်အတိုင်း ပုံမှန်အဝယ်ရှိနေပါတယ်။ အဝင်လည်း ပုံမှန်၊ ဈေးလည်း ပုံမှန်နဲ့ ယခင်ပတ် ဈေး အတိုင်းချင်း(ဥမ)(ရှယ်)တစ်ပိဿာကို ၁၂၀၀ ကျပ်၊ (ဂျွန်) ၁၁၀၀ ကျပ်တို့နဲ့ ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၈၀၀ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်လည်း ပုံမှန်ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသ ကြီး စားသုံးမှုအဖြစ် ဈေးကွက်မှတစ်ဆင့် တစ်ရက်ကို ပိဿာချိန် ၃၅၀ ခန့် တင်ပို့မှု ရှိကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်