Main menu

Background

အဆွဲတက်လို့ ဈေးမြင့်နေတဲ့ ကြက်သွန်နီ

Wed, 08/14/2013 - 11:16 -- ydnar

အခုတလော ပခုက္ကူကြက်သွန်နီဈေးကွက်ဟာ တက်ရိပ် ပြနေတာကိုတွေ့ရပါတယ်။ ထိပ်စ တစ်ပိဿာ ၆၀၀ ကျပ်၊ အလတ်စ တစ်ပိဿာ ၅၅၀ ကျပ်၊ အောက်စတစ်ပိဿာ ၅၂၅ ကျပ်များနဲ့ ကုန်စည်ဒိုင်မှာ အရောင်း အဝယ်ဖြစ်နေပါ တယ်။ အဝင်တွေအနေနဲ့ နေ့စဉ်ပိဿာချိန် ၂ သောင်းကျော်မှ ၁ သိန်းကျော်ကြား အဝင်ရှိနေပါတယ်။

ယခင်အပတ်က တစ် ပိဿာ ထိပ်စ ၄၇၀ ကျပ်၊ အလတ်စ ၄၅၀ ကျပ်၊ အောက်စ ၄၀၀ ကျပ်ကနေ တက်ရိပ်ပြလာတာ တွေ့ရပါတယ်။ ဈေး အနည်းငယ် တက်လာတာက ပြည်ပဝယ်လက်အဆွဲတက်နေ တာကြောင့်လို့ ပြောပါတယ်။ ယခင်က ပြည်ပဝယ်လက်က ဆိုဒ်အရွယ်အစားသတ်မှတ်ပြီးဝယ်ခဲ့လို့ သူတို့ သတ်မှတ်ထား တဲ့ အရွယ်အစားကို ရွေးချယ်ရောင်းချခဲ့ရပေမယ့် ယခုပြည်ပ ဝယ်လက်က အရွယ်အစားကို မြှင့်ဝယ်နေတာကို တွေ့ရပါ တယ်။ ယခင်အရွယ်အစားအပြင် ပိုပြီးကြီးတာကိုပါ ဝယ်ယူ နေတာဖြစ်တယ်လို့ ပြောပါတယ်။ နယ်မှာရှိတဲ့ ကြက်သွန်များ လည်း ဈေးကွက်ရဲ့ တက်ရိပ်ကြောင့် နယ်မှ အဆွဲသွက်သလို မြို့ပေါ်ကို နေ့စဉ်အဝင်များနေတာကို လည်း တွေ့နေရပါ တယ်။ ပခုက္ကူဈေးတစ်ပတ်လည် လက်လီရောင်းတဲ့ ဆိုင်တွေ မှာတော့ ကြက်သွန်ရဲ့သန့်မှု၊ ဆိုဒ်အရွယ်အစားကိုလိုက်လို့ တစ်ပိဿာကို ၆၅၀ ကျပ် - ၇၀၀ ကျပ် - ၇၅၀ ကျပ်ဈေးများ နဲ့ရောင်းနေကြပါတယ်။လက်ကားရဲ့ တက်ရိပ်ကိုမှီလို့ လက်လီ တက်ရိပ်ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဒါကလည်း အရောင်းအဝယ်ရဲ့ ဖြစ်တတ်တဲ့ သဘောတရားတစ်ခုလိုပဲ ပြောရမှာပါ။ လက်ကားမြင့်တော့ လက်လီလည်း လိုက်မြင့်ရ တဲ့ သဘောပါ။ ဘာပဲပြောပြော ပခုက္ကူမှာ စားဖိုချောင်သုံး သီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ တက်ရိပ်မှာ အရောင်းအဝယ် ဖြစ်တယ်လို့ပဲ ဆိုရမှာပါ။မြင့်ဦး - ပခုက္ကူ