Main menu

Background

ဒူးမက်စ်နို့မှုန့် ပြဿနာ မြန်မာနိုင်ငံတွင် မရှိ

Wed, 08/14/2013 - 13:27 -- ydnar

ယခု တလော အိမ်ရှင်မတွေ အထူးသဖြင့် နို့တိုက်မိခင်တွေကြားမှာ ရေပန်းစားနေတဲ့စကားလုံးကတော့ နို့ မှုန့်တွေ အရမ်းမတိုက်နဲ့၊ နို့မှုန့်တွေက အန္တရာယ်ရှိတယ်လို့ ဂျာနယ်တွေထဲမှာ ပါတယ်ဆိုတဲ့စကားတွေ၊ နယူးဇီလန်က ထုတ်တဲ့ ဒူးမက်စ်တဲ့။

ဟိုမင်းသမီးလေး ကြော်ငြာတာလေ။ အဲဒီနို့မှုန့်မှာ ရောဂါ ပိုးပါတယ်ဆိုလား၊ အဲဒီရောဂါပိုးဟာ ကလေးတွေကို အသက်အန္တရာယ်ဖြစ် စေနိုင်တယ်တဲ့၊ ဂျာနယ်တွေထဲမှာ ဖတ် လိုက်ရတယ်ဆိုတဲ့ စကားသံတွေဟာ မိမိရဲ့သားသမီးရင်သွေးအပေါ်မှာထား တဲ့ မေတ္တာဓာတ်တွေပဲဖြစ်ပါတယ်။အဲဒီမေတ္တာဓာတ်တွေနဲ့အတူ နောက်ဆက်တွဲပါလာတဲ့သတင်းတွေ ကြောင့် မိခင်တွေဟာ ဒူးမက်စ်နို့မှုန့်ကို တိုက်ရမှာလား၊ ဟိုတစ်ခါတုန်းက တရုတ်နို့မှုန့်မှာ မယ်လမင်းတွေပါလို့ အခု ဒူးမက်စ်က စိတ်ချရတယ်ဆိုလို့ ပြောင်းတိုက်ခါမှ ဖြစ်ပြန်ပြီဆိုတဲ့စကား သံတွေ၊ တရုတ်နို့မှုန့်လည်း မတိုက်ရဲ၊ အခုဒူးမက်စ်ကလည်း ရောဂါပိုးပါတယ် ဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိတဲ့ မိခင်တွေဟာ စိုးရိမ်သောကတွေနဲ့ ရပ် တည်နေကြရပါပြီ။မိခင်တွေရဲ့သောကကို ဖြေသိမ့် ပေးနိုင်ဖို့အတွက် ဒူးမက်စ်နို့မှုန်ကိုတင် သွင်းနေတဲ့ ကုမ္ပဏီတွေအနက် အရှေ့ တိုင်း ဆန္ဒမွန် ကုမ္ပဏီ လီမိတက်မှ ဦး အောင်ခင်က “ကျွန်တော်တို့ တင်သွင်းလာတဲ့ ဒူးမက်စ်နို့မှုန့်တွေမှာ အဲဒီရောဂါပိုးပါ တဲ့ ကုန်ကြမ်းပစ္စည်းနဲ့ ထုတ်ထားတဲ့ အသုတ်(Batch)မဟုတ်ပါဘူး။ နောက် ပြီး ကျွန်တော်တို့ ဒီကိုသွင်းလာပြီဆိုရင် ဆိပ်ကမ်းကိုရောက်တာနဲ့ FDA က စစ်ဆေးပါတယ်။MITS ကနေတစ် ဆင့် FDA ကိုပို့ပြီးစစ်ရတာပါ။FDA  က စစ်လို့ စားသုံးဖို့ သင့်တော်တယ် ဆိုပြီး လက်မှတ်ထုတ်ပေးမှ ကျွန်တော် တို့ ဈေးကွက်ကို ချပေးလို့ရတာပါ”“ဒါ့ပြင်အရင်ကမယ်လမင်းမဖြစ် ခင်က နှစ်မျိုးပဲစစ်ရပါတယ်။မယ်လမင်း  လည်းဖြစ်ပြီးရော သုံးမျိုး အစစ်ခံရပါ တယ်။ Chemical ရယ်၊Biological ရယ်၊ မယ်လမင်းရယ်ဆိုပြီး သုံးမျိုးစစ် ရပါတယ်။Chemical ကိုစစ်တာက အဲဒီနို့မှုန့်ထဲမှာပါတဲ့ဓာတုပစ္စည်းတွေ မှန်ရဲ့လားလို့စစ်တာ။ Biological ကျ တော့ ပိုးမွေးပြီးစစ်ရတဲ့အခါ တစ်ပတ် ၁၀ရက်လောက် လေလုံခန်းမှာ ပိုးမွေးရ ပါတယ်။ ပိုးမွှားပါရင် အဲဒီလေလုံခန်း မှာ ပေါက်ဖွားကုန်တယ်။ ဒါဆိုရင် ပိုး မွှားပါလား မပါလားဆိုတာ Biolog-ical Testing Branch ကနေ စစ်ပြီး ကင်းစင်မှ လက်မှတ်ထုတ်ပေးတာပါ” လို့ FDA ရဲ့ လုပ်ဆောင်မှု နဲ့ပတ်သက် လို့ ရှင်းပြခဲ့ပါတယ်။ဖွန်တားရားကုမ္ပဏီအနေနဲ့လည်း ၎င်း ကုမ္ပဏီမှထုတ်လုပ်လိုက်တဲ့ကုန်ကြမ်း ပစ္စည်းမှာ ရောဂါပိုး ပါဝင်သွားတာကို သိလျှင်သိချင်း လိုက်လံဖြေရှင်းမှုတွေ ကို ဆက်တိုက်ဆောင်ရွက်လျက်ရှိတယ် လို့ ဆိုပါတယ်။ဒါ့ပြင် မြန်မာနိုင်ငံကို တင်သွင်း လာတဲ့ ဒူးမက်စ်နို့မှုန့်များနဲ့ နို့နဲ့နို့ထွက် ကုန်ကြမ်း ပစ္စည်းများမှာလည်း အဲဒီ ရောဂါပိုးပါဝင်တဲ့ကုန်ကြမ်းပစ္စည်းတွေ နို့မှုန့်တွေ မပါဝင်သေးကြောင်းကိုလည်း သိရှိရပါတယ်။“နို့မှုန့်က အသုတ် (Batch) အလိုက်ထုတ်တာဖြစ်တဲ့အတွက်မြန်မာ နိုင်ငံကိုပို့တဲ့ ဒူးမက်စ် နို့မှုန့်ထုတ်တဲ့ Batch က အခုရောဂါပိုးပါတယ်ဆိုတဲ့ Batch မဟုတ်ပါဘူး။ အခုရောဂါပိုး ပါတယ်ဆိုတဲ့ Batch က ၂၀၁၃ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကနေ ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်ကြားမှာထုတ်တဲ့ နို့မှုန့်တွေမှာပဲပါတာပါ။ အဲဒါတွေ ကိုတော့ တရုတ်က အများဆုံးသွင်းတဲ့ အတွက် တရုတ်ကို အများဆုံးရောက် သွားတယ်လို့ ဆိုရမှာပါ။ တရုတ်မှာက ကလေးဦးရေများတဲ့အတွက်သူက အဲဒီ Batch အများဆုံး ရောက်တဲ့နေရာလို့ ပြောရမှာပါ”လို့ ဦးအောင်ခင်က ဆက် လက် ပြောကြားခဲ့ပါတယ်။ဒူးမက်စ် နို့မှုန့်တွေကို ထိုင်း၊ မလေးရှား၊ သြစတြေးလျ၊ တရုတ်၊ ဆော်ဒီအာရေးဗီးယား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သို့ဖွန်တားရားကုမ္ပဏီ မှအဓိက တင်ပို့ရောင်းချလျက်ရှိတယ် လို့  သိရပါတယ်။ အဲဒီနိုင်ငံတွေအနက် ထိုင်းနိုင်ငံက နို့မှုန့်ငါးမျိုးကို ဈေးကွက် အတွင်းမှ ပြန်လည် သိမ်းယူလျက်ရှိပြီး တရုတ်နိုင်ငံကတော့ဖွန်တားရားကုမ္ပဏီ ကိုလျော်ကြေး ဒေါ်လာသန်း ၁၈၀ တောင်းဆိုဖို့  ပြင်ဆင်နေတယ်လို့ နိုင်ငံ တကာမီဒီယာတွေကဖော်ပြကြပါတယ်။ဒါ့ပြင် ဖွန်တားရား ကုမ္ပဏီမှ နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများကို  တရားဝင်ကိုယ်စားလှယ်အဖြစ်တင်သွင်း လျှက်ရှိသည့် လမင်းတစ်ရာ ကုမ္ပဏီ လီမီတက်ကလည်း ဖွန်တားရားကုမ္ပဏီ မှ မြန်မာနိုင်ငံအတွက် တင်သွင်းလာ သည့် ကုန်ကြမ်းပစ္စည်းများသည်အရည် အသွေး ကောင်းမွန် စိတ်ချရကြောင်း သြဂုတ်လ ၈ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းကြေညာ ပေးခဲ့တယ်လို့ လမင်းတစ်ရာ ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းက ရှင်းလင်း ပြောကြားခဲ့ပါ တယ်။“ကျွန်တော်တို့ကုမ္ပဏီကဖွန်တား  ရားရဲ့ တရားဝင် ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် သြဂုတ်လ ၈ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကျွန်တော် တို့တင်သွင်းလာတဲ့ ကုန်ကြမ်းပစ္စည်း တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး စိတ်ချရတယ်ဆိုတာကို ထည့်သွင်းကြေ ညာပေးခဲ့ပါတယ်”“FDA ကလည်း ဒီကိစ္စကိုအား ကြိုးမာန်တက်ဆောင်ရွက်နေတယ်လို့ လည်း သိရပါတယ်။ ရောဂါပိုး ပါမပါ ဆိုတာက တစ်ပတ် ၁၀ရက်နေမှ သိရ တာဖြစ်တဲ့အတွက် အချိန်တစ်ခုတော့ စောင့်ရမှာပါ။ သေချာတာကတော့ ကျွန်တော်တို့နိုင်ငံကိုသွင်းလာတဲ့နို့မှုန့် အထူးသဖြင့် ဒူးမက်စ်နို့မှုန့်တွေမှာ ဒီ အန္တရာယ်ဖြစ်စေတဲ့ရောဂါပိုးမွှားတွေ မပါဘူး ဆိုတာကို ပြောချင်ပါတယ”လို့ ၎င်းင်းက ထပ်မံပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဒူးမက်စ်နို့မှုန့်ကို တရား ဝင်ဖြန့်ချိလျက်ရှိတဲ့ မိုအေးရှားကုမ္ပဏီ ကလည်း မြန်မာနိုင်ငံတွင်းမှာ ဖြန့်ချိ လျက်ရှိတဲ့ ဒူးမက်စ် နို့မှုန့်တွေ ဟာ အန္တရာယ်ကင်းရှင်းတယ်လို့သတင်းထုတ် ပြန်ခဲ့ပါတယ်။မိုအေးရှားကုမ္ပဏီရဲ့သတင်းထုတ် ပြန်ချက်မှာ “မြန်မာနိုင်ငံသို့တင်သွင်း လျက်ရှိသော ဒူးမက်စ် နို့မှုန့်များတွင် အန္တရာယ် ဖြစ်စေနိုင်သည့် Whey Protein Concentrate WPC80  ပါ ဝင်ခြင်းမရှိကြောင်း”လို့ ဖော်ပြထားတာ ကို တွေ့ရပါတယ်။အဲဒီ Whey Protein Conc-entrate WPC80  ကို ထုတ်လုပ်ရာမှာ ပိုက်လိုင်း ချို့ယွင်းမှုကြောင့် Clostr-idium botulinum  ဆိုတဲ့ ဘက်တီးရီး ယားပိုးပေါက်ဖွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးဟာ လေလုံခန်း များမှာ ပိုမိုပေါက်ဖွားမှု မြန်ဆန်တယ် လို့ ဆိုပါတယ်။ အဲဒီဘက်တီးရီးယားပိုး ပါဝင်တဲ့အစားအစာကို စားမိတဲ့ကလေး ငယ်တွေဟာ အစာအဆိပ်သင့်သကဲ့ သို့ ဖြစ်တတ်ခြင်း၊ သွက်ချာပါဒ လိုက် ခြင်း၊ လူစဉ်မမီသကဲ့သို့ ဖြစ်တတ်ခြင်း၊ ကုသမှုမရှိပါက အသက် ဆုံးရှုံးနိုင် သည်အထိ ဖြစ်တတ်ခြင်းစတဲ့ ဆိုးရွား တဲ့ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားလာနိုင်တယ် လို့ ဆရာဝန်တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ဖွန်တားရားကုမ္ပဏီအနေနဲ့ အဲဒီ ကုန်ကြမ်းပစ္စည်းကို တန်ချိန် ၁၀၀၀ ထုတ်လုပ်ထားတာဖြစ်ပြီး ကုမ္ပဏီရှစ်ခု ကို ရောင်းချထားတယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီရှစ်ခုအနက် ဒနုန်းကုမ္ပဏီ ဟာ အရှေ့တိုင်း ဆန္ဒမွန်ကုမ္ပဏီ လီမိ တက်မှ ဒူးမက်စ်နို့မှုန့်များမှာယူနေသည့် ကုမ္ပဏီဖြစ်နေပေမယ့် စိုးရိမ်စရာမရှိ ကြောင်းကိုလည်း အဲဒီကုမ္ပဏီက ဦး အောင်ခင်က ပြောကြားခဲ့ပါတယ်။“ဒီနှုန်းက ဒီကုန်ကြမ်းကို ဝယ်ပြီး ဒူးမက်စ်နို့မှုန့်ကို ထုတ်တယ်ဆိုပေမယ့်  ကျွန်တော်တို့ဆီကိုပို့တဲ့ Batch မှာ မပါ ပါဘူး။ ကျွန်တော်တို့နိုင်ငံက နို့မှုန့်စား သုံးမှုဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှား တို့နဲ့စာရင် အများကြီးနည်းပါတယ်။ အဲ ဒါကလည်းကျွန်တော်တို့အတွက်အများ  ကြီးခံသာတယ်လို့ ဆိုရမယ်”“နောက်သွင်းလာတဲ့ဟာတွေမှာ ပါလာရင်တော့ တားရမယ်။ ဝယ်ယူတဲ့ သူတွေ သတိထားရမှာက ဗူးရဲ့ အောက်ခြေမှာ ထုတ်လုပ်တဲ့နေ့စွဲကို ကြည့်ပြီးဝယ်ပါ။ ဧပြီလ ၂၉နဲ့ ဇွန်လ ၂၈ရက်ကြားမှာ ထုတ်တဲ့ဒူးမက်စ်ကို တွေ့ရင် မဝယ်ဖို့ လိုပါတယ်။ တွေ့ရင် လည်း အသိပေးဖို့လိုပါတယ်”လို့ ပြော ကြားခဲ့ပါတယ်။ဖွန်တားရားကုမ္ပဏီဟာ ကမ္ဘာမှာ နို့နဲ့နို့ထွက်ပစ္စည်းကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရာမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်တယ်လို့ ဆိုပါ တယ်။ “ဖွန်တားရားကုမ္ပဏီဟာ ကမ္ဘာ ပေါ်မှာ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုထုတ် လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ထုတ် လုပ်တဲ့ကုမ္ပဏီကြီးပါ။ ဒူးမက်စ်တို့ နက်စ်လေတို့ထုတ်တဲ့ကုမ္ပဏီကြီးတွေ ကတောင် သူ့ဆီကနေ ကုန်ကြမ်းတွေ ကို ဝယ်နေရတာ။ ဒူးမက်စ်ထုတ်တဲ့ ဒနုန်းဆိုရင် ဒူးမက်စ်တင်မဟုတ်ပါဘူး။ တစ်ခြား Brand တွေလည်း ထုတ်ပါ သေးတယ်”လို့ ဖွန်တားရားကုမ္ပဏီရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့လမင်း တစ်ရာကုမ္ပဏီမှ ဦးဇော်ဝင်းက ပြော ကြားခဲ့တာပါ။ဒီအဖြစ်အပျက်မှာ သုံးသပ်နိုင် တာကတော့ ဖွန်တားရားကုမ္ပဏီက တာဝန်သိသိနဲ့ တရုတ်ပြည်ကိုသွားပြီး သူရဲ့ နို့မှုန့်တွေမှာ ရောဂါဖြစ်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေပါဝင်နေကြောင်း ဝင်ခံခဲ့တဲ့ ကိစ္စပါ တရုတ်ပြည်ရဲ့ နာမည် ကျော်ကုန်ပစ္စည်းစစ်ဆေးတဲ့အဖွဲ့အစည်း AQSIQ တောင် ကြေညာတာမဟုတ် ပါဘူး။ ကာယကံရှင်က ဝန်ခံလို့ သိရ တာပါ။မည်သို့ပင်ဆိုစေ ကမ္ဘာ့နို့နှင့် နို့ ထွက်ပစ္စည်းဈေးကွက်မှာအရည်အသွေး စိတ်ချရပါတယ်လို့ နာမည်ကြီးတဲ့ ဖွန်တားရား ကုမ္ပဏီတောင် အရည် အသွေးပြဿနာ ရှိနေတယ်လို့ သိရ တာဟာ တုန်လှုပ်ဖွယ်ရာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး သတိထားဆင်ခြင်ဖွယ်ရာ ကတော့ မြန်မာနိုင်ငံအနေနဲ့ နို့မှုန့်ဆို တာ ကလေးငယ်တွေကို တိုက်ကျွေးဖို့ အဓိက တင်သွင်းရောင်းချတာဆိုတော့ နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အရည် အသွေးစစ်ဆေးတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ အချိန် ရောက်နေပြီ ဆိုတာပါပဲ။ ဖွန်တားရား လို မိမိရဲ့ ထုတ်ကုန်တွေ မသန့်ရှင်းတာ တွေပါနေပါပြီလို့ တာဝန်သိသိနဲ့ မကြေ ညာဘဲ ထုတ်လုပ်သူတွေ ဘယ်လောက် ရှိနေသလဲဆိုတာ ကျွန်တော်တို့ မသိ နိုင်ကြောင်းပါ။