ပြဿနာက ၂၀၁၃ ခုနှစ် သြဂုတ် ၃ ရက်မှာ စခဲ့ပါတယ်။ နယူးဇီလန် ကုမ္ပဏီကြီး ဖွန်တားရားကရောင်းချတဲ့ နို့စမ်းရည်အကြည်ပရိုတိန်းအနှစ်(Whey Protein Concentrate) တွေမှာ ဘိုကျူလစ်ဇစ် (Botulism) လို့ခေါ်တဲ့ အစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ဘက်တီး ရီးယားတွေပါနေတယ်ဆိုတဲ့ သတင်း တွေထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေ ကြောင့် ကုမ္ပဏီကို ပြည်တွင်းပြည်ပ က ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။
နို့ထွက်ပစ္စည်းက သြစတြေးလျ နိုင်ငံရဲ့ စုစုပေါင်း ပို့ကုန်ရဲ့ လေးပုံ တစ်ပုံကိုနေရာယူထားပြီး ရွှေဖြူအဖြစ် တင်စားခံရတဲ့ ပို့ကုန်အမယ်တစ်ခု ဖြစ် ပါတယ်။ ဒီပြဿနာကြောင့် အဓိက ဈေးကွက်ဖြစ်တဲ့တရုတ်နိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာဈေးကွက်ပျောက်သွား မှာကို စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
ပြဿနာကြောင့် နယူးဇီလန်၊ တရုတ်နဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ပေါင်း ၉ နိုင်ငံက ပစ္စည်းတွေကို ပြန် လည် သိမ်းယူခဲ့ရပါတယ်။ နို့မှုန့်မှာ ဓာတ်ကြွင်းပစ္စည်းတွေစွန်းထင်းမှုအတွက် ကမ္ဘာမှာ နို့ထွက်ပစ္စည်း တင်ပို့မှုကို ရှေ့ ဆောင်ကုမ္ပဏီဖြစ်တဲ့ ဖွန်တားရားက သြဂုတ် ၅ ရက်မှာ တောင်းပန်ခဲ့ပါ တယ်။ ဓာတ်ကြွင်း စွန်းထင်းမှုရှိတဲ့ နို့စမ်းရည်ကြည်အနှစ်ကို တရုတ်၊ မလေးရှားနဲ့ ဗီယက်နမ်၊ ထိုင်းနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကို ရောင်းထားတယ်လို့ ကုမ္ပဏီကပြော ပါတယ်။ ဒီနိုင်ငံတွေမှာ ကလေးနို့မှုန့်နဲ့ အားကစား ဖျော်ရည်အပါအဝင် ထုတ် ကုန်တွေ ထုတ်လုပ်ရာမှာ သုံးတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံးနို့ထွက် ကုမ္ပဏီကြီး ဖွန်တားရား (Fonterra Co-operative Group Limited) က နယူးဇီလန်ရှိ နို့ထွက်ပစ္စည်း သမဝါယမအဖွဲ့တွေ စုပေါင်းပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီး နယူးဇီလန်တောင်သူ ၁၀၆၀၀ နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကုမ္ပဏီ ရဲ့တင်ပို့မှုက ကမ္ဘာ့နို့ထွက်ပစ္စည်း တင်ပို့မှု စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ဝင်ငွေ နယူးဇီလန်ဒေါ်လာ ၁၉ ဒသမ ၈၇ ဘီလီယံရှိပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ကလေးနို့မှုန် အများစုမှာသုံးတဲ့ ထုတ်ကုန်တွေကို ဖွန်တားရားကပေးသွင်းပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံမှာရောင်းချတာက Sanlu ဆိုတဲ့ ကုန်အမှတ်တံဆိပ်နဲ့ ရောင်းချ တာ ဖြစ်ပါတယ်။ မယ်လမင်း ပါဝင်မှု ကြောင့် ၂၀၀၈ ခုနှစ်မှာ တရုတ်နို့မှုန့်နဲ့ ပြဿနာဖြစ်ပြီးနောက်ပိုင်း ပြည်တွင်း ဖြစ်နို့ထွက်ပစ္စည်းတွေကို လန့်နေတဲ့ တရုတ်လူမျိုးတွေက ဘေးအန္တရာယ် ကင်းရှင်းမှု နောက်ကြောင်း သမိုင်း ကောင်းခဲ့တဲ့ နယူးဇီလန်နို့မှုန့်ကို သဘောကျခဲ့ကြပါတယ်။
ဖွန်တားရားနဲ့ ပြဿနာနောက်ခံ ကုမ္ပဏီကို ပေးသွင်းတဲ့ နို့ထွက် ကုန်ကြမ်းတွေမှာဓာတ်ကြွင်း စွန်းထင်းမှု တွေ ပါဝင်နေတယ်ဆိုတဲ့ အစားအစာ ဘေးကင်းရေးနဲ့ပတ်သက်တဲ့ သတင်း ဆိုးထွက်ပေါ်ပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ် စက်တင်ဘာမှာတရုတ်နိုင်ငံကအကြီးဆုံး နို့ထွက်ပစ္စည်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shijia zhuang Sanhu Group ကုမ္ပဏီက ကလေးနို့မှုန့် တန် တစ် သောင်းကို ပြန်လည်သိမ်းယူခဲ့ပါတယ်။ ဒီပြဿနာကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာက စတင်ခဲ့ပေမဲ့၂၀၀၈ခုနှစ် စက်တင်ဘာလ မှာဖွန်တားရားကုမ္ပဏီက ကြေညာချက် ထုတ်ပြီးမှသာ ထုတ်လုပ်မှုကို ရပ်ဆိုင်း ခဲ့ပါတယ်။နောက်ပိုင်းမှာ နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီ ၂၂ ခုက ထုတ်လုပ်တဲ့ ကလေး နို့မှုန်တွေမှာ မယ်လမင်းပါတာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ယခုတစ်ကြိမ်စစ်ဆေးစမ်းသပ်မှု တွေ အရ နို့ထွက်ပစ္စည်းအချို့မှာဘိုကျူလစ်ဇင် ဆိုတဲ့ရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီး ရီးယားပိုးကို စစ်ဆေးတွေ့ ရှိတဲ့အတွက် နို့ထွက်ပစ္စည်းတန် တစ်ထောင် ကို ပြန်လည်သိမ်းယူခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်မှာ နယူးဇီလန် အာဏာပိုင်တွေ က ကြေညာခဲ့ပါတယ်။ ဘိုကျူလစ်ဇင်က လူသားတွေမှာ ဖြစ်ဖို့ခဲယဉ်းတဲ့ ရောဂါဖြစ်ပြီး ဖြစ်ရင် လည်း သွက်ချာပါဒ အကြောသေ ရောဂါ ဖြစ်တတ်ပါတယ်။ ကလေး တွေမှာ ဒီရောဂါဖြစ်တာကို ၁၉၇၆ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု ပြည်နယ် ၅၀ အနက် ၄၉ ခုမှာ ဖြစ်ပွားပါတယ်။ နောက်ပိုင်း မှာ ကမ္ဘာ့တိုက်ကြီး ၅ ခုမှာရှိတဲ့ ၂၆ နိုင်ငံကို ပျံ့နှံ့ခဲ့ပါတယ်။
ထိခိုက်မှုရှိတဲ့ကုမ္ပဏီများ ယခုတစ်ကြိမ် ဖြစ်ပွားရာမှာ စစ်ဆေးတွေ့ရှိချက်အရ နို့စမ်းရည် ပရိုတိန်းမက်ထရစ်တန် ၃၈ တန်မှာ ဓာတ်ကြွင်း ပါဝင်တာတွေ့ရကြောင်းနဲ့ ဒီ၁၈တန်ကိုနယူးဇီလန်နဲ့သြစတြေးလျ က ဖွန်တားရား စက်ရုံတွေမှာ အသုံးပြု တယ်လို့ကုမ္ပဏီရဲ့အမှုဆောင်အရာရှိ ချုပ် စပီးယားရင်းက ပြောပါတယ်။ နို့စမ်းရည်ကို ရောင်းချရာမှာ ကလေးနို့မှုန့်၊ ပရိုတိန်းပါတဲ့အချိုရည်၊ အားကစားအချိုရည်နဲ့ တခြားအဖျော် ရည် ထုတ်လုပ်သူတွေကို ရောင်းချတာ ဖြစ်ပါတယ်။ ပြန်လည်သိမ်းယူတဲ့ အချိန်မှာစားသုံးကုန်ပစ္စည်းထုတ် လုပ်သူ တွေကို ရောင်းချထားတဲ့ တန်ချိန် ၁၀၀၀ ရှိပြီးထုတ်လုပ်တဲ့အခါ တခြား ကုန်ကြမ်းတွေရဲ့ ရောနှော ထုတ်လုပ် တာ ဖြစ်ပါတယ်။ နောက်ထပ် အသစ် ထုတ်လုပ်တဲ့ပစ္စည်းတွေမှာ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ ပြင်သစ်ကုမ္ပဏီ Danone ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Dumex Baby Food Co.,Ltd ကသူတို့ထုတ်တဲ့ အသုတ် ၁၂ သုတ်မှာ ထိခိုက်မှုရှိတယ်။ ဒီအထဲက တစ်ဝက်ကို ကြိုတင် သိမ်းယူ ပြီးပြီ။ ကျန်တာတွေက စက်ရုံထဲမှာ ရှိနေသေးကြောင်းဒူးမက်စ်ကဖွန်တားရား ကို ပြောပါတယ်။ တခြားဘယ် ကုမ္ပဏီ တွေမှာ ထိခိုက်မှုရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကင်းလွတ်သူများ ဘက်တီးရီးယားပိုးတွေက ထုတ် လုပ်မှုနည်းစဉ်အတွင်းမှာ သေဆုံးမှာ ဖြစ်တဲ့အတွက် ကိုကာကိုလာကုမ္ပဏီ နဲ့တရုတ်အစားအစာကုမ္ပဏီဝါဟားဟား ကထုတ်လုပ်တဲ့ပစ္စည်းတွေကဘေးအန္တရာယ် ကင်းရှင်းနိုင်တယ်လို့ စပီယာရင်းက ပြောပါတယ်။ ဖွန်တာရာရဲ့ဖောက်သည်တစ်ဦးဖြစ် တဲ့ အော့ကလန် အခြေစိုက် Vitaco Health Group ကုမ္ပဏီကထုတ်လုပ်တဲ့ ပရိုတိန်းအချိုရည်တွေလည်း ထိခိုက်မှု မရှိပါဘူး။ တခြားDanone ရဲ့လက် အောက်ခံ ကုမ္ပဏီဖြစ်တဲ့ နျူထရီကာ က ကာရီကဲယား အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ပြီး တရုတ်မှာရောင်းတဲ့ ထုတ် ကုန်တွေမှာ နို့စမ်းအကြည်ပရိုတိန်း မပါဘူးလို့ သူကပြောပါတယ်။ တရုတ်နိုင်ငံမှာဒူးမက်စ်ကစမ်းသပ် တဲ့ ထုတ်ကုန်တွေမှာတော့ ပြဿနာ တစ်စုံတစ်ရာမတွေ့ရကြောင်းနဲ့ဖောက် သည် တွေဘက်က ကန့်ကွက်တိုင်တန်း မှုမရှိဘူးလို့စပီးယားရင်းကပြောပါတယ်။
နယူးဇီလန် အစိုးရရဲ့၏ အရေးယူ ဆောင်ရွက်မှုများ နယူးဇီလန်နိုင်ငံ ပို့ကုန်က နို့ထွက် ပစ္စည်းအပေါ်အကြီးအကျယ်မှီခိုနေရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကလေး နို့မှုန့်တွေ ပြန်သိမ်းရတဲ့ သတင်းက အစိုးရအတွက်စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ သြဂုတ်၉ရက်မှာကုန်ဆုံးတဲ့ရက်သတ္တပတ် စောစောပိုင်းက ဖွန်တားရားရဲ့ ထုတ် လုပ်မှုနည်းစဉ်ကို စစ်ဆေးဖို့အတွက် အရာရှိတွေကို စက်မှုဝန်ကြီးဌာန (Ministry of Primary Industries) ကစေလွှတ်ခဲ့ပါတယ်။ သြဂုတ် ၈ ရက် မှာဖွန်တားရားနဲ့စက်ရုံပေါင်း ၄၀ကျော် ကို စစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ခဲ့ ပါတယ်။ ပြည်တွင်းပြည်ပ နှစ်ခုစလုံးမှာရှိတဲ့ ဘေးအန္တရာယ်ရှိနိုင်မဲ့ နေရာအားလုံးရဲ့ သိုလှောင်ရုံတွေစစ်ဆေး ခဲ့ကြောင်း၊ဒီလို စစ်ဆေးရာမှာ ပြန်လည် သိမ်းယူ ထားသောပစ္စည်းများကို မစစ်ဆေးရ သေးကြောင်း ဝန်ကြီးဌာနက အတည် ပြုပြောကြားပါတယ်။ နယူးဇီလန်၊ ဟောင်ကောင်နဲ့ သြစတြေးလျမှာ ရှိတဲ့ ဂိုဒေါင်တွေမှာ နို့စမ်းရည် အကြည် ပရိုတိန်းအနှစ်ကိုနှစ်မျိုး စစ်ဆေးတွေ့ ရှိတယ်လို့ ယာယီညွှန်ကြားရေးမှူးချုပ် စကော့ဂါလာချာက ပြောပါတယ်။ နယူးဇီလန်မှာတော့ တင်ပို့ထား တဲ့ပစ္စည်းအချို့က သိုလှောင်ရုံတွေက ထုတ်သွားကြပြီလို့ အခြေအနေရှုပ် ထွေးမှုရှိကြောင်းနဲ့ ထိခိုက်မှုပစ္စည်း တွေကို စွန့်ပစ်ဖို့သို့မဟုတ် လက်လီ သမားတွေကိုပြန်အပ်ဖို့ မိဘတွေကို တိုက်တွန်းထားကြောင်း သူကပြော ပါတယ်။
တုံ့ပြန်မှုများနဲ့ အကျိုးသက်ရောက် မှုများ တရုတ်နိုင်ငံမှာ နိုင်ငံခြားဖြစ် နို့မှုန့်တွေက ပြည်တွင်းဖြစ်တွေထက် ကောင်းတယ်လို့ ယူဆကြတဲ့အတွက် မိဘအများစုကဒေါသတကြီးနဲ့တုံ့ပြန် ကြသလိုဝေခွဲမရစရာတွေ ဖြစ်ခဲ့ကြရပါ တယ်။ “ပြည်တွင်းဖြစ်တွေက သိပ်မ ကောင်းဘူး။ အခုတော့ နိုင်ငံခြားဖြစ် လည်း ထူးမခြားနားပါပဲ။ ဘာရွေးရမှန်း တောင်မသိတော့ပါဘူး” လို့ ရှန်ဟဲက ကလေးရဲ့အဖွားတစ်ဦးဖြစ်သူချန်ရှီကွမ်း ကပြောပါတယ်။ ဖွန်တားရားရဲ့အစားအစာ ဘေးကင်း ရေး စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးတာနဲ့ သူ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း နယ်သာလန်ဝန်ကြီးချုပ်က ဂျွန်ကီးကသြဂုတ်၁၀ရက်နေ့ကပြောပါ တယ်။ယခုအချိန်မှာတရုတ်စားသုံးသူတွေ ရဲ့ ယုံကြည်မှုတွေကို ထိန်းထားဖို့လို ကြောင်းလည်း သူကပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဒူးမက်စ်ထိုင်းလင်း ကုမ္ပဏီက ထုတ်ကုန်ငါးမျိုးကို ပြန်လည် သိမ်းယူခဲ့ပါတယ်။ ပြန်သိမ်းတဲ့ထုတ် ကုန်တွေက၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၂၈ ရက်အတွင်း ထုတ်ခဲ့တဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ ထိုင်းမှာ စစ်ဆေးတဲ့ထုတ်ကုန်တွေကို စေ့စေ့စပ်စပ်စစ်ဆေးတဲ့အခါဓာတ်ကြွင်း စွန်းထင်းတဲ့ ပစ္စည်း မတွေ့ရပါဘူး။ ဒါပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖွန်တားရားကအကြောင်းကြားတဲ့အတိုင်း ထုတ်ကုန်တွေ ပြန်သိမ်းခဲ့ပါတယ်။ စားသုံးဖို့ မသင့်တဲ့ထုတ်ကုန် တွေကို လည်း ဖော်ပြ ကြေညာပေးခဲ့ပါတယ်။ ယခုအချိန်ထိ ဖောက်သည်ကန့်ကွက် ချက်မရှိသေးပါဘူး။ တရုတ်နိုင်ငံကတော့ တချို့ထုတ် ကုန် တွေကို ယာယီရပ်ဆိုင်းခဲ့ကြောင်း၊ ရုရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့က ထိခိုက်မှုရှိတဲ့ ပစ္စည်းတွေကိုပြန်သိမ်း ခဲ့ကြောင်းနဲ့ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူ၊ သြစတြေးလျ၊ ဆော်ဒီ အာရေးဗီးယား၊ ဟောင်ကောင်တို့က အခြေအနေကို စောင့်ကြည့်နေကြောင်း နယူးဇီလန် ကုန်သွယ်ရေးဝန်ကြီး
တင်ဂရိုစာ က ပြောပါတယ်။ တန်ပြန်အကျိုးသက်ရောက်မှု ဖွန်တားရားရဲ့ ကြီးမားစွာ လွှမ်းမိုး နိုင်စွမ်းရှိတဲ့ စွမ်းအားမှာ ယခုကိစ္စက အဓိကပျော့ကွက်ကြီး (Achilles Heel) ဖြစ်လာကြောင်းဘလွမ်းဘတ်က တင်စားသုံးနှုန်းခဲ့ပါတယ်။ ယခု အဖြစ် အပျက်နဲ့ပတ်သက်ပြီး ပထမဆုံးအစမ်း သပ်ခံ ရ မှာက ကမ္ဘာ့နို့လေလံပွဲ (Glo-balDairyTrade) မှာ ဖြစ်ပါတယ်။ ဒီလေလံပွဲမှာ ခေါင်ဈေးကိုခေါ်နိုင်ဖို့ အတွက် နယူးဇီလန် ဖွန်တားရား သမ ဝါယမရဲ့ ခွန်အားကို ယုတ်လျော့စေခဲ့ ပါတယ်။ ကြိုရောင်းကြိုဝယ် ဈေးကွက် တစ်ခုမှာ အောက်တိုဘာ အတွက် အဆီမပါတဲ့ နို့မှုန့်ဈေးက လွန်ခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်က လေလံပွဲမှာ အမေရိကန်အခြေစိုက် DairyAmerica နဲ့ ပရီမီယံခြင်းယှဉ်တဲ့အခါ ၂၀ ရာခိုင် နှုန်းကွာခြားတာက နေ၁၄ရာခိုင်နှုန်း သာ ကွာခြားမှုရှိခဲ့ပါတယ်။ လေလံပွဲမှာ တခြားပါဝင်တဲ့ ကုမ္ပဏီတွေက ဥရောပ အခြေစိုက် Airla Foods နဲ့သြစတြေးလျ မှ Murray Goulburn Co-operative ၊အိန္ဒိယက Annul စတဲ့ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နို့ထွက်ပစ္စည်းဈေးတွေက ဖွန်တာရားရဲ့ ကြေညာချက် ထွက်ပြီး နောက်ပိုင်းဝေဖန်ဆန်းစစ်သူတွေအများ စုခန့်မှန်းသလောက်မကျဆင်းခဲ့ပါဘူး။ နယူးဇီလန်မှာ ယခုနှစ်အတွင်း ပူပြင်း ခြောက်သွေ့မှုဖြစ်ခဲ့တဲ့အတွက် ယခင် နှစ်နဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းက ၇၁ ဒသမ ၅ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ပါတယ်။ ဈေးနှုန်းအခြေအနေက ဖွန်တားရားရဲ့ ထုတ်ကုန်အချို့ကို ပိတ်ပင်ထားတာကို တရုတ်နိုင်ငံက ဘယ်လောက်မြန်မြန် ရုပ်သိမ်းမလဲဆိုတာနဲ့ နယူးဇီလန်ရဲ့ ကုန်သွယ်ဖက်တွေကသွင်းကုန်ကန့်သတ် ချက်တွေ ဘယ်တော့လျှော့ပေးမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ပဲရစ်မြို့မှာ Danone ရှယ်ယာတွေရဲ့ တန်ဖိုးက သြဂုတ် ၅ ရက်မှာ ၁ ရာခိုင်နှုန်းကျော် ကျဆင်းပါတယ်။
ပြန်လည်သိမ်းဆည်းမှုအခြေအနေ ကုမ္ပဏီရဲ့ နို့စမ်းပရိုတိန်းအနှစ်နဲ့ ပြုလုပ်ထားတဲ့ နို့မှုန့်ကြောင့်ဖြစ်လာမဲ့ အန္တရာယ်ကအဆုံးသတ်သွားပြီးဖြစ်ကြောင်း ဖွန်တားရားအမှုဆောင်အရာရှိချုပ် သီအိုစပီယာရင်းက သြဂုတ် ၇ ရက်က ပြောပါတယ်။ စားသုံးသူတွေအတွက် အန္တရာယ်မရှိတော့ပါဘူးလို့အော့ကလန် မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခုနစ်နိုင်ငံမှာ ရောင်းချခဲ့တာ ကလေးနို့မှုန့်၊ အားကစားအချိုရည်ရဲ့ တခြားထုတ်ကုန် တန်ရာနဲ့ချီပြီးဆေးကြွင်း တွေပါနိုင်တယ်လို့ ကုမ္ပဏီက ပြောပါ တယ်။ဒါပေမဲ့ အဖျော်ရည်ထုတ်လုပ်သူ တွေက သူတို့ထုတ်လုပ်မှုနည်းစဉ် အရ ဘက်တီးရီးယားတွေကို သေစေနိုင် တာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ကလေးနို့မှုန့်တွေကိုသာ ကန့်သတ်ပြီး ပြန်သိမ်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ဆော်ဒီအားရေးဗီးယား အပါအဝင် နိုင်ငံ အများအပြားမှာ ဖြန့်ဖြူး တင်ပို့ထားတဲ့ ထုတ်ကုန်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပြန်လည် သိမ်း ယူပြီး ပြီဖြစ်ကြောင်း ကျန်စာရင်းတွေကို ဖွန် တားရားရဲ့ မှတ်တမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးနေတယ်လို့ ကုန်သွယ်ရေး ဝန်ကြီး တင်ဂရိုစာက ပြောပါတယ်။