Main menu

Background

ပြောင်းတင်ပို့မှု ပိုမိုနေတဲ့ နယ်စပ်စခန်းများ

Wed, 08/14/2013 - 15:17 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၅၁၆၂ တန်ကျော်ကို ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်တာကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။

စခန်းအလိုက်တင်ပို့မှုတွေကတော့  မူဆယ်မှ ၉၇၂၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၅၂၁၉ တန်ကျော်နဲ့လွယ်ဂျယ်မှ တန် ၂၂၀ အသီးသီးတင်ပို့ခဲ့ကြပါတယ်။ ယခင်အပတ်က မူဆယ်မှ ၉၂၇၃ တန် ကျော်၊ ချင်းရွှေဟော်မှ ၂၉၄၀ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၅၃၆ တန်ကျော် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်ပြောင်းတင်ပို့မှု ၂၄၁၃ တန်ကျော် တင်ပို့မှုပိုမိုလာပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သရက်ပင်စုကျေးရွာမှ စိုက်ပျိုး ထွက်ရှိတဲ့ ထိုင်ဝမ်ပြောင်းဖူးများကို ရာသီပေါ်သစ်သီး ရောင်းဝယ်ရေး လုပ်ငန်းပွဲရုံကြီးများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများကိုစမ်းသပ် တင်ပို့ရောင်းချခဲ့ရာ ပြည်ပနိုင်ငံများမှ အဝယ်လိုက်၍အကြိုက်ပိုခဲ့တယ်လို့သိရပါ တယ်။ နှစ်နိုင်ငံ ပြောင်းဈေးများကိုကြည့်လျှင် ယခင်အပတ်ကထက် အနည်းငယ်မြင့် တက်လာ တာတွေ့ရပါတယ် -
 
ပြောင်း
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု            ယခင်     ပြောင်းလဲမှု    %     ယခု    ယခင်    ပြောင်းလဲမှု    % ၃၄၉၉၂၁    ၃၄၈၁၁၈     ၁၈၃၀       ၀ .၅    ၃၆၉    ၃၆၇          ၂           ၀ .၅မော်မော်အောင်၊MIRT (DCCA)