Main menu

Background

ဝယ်လိုအားနည်းပြီး ရောင်းလိုအားများလာသဖြင့် ရော်ဘာဈေးနှုန်းများ အားနည်းလာ

Wed, 08/14/2013 - 15:22 -- ydnar

ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ရော်ဘာဝယ်လိုအား ကျ ဆင်းခြင်းနဲ့ တရုတ်ပြည်တွင်းရော်ဘာ သိုလှောင်မှုပမာဏမြင့်မားနေမှုတို့ကြောင့် ကမ္ဘာ့ ရော်ဘာဈေးနှုန်းများ အားနည်း နေတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ ကမ္ဘာ့ ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံး ထိုင်းနိုင်ငံရဲ့ မှိုင်းခံရော်ဘာအဆင့် - ၅ (RSS-5) ဈေးနှုန်းက တစ်တန်ကို ၂၄၉၁ ဒသမ ၅၀ ဒေါ်လာသာရှိရာ ဇူလိုင်လ ၁၈ ရက်နေ့က ဈေးနှုန်းဖြစ်တဲ့ ၂၅၂၂ ဒေါ်လာထက် တစ်တန်ကို ၃၀ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာတယ်။

၎င်း ကာလအတွင်း မလေးရှားရော်ဘာ SMR -20 (Standard Malaysia Rubber)  ကလည်း တစ်တန်ကို ၂၄ ဒေါ်လာဈေးကျလာတယ်။ နှစ်ပေါင်း များစွာ ပိုလျှံလာခဲ့တဲ့ ရောင်းလိုအား ပမာဏကြောင့် စင်္ကာပူဈေးကွက်မှာ လည်းဇူလိုင်လနှောင်းပိုင်း ရော်ဘာဈေး နှုန်းများကျဆင်းလာရာ ၂၀၀၉ ခုနှစ် ဆောင်းဦးနောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာတယ်လို့ သိရတယ်။ ရော်ဘာဈေးနှုန်းများအားကောင်း ခဲ့စဉ်က အပင်သစ်များတိုးချဲ့ စိုက်ပျိုး ခဲ့ကြခြင်း၏ အကျိုးဆက်ကြောင့် ရော်ဘာစေးအထွက်နှုန်းနဲ့ ရော်ဘာ ထုတ်လုပ်မှုနှုန်းမြင့်မားလာပြီး ရောင်းလို အားပါမြင့်မားလာခြင်းကလက်ရှိကာလ ဈေးနှုန်းများအပေါ်ဖိအားဖြစ်စေတယ်။ ယင်းသို့ရောင်းလိုအားမြင့်မားနေချိန်မှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေး ကွေးခြင်းကြောင့် ကုန်စည်ဝယ်လိုအား ကိုပါ ကျဆင်းစေသဖြင့် ရော်ဘာ ဝယ် လိုအားပါ ကျဆင်းလာခြင်းက ဈေးနှုန်း ကို ပိုမိုအားနည်းစေတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေး ကွေး နေသည်သာမက အမေရိကန်နိုင်ငံ စီးပွားရေး တိုးတက်မှုလည်း နှေးကွေး နေခြင်း၊ ယူရိုဇုန်အနေနဲ့လည်း ကြွေးမြီ အကျပ်အတည်းမှ အပြီးတိုင် လွတ် မြောက်မှု မရှိသေးခြင်းတို့က ကုန်စည် များ ဝယ်လိုအားအတွက် အားရဖွယ် မရှိသေးကြောင်း သုတေသီများက သုံး သပ်ကြတယ်။              ပပ