Main menu

Background

စူဇူကီးကားကုမ္ပဏီ အင်ဒိုနီးရှားမှာ ကားစက်ရုံတည်ထောင်မည်

Wed, 08/14/2013 - 15:27 -- ydnar

တိုကျို၊ ဂျပန် စူဇူကီး ကားကုမ္ပဏီ ဟာ အင်ဒိုနီးရှားနိုင်ငံမှာ စူဇူကီးကား စက်ရုံအား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်(ယန်း၁၀၀ဘီလီယံ) ဖိုးတည်သွားမယ်၊အာရှနိုင်ငံများအတွင်း ထပ်မံတိုးချဲ့သွားမယ် လို့ဇူလိုင်လနောက် ဆုံးပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကားအသေးထုတ်လုပ်မှုအတွက် ကန်ဒေါ်လာ သန်း ၆၁၀ ကျော် (ယန်း ၆၀ ဘီလီယံ) နဲ့ အင်ဂျင်စက်ရုံ တည်ရန် ကန်ဒေါ်လာ သန်း ၄၀၀ ကျော် (ယန်း ၄၀ ဘီလီယံ) ရင်းနှီးမြှုပ်နှံပြီး ခရီးသည်တင်ယာဉ်များ၊ ဆီစား သက် သာတဲ့အင်ဂျင်များထုတ်လုပ်ပြီးယာဉ် အချော ထည်များထုတ်လုပ်သွားမယ် လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှစပြီး စူဇူကီးကုမ္ပဏီ ဟာ အင်ဒိုနီးရှား မှာနှစ်စဉ်ယာဉ်စီးရေ တစ်သိန်းခွဲမှ နှစ်သိန်းထိထုတ် လုပ်ပြီး အရှေ့တောင်အာရှရဲ့ ယာဉ်ထုတ်လုပ် ရာအချက်အချာဖြစ်စေရန် ရည်ရွယ် ထားတယ်လို့သတင်းစာ များမှာဖော်ပြ ထား ပါတယ်။ ဂျပန်ကားထုတ်လုပ်သူ များဟာလုပ်သားခသက်သာပြီးအလယ် အလတ်တန်းလူတန်း စားများရဲ့ဈေးကွက် ကိုအဓိကရည်ရွယ်ပြီး ၎င်းင်းတို့ရဲ့ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများကို ယခုကဲ့ သို့ အရှေ့တောင်အာရှနိုင်ငံများသို့ တိုးချဲ့လာတာဖြစ်ပါတယ်။ ဂျပန်မပါဘဲ ကျန်အာရှနိုင်ငံများမှာ စူဇူကီးကုမ္ပဏီ ဟာ ယခုဘဏ္ဍာနှစ်မှာ ယာဉ်စီးရေ ၂ ဒသမ၈၈သန်းထုတ်လုပ်သွားရန်ရည်မှန်း ထားတယ်လို့ သိရပါတယ်။  CMK