Main menu

Background

မန္တလေး လယ်ယာမြေ အများစု တရုတ်များဝယ်

Wed, 08/14/2013 - 15:28 -- ydnar

ယခုလမှာ မန္တလေးမြို့ရှိ လူနေ စိပ်တဲ့အိမ်ခြံမြေများအရောင်းအဝယ် ပြန်ဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုး ဆောင်အချို့ထံမှသိရပါတယ်။ မန္တလေး မြို့တွင်းရောမြို့သစ်ပါလူနေစိပ်တဲ့အိမ်မြေ များမှာ ခေါ်ဈေးနဲ့ အရောင်းအဝယ်ပြန် ဖြစ်လာတယ်လို့ ၇၂ လမ်း၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရပါတယ်။ “လူနေရပ်ကွက်မှာ အရောင်းအဝယ် ပြန် ဖြစ်နေတာ တစ်လလောက်ရှိပြီ။ ယခုရက်မှာ ရဲမွန်တောင်၊ မဟာမြိုင်၊ တ၊ဏ၊

အကွက်တွေခပ်ပါးပါးအရောင်း အဝယ်ဖြစ်တယ်။ဝါတွင်းကာလပေမယ့် အရောင်းအဝယ်ဖြစ်ပြီး၊ အငှားဈေး ကွက်က ခပ်အေးအေးပြန်ဖြစ်နေတယ်။ လုံးဝမငှားရတာတော့မဟုတ်ဘူးပေါ့။ ကျွဲဆည်ကန်ဘက်လည်းအရောင်းအဝယ် ရှိတယ်။အရင်တုန်းကဆိုအရောင်း အဝယ်မဖြစ်လို့ ကျပ်သိန်း ၁၀၀၀ တန်တဲ့အတွက် အကွက်က ကျပ်သိန်း ၉၅၀ ဈေးမရဘဲ ကျပ်သိန်း ၈၅၀ လောက်ဘဲဈေးရတာ။ ယခုရောင်းတာ ကျပ်သိန်း ၁၂၀၀ ရောင်းလို့ရတယ် ” လို့ မြို့တွင်းရှိ ဝါရင်အိမ်ခြံမြေ အကျိုး ဆောင်တစ်ဦးက ပြောပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ် ပြု လုပ်ရာမှာ ဝယ်ရောင်းသမားအများစုမှ ဝယ်ယူမှုရှိပြီး၊ အမှန်တကယ်နေထိုင်ဖို့ အတွက် ဝယ်ယူမှုနည်းကြောင်း၊ လူနေ ရပ်ကွက်များသာမက မန္တလေး မြို့စွန် နယ်နိမိတ်ရှိ လယ်ယာမြေအကွက် များ လည်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ “ မန္တလေးနီးစပ်က လယ်တွေ တော်တော်များများ ဝယ်ယူမှုများလို့ ကုန်သလောက်ရှိနေပါပြီ။ အရောင်း အဝယ်ဖြစ်တာ တော်တော်လေး ကြာ နေပြီ။ မန္တလေးမြို့အရှေ့ဘက်မှာ လက် ကောင်း၊ ကျောက်မီကစလို့ ကျွဲနဖား တောင်ခြေထိ အရောင်းအဝယ်ဖြစ် နေတယ်။ မန္တလေးတောင်ဘက်ဆို တံတားဦးကစပြီး၊ အရောင်းအဝယ် ဖြစ် တာဘဲ။ မြောက်ဘက်က စကျင်ကွေ့ မတ္တရာလမ်းဘက်ဘဲ အရောင်းအဝယ် အေးနေတာ။ လယ်ယာ မြေဝယ်တဲ့သူ အများစုကလည်း တရုတ်တွေဘဲ ဝယ် ယူကြတာ။မန္တလေးက ဒေသခံတရုတ် တွေ ကနေတဆင့် ဝယ်ယူမှုရှိတယ်” လို့မြို့သစ်ရှိအိမ်ခြံမြေ အကျိုးဆောင်က ပြောပါတယ်။ လယ်ယာမြေဈေးနှုန်းများမှာ မြို့အနီးအဝေးနဲ့နေရာအကွက် အကွင်း ကျမှု၊ လမ်းသာမှုပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိကြောင်း၊ ကျွန်းဖား တောင်ခြေမှာဟိုတယ်လုပ်ငန်းလုပ်ကိုင် ဖို့ မြေဝယ်ယူမှုများလည်း ရှိနေကြောင်း သိရပါတယ်။       ဇူးဇူး - မန္တလေး