Main menu

Background

ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှင့် စပါးဈေး မည်သို့ ပြောင်းလဲလာသနည်း

Wed, 09/25/2013 - 14:07 -- ydnar

မြန်မာနိုင်ငံတွင်၊ ဆန်စပါးလုပ်ငန်းကို၊ အစိုးရက နိုင်ငံပိုင်လုပ်ငန်းအဖြစ်၁၉၆၃ ခုနှစ်ဒီဇင်ဘာလ  ကသတ်မှတ်ခဲ့ပြီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဆန်တင်ပို့ရောင်းချခွင့်မရှိတော့ပါ။ နိုင်ငံတော်မှသာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဆိုရှယ်လစ်ခေတ်ကာလတလျှောက်လုံးတွင် စပါးစိုက်ပျိုးသူထံမှ စပါးကို ဈေးကွက်တွင်ဖြစ်ပေါ်သောဈေးအောက်လျှော့၍ ဝယ်ယူခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကိို အရှုံးခံဈေးနူန်းဖြင့် ဖြန့်ဖြူးခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ပသို့ဆန်တင်ပို့ ရောင်းချခြင်းကို နိုင်ငံတော်ပိုင်းမှသာ တာဝန်ယူဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ပိုင်းမှ တာဝန်ယူ ဆောင်ရွက်သည့် ကာလတွင် စပါးတင်း၁၀၀(၄၆၀၀ ပေါင် သို့မဟုတ် ၂ ဒသမ ၀၉ မက်ထရစ်တန်) ဝယ်ဈေးကို လေ့လာ နိုင်ပါရန် အောက်တွင် စုစည်းဖော်ပြထားပါသည်။

ဆိုရှယ်လစ် ခေတ်ကာလတွင်၊ နိုင်ငံတော်အစိုးရ၏ စပါး တင်း၁၀၀ ဝယ်ဈေးသတ်မှတ်ချက် (၁၉၆၂-၁၉၆၃ မှ ၁၉၈၆-၁၉၈၇) ၁၉၆၄-၆၅    ၁၉၆၇-၆၈            ၁၉၇၄-၇၅     ၁၉၇၇-၇၈    ၁၉၈၀-၈၁ စပါး အုပ်စု    ၁၉၆၂-၆၃    ၁၉၆၃-၆၄    မှ    မှ     ၁၉၇၂-၇၃    ၁၉၇၃-၇၄    မှ    မှ    မှ ၁၉၆၅-၆၆    ၁၉၇၁-၇၂            ၁၉၇၆-၇၇    ၁၉၇၉-၈၀    ၁၉၈၆-၈၇ စပါးတင်း ၁၀၀(၄၆၀၀ ပေါင်) ဝယ်ဈေး = ကျပ် ဧည့်မထ    ၃၂၀-၃၅၀    ၃၃၀-၃၈၀    ၃၃၀-၃၆၅    ၃၇၈-၄၀၈    ၄၄၈    ၆၃၄-၆၆၄    ၉၀၀-၉၃၀    ၉၅၅-၁၀၃၅    ၉၅၅-၁၁၂၅ ငစိန်    ၃၀၀-၃၃၀    ၃၁၀-၃၆၀    ၃၁၀-၃၄၅    ၃၅၈-၃၇၈    ၄၂၅    ၆၀၀-၆၂၀    ၉၄၀-၉၇၀    ၉၀၀-၉၇၀    ၉၀၀-၁၀၆၀ မီးဒုံး    ၃၁၅-၃၄၅    ၃၂၅-၃၇၅    ၃၂၅-၃၆၀    ၃၇၃-၃၉၃    ၄၄၂    ၆၂၅-၆၄၅    ၉၅၅-၉၉၅    ၉၄၀-၁၀၁၀    ၉၄၀-၁၀၆၀ ငကျွဲ    ၃၇၅-၄၁၅    ၃၈၅-၄၄၀    ၃၈၅-၄၂၅    ၄၃၃-၄၅၈    ၅၁၄    ၇၂၆-၇၅၁    ၁၀၉၀-၁၁၂၀    ၁၀၉၀-၁၁၆၀    ၁၀၉၀-၁၃၀၀ ကောက်ညှင်း    ၂၉၀-၃၃၅    ၃၀၀-၃၆၀    ၃၀၀-၃၄၅    ၃၄၈-၃၇၈    ၄၁၃    ၅၈၄-၆၀၄    ၈၇၅-၉၀၅    ၉၀၀-၉၇၀    ၉၀၀-၁၀၆၀ အထူး     -    ၃၅၀-၃၉၀    ၃၅၀-၃၉၀    -    -    -    -    -    - အထူးဧည့်မထ    -    -    -    -       -    -    -    -    ၁၀၃၅-၁၂၂၀ ှSource: Study on the changes of rice production in Myanmar (Kyaw Myint), Sep.1999, Paddy purchase price complied from Report to the Pythiu Hluttaw in Socialist Government era.  လယ်သမားများသည် မိမိတို့စိုက်ပျိုးထွက်ရှိသော စပါးတင်း ၁၀၀ ဈေးကို ရွှေ ၁ကျပ်သားဈေး ဖြင့်တိုင်းတာခဲ့ကြသည်။စပါးပေါ်လျှင် ရောင်းချ၍ ရွှေဝယ်ယူစုဆောင်းကြသည်။ စပါးစိုက်ချိန်တွင် ငွေကြေး လိုအပ်ပါက၊ မိမိတွင်ရှိသောရွှေကို အာမခံအဖြစ်ထား၍ငွေချေးငှားပြီး လုပ်ငန်းဆောင် ရွက် ကြသည်။ အချို့သောလယ်သမားများက၊ ရွှေမနေ အတိုးတက်ဟူ၍လည်း မိမိတို့ဖြစ်ရပ်ကို ပြောဆို ကြပြန်သည်။ မိမိတို့ဝယ်ယူထားသောရွှေကို ငွေလိုအပ်ချက်အရ ပေါင်နှံ ငွေချေးယူရသဖြင့်၊ မိမိပိုင် သောရွှေ မိမိလက်ဝယ်မရှိဘဲ အတိုးပေးရသဖြင်၊ ရွှေမနေ အတိုးတက်သည် အခြေအနေကို ပြောဆို ခြင်းဖြစ်ပါသည်။အချို့သောလယ်သမားများက၊ ရွှေရှိလျှင် ငွေရှိသည်ဟု ပြောဆိုကြပါသည်။ ရွှေသည် ပေါင်နှံကလည်းကောင်း၊
ရောင်းချကလည်းကောင်း လွယ်ကူသဖြင့်၊  ရွှေ ရှိလျှင် ငွေရှိသည်ဟု ပြောဆိုကြ ခြင်း ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဆန်စပါးလုပ်ငန်းကို ပုဂ္ဂလိကမှ လွပ်လပ်စွာဆောင်ရွက်ခွင့်ပြုခဲ့ပြီး၊ ဆန် တင်ပို့ရောင်းချခြင်းကို၊ ပုဂ္ဂလိကမှ ဆောင်ရွက်သည့် မူဝါဒကို နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံးခဲ့သည်။ ပြည်ပတင်ပို့ရောင်းချရသည့် ဈေးပေါ်အခြေခံ၍ စပါးဝယ်ယူခြင်း၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းကို ပုဂ္ဂလိကမှ ဆောင်ရွက်ကြသည်။ စပါးစိုက်လယ်သမားများသည်  စပါးတင်း၁၀၀ ရောင်းလျှင် ယခင်ကာလများက၊ ရွှေ ၁ကျပ်သား ရခဲ့သည်။ ယခုအခါ၊ စပါးဈေးသည်ရွှေ ၁ကျပ်သားနှင့်ညီမျှသလား မေးခွန်းပင် ဖြစ်ပါသည်။ ရွှေ ဈေး သည်သိသိသာသာ မြင့်လာသည်။ ရွှေဈေးမြင့်လာခြင်းသည်၊ ကမ္ဘာ့ရွှေဈေးမြင့်လာခြင်း အဓိက အကြောင်းရင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေး မည်သည့်အတွက်ကြောင့် ဈေးမြင့်လာသနည်း မေးခွန်း ဖြစ်ပေါ် လာပါသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး အခက်အခဲများကြောင့်၊ ကန်ဒေါ်လာ ခိုင်မာမှု အားပျော့ လာပါသည်။ ထိုအခါရင်းနှီးမြုပ်နှံသူများသည် ရွှေကိုအဓိကဝယ်ယူစုဆောင်းမှုကြောင့်၊ ကမ္ဘာ့ ရွှေဈေး မြင့်လာပြီး ဒေါ်လာတန်ဖိုး ကျဆင်း လာပါသည်။ ကမ္ဘာ့ ရွှေဈေးကွက်တွင် ရွှေဈေး ပြောင်းလဲမှုကို နေ့စဉ်ဈေးပေါ် အခြေခံ၍ နေ့စဉ်ဈေးများကို၊ လအလိုက် ပျမ်းမျှဈေးအဖြစ်တွက်ချက်၍ အောက်တွင် စုစည်းဖော်ပြထားပါသည်။ ကမ္ဘာ့ရွှေဈေးလအလိုက် ပြောင်းလဲမှု (၂၀၀၇မှ ၂၀၁၃ ထိ) လအမည်        ၂၀၀၇    ၂၀၀၈    ၂၀၀၉    ၂၀၁၀    ၂၀၁၁    ၂၀၁၂    ၂၀၁၃ ရွှေ ၁ အောင်စနှင် ညီမျှသော ကန်ဒေါ်လာ ဇန်နဝါရီ        ၆၃၂    ၈၈၆    ၈၅၇    ၁၁၂၀    ၁၃၆၃    ၁၆၅၆    ၁၆၇၃ ဖေဖေါ်ဝါရီ        ၆၆၅    ၉၂၄    ၉၃၉    ၁၀၉၆    ၁၃၇၂    ၁၇၄၃    ၁၆၃၃ မတ်        ၆၅၇    ၉၃၇    ၉၂၆    ၁၁၁၆    ၁၄၂၃    ၁၆၇၅    ၁၅၉၁ ဧပြီ        ၆၈၀    ၈၈၂    ၈၉၃    ၁၁၄၈    ၁၄၈၁    ၁၆၄၇    ၁၄၉၁ မေ        ၆၇၀    ၈၈၅    ၉၂၈    ၁၂၀၄    ၁၅၁၄    ၁၅၈၅    ၁၄၁၇ ဇွန်        ၆၅၇    ၈၉၆    ၉၄၈    ၁၂၃၃    ၁၅၂၉    ၁၅၉၈    ၁၃၄၃ ဇူလိုင်        ၆၆၅    ၉၄၀    ၉၃၄    ၁၁၉၆    ၁၅၆၉    ၁၅၉၃    ၁၂၈၅ သြဂုတ်        ၆၆၅    ၈၅၂    ၉၅၀    ၁၂၁၃    ၁၇၆၂    ၁၆၂၆    ၁၃၄၈ စက်တင်ဘာ        ၇၁၁    ၈၃၃    ၉၉၆    ၁၂၇၂    ၁၇၈၁    ၁၇၄၂    - အောက်တိုဘာ        ၇၅၇    ၈၁၈    ၁၀၄၄    ၁၃၄၅    ၁၆၆၈    ၁၇၄၈    - နိုဝင်ဘာ        ၈၀၇    ၇၅၇    ၁၁၂၇    ၁၃၇၂    ၁၇၃၆    ၁၇၂၄    - ဒီဇင်ဘာ        ၈၁၀    ၈၂၆    ၁၁၃၅    ၁၃၉၄    ၁၆၄၈    ၁၆၈၇    - ပျှမ်းမျှ        ၆၉၈    ၈၇၀    ၉၇၃    ၁၂၂၆    ၁၅၇၁    ၁၆၆၉    ၁၄၇၃ဇာစ်မြစ်-www.kitco.com. နှင့် www.etrademyanmar.net ဇန်နဝါရီလမှ သြဂုတ်လထိ ပျှမ်းမျှဈေးဖြစ်ပါသည်။ ကမ္ဘာ့ရွှေဈေးပြောင်းလဲမှုကိုလေ့လာပါက၊ ၂၀၀၇ ခုနှစ်တွင် ရွှေ ၁ အောင်စနှင် ညီမျှသော ကန် ဒေါ်လာမှာ ၆၉၈ ဖြစ်ခဲ့ရာမှ၊  ကမ္ဘာ့ရွှေဈေးသည် ဆက်တိုက်မြင့်လာခဲ့သည်။  ၂၀၁၀ ခုနှစ်တွင် ကန် ဒေါ်လာ ၁၂၂၆ ဖြစ်လာသည်။ ၂၀၁၁  ခုနှစ်တွင် ကန်ဒေါ်လာ ၁၅၇၁၊ ၂၀၁၂  ခုနှစ်တွင် ကန်ဒေါ်လာ ၁၆၆၉ ထိ ဖြစ်လာခဲ့သည်။၂၀၁၂ ခုနှစ်ရွှေဈေးသည်၊၂၀၀၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၊ နှစ်ဆကျော် ဈေး မြင့်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးပြောင်းလဲမှုကြောင့် မြန်မာ့ရွှေဈေးပါပြောင်းလဲလာခဲ့သည်။  လအမည်     ၂၀၁၀    ၂၀၁၁    ၂၀၁၂    ၂၀၁၃ ရန်ကုန်မြို့ နံနက်ပိုင်း ၁၂း၀၀ နာရီတွင်ဖြစ်ပေါ်သည့် အကယ်ဒမီ ရွှေ ၁ကျပ်သား လအလိုက်ပျမ်းမျှဈေး (ကျပ်) ဇန်နဝါရီ    ၆၀၅၀၇၂    ၆၃၃၉၀၄    ၇၁၃၇၇၂    ၇၆၄၇၉၆ ဖေဖေါ်ဝါရီ    ၅၉၆၆၃၆    ၆၅၁၇၁၃    ၇၄၂၆၇၂    ၇၅၂၈၀၉ မတ်    ၅၉၆၄၉၂    ၆၆၉၈၄၄    ၇၂၉၄၀၀    ၇၄၃၆၃၉ ဧပြီ    ၆၀၃၀၀၇    ၆၇၀၅၆၅    ၇၂၀၅၄၃    ၇၂၆၅၅၀ မေ    ၆၂၉၇၃၂    ၆၆၈၆၁၂    ၇၀၂၆၁၈    ၇၀၉၃၉၂ ဇွန်    ၆၄၈၆၀၈    ၆၅၁၅၆၂    ၇၁၆၉၃၃    ၇၀၁၇၂၈ ဇူလိုင်    ၆၄၆၅၅၆    ၆၆၁၄၃၈    ၇၃၂၃၄၆    ၆၈၉၈၇၂ သြဂုတ်    ၆၄၉၄၆၅    ၆၈၆၅၉၆    ၇၄၂၄၇၀    ၇၀၂၃၇၄ စက်တင်ဘာ    ၆၄၈၅၂၇    ၇၂၆၆၅၈    ၇၈၁၇၂၇    - အောက်တိုဘာ    ၆၅၇၄၅၆    ၇၁၇၉၄၂    ၇၇၇၅၄၇    - နိုဝင်ဘာ    ၆၆၃၉၇၅    ၇၂၇၃၅၈    ၇၇၀၀၅၈    - ဒီဇင်ဘာ    ၆၆၁၀၁၆    ၇၀၂၈၅၉    ၇၆၄၂၃၃    - ပျှမ်းမျှ    ၆၃၃၈၇၉    ၆၈၀၇၅၄    ၇၄၁၁၉၃    ၇၂၃၈၉၅ ပုံ-၁။ ရန်ကုန်မြို့ နံနက်ပိုင်း ၁၂း၀၀ နာရီတွင်ဖြစ်ပေါ်သည့် အကယ်ဒမီ ရွှေ ၁ကျပ်သားဈေးနှင့် ဖျာပုံဆန်စက်တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ ဝယ်ဈေး ဇာစ်မြစ်- wwwetrademyanmar.com ပြည်တွင်းဈေးကွက်တွင်၊ ပေါ်ဆန်းဆန်သည် မနောသုခ၊သီးထပ်ရင် အထွက်ကောင်း မျိုး ဆန် များထက်ဈေးပိုမြင့်သော ဆန်အမျိုးအစားဖြစ်သည်။ ရန်ကုန်မြို့ နံနက်ပိုင်း ၁၂း၀၀ နာရီတွင်ဖြစ်ပေါ် သည့်အကယ်ဒမီ ရွှေ ၁ကျပ်သားဈေးနှင့် ဖျာပုံဆန်စက်တွင် ပေါ်ဆန်း စပါးတင်း ၁၀၀ ဝယ်ဈေး ကို ၂၀၀၉ခုနှစ် ဇန်နဝါရီလမှ ၂၀၁၃ခုနှစ်သြဂုတ်လကုန်အထိ လအလိုက်ပျမ်းမျှဈေးကို နှိုင်းယှဉ်လေ့လာပါက၊ ၂၀၁၁ ခုနှစ် တွင် ဖျာပုံပေါ်ဆန်းစပါးဈေးသည်၊ ရွှေဈေးထက် ဈေးပို၍ ဈေးမြင့်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ၊ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ၊ ပေါ်ဆန်း စပါးဈေးသည်ရွှေဈေးအောက်သို့ ရောက်ရှိလာခဲ့သည်။ ပေါ်ဆန်း စပါးဈေးသည်ရွှေဈေးအောက်သို့ ရောက်ရှိလာသောကြောင့်၊ မနောသုခ၊ သီးထပ်ရင် အထွက် ကောင်း မျိုး စပါးတင်း၁၀၀ ဈေးသည်၊ ရွှေ ၁ကျပ်သားဈေးအောက်တွင်သာ ရှိပါသည်။ စပါးတင်း၁၀၀ ဈေးနှင့် ရွှေ ၁ကျပ်သားဈေးကိုနှိုင်းယှဉ်၍ မရနိုင်သည့် အခြေအနေမျိုး ပြောင်းလဲသွားကြောင်း စိစစ် တွေ့ရှိရပါသည်။