Main menu

Background

ပြည်ပကို မန်းမြေမှ တိုက်ရိုက်ထွက်ခွာနေတဲ့ ပဲတီစိမ်းကြီး၊ ပြောင်းမျိုးစုံနဲ့ နှမ်းရောင်စုံတို့ရဲ့ စီးထွက်မှု

Thu, 09/26/2013 - 13:32 -- ydnar

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန် သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာ အရောင်းအဝယ်ပြုလုပ်တဲ့ ပဲများအနက် တရုတ်ပြည်ကိုတင်ပို့တဲ့ ပဲတီစိမ်းကြီးမှာ အဓိက အကျဆုံးပဲ ဖြစ် ပါတယ်။ ပဲတီစိမ်းကြီးကို ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦး စတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။

၎င်း  ဒေသများမှ ဝယ်ယူသိုလှောင်ပြီး၊ ဈေး ကွက်လိုအပ်ချက်ရှိတဲ့ ပြည်ပ(တရုတ်) ကို  မန္တလေး - မူဆယ်မှတစ်ဆင့် တိုက် ရိုက်တင်ပို့ လျက်ရှိပါတယ်။  မန္တလေး ၁၆ မိုင်(ကျောက်မီး) ဂိတ်ဖြတ်စာရင်း အရ သြဂုတ်လ ၁ ရက်မှ ၂၈ ရက်အထိ ပဲတီစိမ်းကြီး ၁၄၂၅၈ ဒသမ ၄ တန်၊ မူဆယ်ကို အထွက်ရှိတာကြောင့် ပျမ်းမျှ တစ်ရက် ၅၀၉ တန်(သုံးတင်းဝင်အိတ် ၅၅၄၀ အိတ်) ရှိကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ပထမ အပတ် မန္တလေးကုန်စည်ဒိုင်မှာပဲတီစိမ်း ကြီး တစ်ပိဿာ ၁၄၅၈ ကျပ်၊ (တစ် တန် ၈၉၂၈၆၅ ကျပ် )နဲ့ နေ့စဉ် အိတ် ၂၅၀၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်လနဲ့ ဈေးနှုန်းနှိုင်းယှဉ်ရင် အမြင့် ဈေးနဲ့ အရောင်းအဝယ် သွက်လက် လျက် ရှိကြောင်း၊ အခြားတိုင်းဒေသကြီး များမှလည်းမန္တလေး၁၆မိုင်(ကျောက်မီး) စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစီးဆင်း ပြီး၊ မူဆယ်ကို ကုန်သွယ်မှု ပြုလုပ် ကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့(ဗမာ)နဲ့ ပြောင်းဖူး စေ့(CP)များကို လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ မတ္တရာ၊ ကျောက်မဲ၊ သီပေါ၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းစတဲ့ ဒေသ များမှ ဝယ်ယူရရှိပြီး၊ ပြောင်းဖူးစေ့ (ရှမ်း) ကို ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ မြောက် ပိုင်းမှ ဝယ်ယူရရှိကြောင်း၊ ယခုအခါ ပြောင်းဖူးစေ့(ရှမ်း)များ မန္တလေး ကုန် စည်ဒိုင်ကို အဝင်ရှိပေမယ့် ဝင်ရောက်မှု ပမာဏ နည်းပါးနေသေးကြောင်း၊ စက် တင်ဘာလလယ်မှသာ ပုံမှန်ဝင်ရောက် မှုရှိမှာဖြစ်ကြောင်း၊ ပြောင်းကုန်သည် ကြီး တစ်ဦးက ပြောပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်မှာ ပြောင်းဖူးစေ့(ရှမ်း) တစ်ပိဿာ ၅၁၉ ကျပ်၊ (တစ်တန် ၃၁၇၈၃၀ ကျပ်)၊ ပြောင်းဖူးစေ့(ဗမာ)တစ်ပိဿာ၅၁၉ကျပ်၊ (တစ်တန် ၃၁၇၈၃၀ ကျပ်)၊ ပြောင်းဖူး စေ့(CP) တစ်ပိဿာ ၅၂၈ ကျပ်၊ (တစ် တန် ၃၂၃၃၄၂ ကျပ်)နဲ့ နေ့စဉ် ပြောင်း မျိုးစုံ သုံးတင်းဝင် အိတ်နဲ့ အိတ် ၃၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။မန္တလေး ၁၆ မိုင်(ကျောက်မီး)စစ်ဆေး ရေး ဂိတ်ဖြတ်စာရင်းအရ သြဂုတ်လ ၁ ရက်မှ ၂၈ ရက်ထိ ပြောင်းဖူးစေ့ မျိုးစုံ ၁၈၉၈၂ ဒသမ ၈၅ တန်၊ မူဆယ် ဘက်ကိုအထွက်ရှိတာကြောင့် တစ်ရက် ပျမ်းမျှ ၆၇၇ ဒသမ ၉၆ တန် (၇၆၈၈ အိတ်) အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ပြည်ပ(တရုတ်) မှ ပုံမှန်ဝယ်ယူမှုရှိသလို ဒေသတွင်းအစာစပ်လုပ်ငန်းများမှလည်း ပုံမှန်ဝယ်ယူမှုရှိကြောင်း၊ အခြားပဲမျိုးစုံ ဈေးအကျဘက်မှာရှိနေပေမယ့်လည်း ပြောင်းဖူးစေ့များ ဈေးငြိမ်သက်သလို အရောင်းအဝယ် အသွက်ဘက်မှာ ရှိ ကြောင်းသိရပါတယ်။ ပြောင်းဖူးစေ့ မျိုး စုံ မူဆယ်ဘက်ကို နေ့စဉ် ကားကြီး ၁၅ စီးမှ၂၅ စီးကြား အတက်ရှိကြောင်း ကုန် သည်ကြီးတစ်ဦးက ပြောပါတယ်။ နှမ်းညိုကို ကျောက်ဆည်၊ မြစ် သား၊တံတားဦး၊စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှ လည်း ကောင်း၊ နှမ်းနက်ကို မြင်းမူ၊ ချောင်းဦး၊ ဝက်လက် ဒေသများမှလည်းကောင်း၊ နှမ်းဖြူကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ် သား၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင်မြို့နယ်များမှ လည်းကောင်း၊ နှမ်းကြားကို တံတားဦး၊ ငါန်းဇွန်၊ စစ်ကိုင်း၊ ညောင်ပင်ဝန်းဒေသ များမှ ဝယ်ယူရရှိပြီး၊ ကုန်သည်ပွဲစားများ မှ သန့်စင်သိုလှောင်၍ ပြည်ပ (တရုတ်) ကို တင်ပို့ရောင်းချကြပါတယ်။ ကုန် ကြမ်း နှမ်းရောင်စုံအပြင် နှမ်းဖြူအခွံ ချွတ်ကိုလည်း တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် တင်ပို့ရောင်းချပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၃၀၀၀ ကျပ်၊ (တစ်တန် ၁၈၃၇၁၇၀ ကျပ်)၊ နှမ်းညို တစ်ပိဿာ ၁၉၃၃ ကျပ်၊ (တစ်တန် ၁၁၈၃၇၅၀ ကျပ်)၊ နှမ်းနက်တစ်ပိဿာ ၂၄၄၄ ကျပ်၊ (တစ်တန် ၁၄၉၆၆၈၁ ကျပ်)၊ နှမ်းကြား တစ်ပိဿာ ၂၁၇၄ ကျပ်၊ (တစ်တန် ၁၃၃၁၃၃၆ ကျပ်) နဲ့ နေ့စဉ် သုံးတင်းဝင်အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မန္တလေး ၁၆ မိုင်(ကျောက်မီး)စစ်ဆေး ရေးဂိတ်ရဲ့ဂိတ်ဖြတ်စာရင်းအရသြဂုတ် လ ၁ ရက်မှ ၂၈ ရက်အထိ နှမ်းရောင် စုံ ၇၉၂၀ ဒသမ ၁ တန် မူဆယ်အထွက် ရှိလို့ တစ်ရက်ပျမ်းမျှ ၂၈၂ ဒသမ ၈၅ တန်(အိတ် ၃၈၄၇)စီးထွက်သွား ကြောင်းသိရပါတယ်။ ထို့အတူ နှမ်းအခွံ ချွတ်မှာလည်း သြဂုတ်လ ၁ ရက်မှ ၂၈ ရက်ထိ ၃၃၆၈ ဒသမ ၈ တန်အထွက်ရှိ လို့ တစ်ရက်ပျမ်းမျှ ၁၂၀ ဒသမ ၂၉ တန် (အိတ် ၁၆၃၇)အထွက်ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်ရဲ့ ပြည်ပပို့ကုန် သီးနှံများဖြစ်တဲ့ ပဲတီစိမ်းကြီး၊ ပြောင်း ဖူးစေ့ မျိုးစုံနဲ့ နှမ်းရောင်စုံများရဲ့ စီး ထွက် မှု အခြေအနေကတော့ သွက်လက် လျက် ရှိကြောင်းပါ။စိုးအောင် - မန္တလေး