Main menu

Background

လှောင်လက်ကစိတ်မပါ ဝယ်လက်အားမသာခဲ့တဲ့ စက်တင်ဘာလဆန်း မုံရွာပဲဈေးကွက်

Thu, 09/26/2013 - 13:44 -- ydnar

စက်တင်ဘာလဆန်း မုံရွာကုန် စည်ဒိုင် ပဲဈေးကွက်မှာ ယခင်နှစ်တွေ ကလို စက်တင်ဘာအိတ်စပို့ ပဲဈေး အကြွကိုမျှော်လင့်ပြီးဝယ်ထားတဲ့ ပဲတွေ လှောင်လက်က တွက်ခြေမကိုက်လို့ ထုတ်မရောင်းနိုင်ခဲ့သလို နယ်အဝယ် အော်ဒါ မရှိလို့ လိုင်းသမားတွေ ငြိမ်နေ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ပဲဈေး ငြိမ်ခဲ့ပြီး၊ အရောင်းအဝယ် ပမာဏ လည်း ယခင်ကထက်လျော့ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

ယခုတစ်ပတ် ကုလားပဲလိုင်းမှာ ပဲခြမ်းဈေးကွက်ဟာ ပြည်တွင်းမှာပဲရှိတဲ့ အတွက် စက်သမားအချို့ ဝယ်လိုအား လျော့ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက် ဈေးအားဖြင့် ကုလားပဲထိုင်ဝမ် တစ် တင်း ၁၆၇၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်း ၁၆၇၀၀ကျပ်နဲ့ V2 တစ်တင်း ၁၇၅၀၀ ကျပ်အထိ ယခုတစ်ပတ် အတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး၊ စက် သမားဝယ်လက်အများစုကလိုသလောက် သာ ဝယ်ယူကြတဲ့အတွက် ကုလားပဲမျိုး စုံ တစ်ရက်အိတ် ၁၅၀၀ ဝန်းကျင်ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်ပြောပါတယ်။ ပဲတီစိမ်းကြီးဈေးကွက်ကတော့ နယ်က ပဲအဝင် မရှိခဲ့ဘဲ ကုန်သည် လက်ဝယ်ရှိတဲ့ ပဲကလည်း အမြင့်ဈေးနဲ့ ဝယ်ထားလ့ို ဈေးမကိုက်တော့ မရောင်း ကြတဲ့အတွက် တစ်ရက်အိတ် ၅၀ - ၁၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ယခုတစ်ပတ်အတွင်း ပေါက်ဈေး အားဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်မှ ၂၆၅၀၀ ကျပ်ကြား ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ငုံနီဈေးကွက်အနေနဲ့ ယခု တစ် ပတ်မှာ ပဲလက်ဝယ်ရှိသူတွေ ဈေး မကိုက်လို့ လှောင်လက်အားလျော့နေခဲ့ ပြီး၊ အဆိုင်းသမားတွေအတွက် တစ် ရက်အိတ် ၁၀၀၀ မှ ၂၀၀၀ ကြားသာ ကြိုကြားရောင်းဝယ်နေခဲ့ကာ  Export အတွက် နယ်အဝယ် မရှိဘူးလို့ ကုန် သည်တွေက ပြောပါတယ်။ ယခု တစ်ပတ်အတွင်းမှာ ငုံနီတစ်တင်း အနိမ့် ဆုံး ၁၇၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၇၃၀၀ ကျပ်သာ ပေါက်ခဲ့ပါတယ်။ စွန်တာနီပဲဈေးကွက်မှာတော့ ကုန် စည်ဒိုင်မှာ ပစ္စည်းပျောက်နေသလို ရောင်းလက်ကရှားပြီး၊ ယခုတစ်ပတ် အတွင်း တစ်တင်း ၁၉၀၀၀ ကျပ်ဈေးနဲ့ သူ့ဈေးနဲ့သူ ဝယ်သူရှိခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်ရက် အိတ် ၂၀၀ - ၃၀၀ ဖြစ်နိုင်ကြောင်း၊ ကုန်သည်တစ်ဦးက ပြောပါတယ်။ မတ်ပဲဈေးကွက်မှာလည်း ကုန် သည် လက်ဝယ်ပစ္စည်းရှိပေမယ့် ယခု တစ်ပတ်ပေါက်ဈေး တစ်တင်း ၁၅၃၀၀ ကျပ်သာရှိတဲ့အတွက် ရောင်းလက်က မရောင်းနိုင်ဘူးလို့ သိရပါတယ်။ ယခု တစ်ပတ်မှာ တစ်တင်း ၃၀၀၀၀ ကျပ်နဲ့ ဈေးကောင်းရပေမယ့် လက်ကား ကုန် သည်တွေဆီမှာ ပဲများများမရှိတဲ့ ပုဂံ ပဲဈေးကွက်ဟာလည်း ဒေသတွင်း လက်လီ အဝယ်အရောင်းသာဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ဟာ  Export အတွက် မန္တလေးနဲ့ ရန်ကုန်ဈေးကွက်ကို အခြေခံ နေရပေမယ့် ယခုအခါ ဒေသတွင်း စက်သမားနဲ့ လက်လီအသုံးကိုသာ အား ပြုနေရတဲ့ အတွက် အခုလို ပဲအများစု ဈေးအေးရခြင်းဖြစ်တယ်လို့ သုံးသပ် ရပါကြောင်း ..။ ထွန်းလှိုင် - မုံရွာ