မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၃၉၁ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၀၀၈ တန်နီးပါးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ထက် ၉၃၉ တန်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း က ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်တွင် ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ တန် ၅၀၀ ကိုတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက် တန် ၅၀၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းက ယခင်အပတ်က ၂၈၆ တန်တင်ပို့နိုင် ခဲ့သော်လည်း ယခုအပတ်တွင် ကြက်သွန်နီတင်ပို့နိုင်ခြင်းမရှိခဲ့ပါ။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၃၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ယခင်အပတ်ထက် ၃၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းက ယခင်အပတ်က ၁၀ တန်တင်ပို့နိုင်ခဲ့ပေမဲ့ ယခုအပတ် မှာ တင်ပို့နိုင်ခြင်းမရှိခဲ့ပါ။ ခင်မြနွယ် MIRT (DCCA)