Main menu

Background

ဈေးအေး အရောင်းအဝယ်လေးတဲ့ မန်းမတ်ပဲ

Mon, 09/30/2013 - 13:11 -- ydnar

နှစ်စဉ်နှစ်တိုင်း မန္တလေးကုန်စည် ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)ကို လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာစတဲ့ ဒေသများနဲ့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ မတ်ပဲပျမ်းမျှတန်ချိန် ၇၀၀၀ ကျော် အရောင်းအဝယ်ပြု လုပ် နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ရာသီဥတု ဖောက် ပြန်မှုကြောင့်မတ်ပဲအထွက်လျော့နည်း တဲ့အတွက်အရောင်းအဝယ်လည်း တစ် နှစ်လုံး အတိုင်းအတာအနေနဲ့ လျော့ နည်းကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာ မတ်ပဲ အမြင့်ဈေး ၈၁၇ ကျပ်(တစ်တန် ၅၀၀၃၂၃ ကျပ်)၊ အနိမ့်ဈေး တစ် ပိဿာ ၇၃၃ ကျပ်(တစ်တန် ၄၄၈၈၈၂ ကျပ်)နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၅၀၀ မှ ၈၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ယခုစက်တင်ဘာလ တတိယပတ် မှာ မတ်ပဲ အမြင့်ဈေး ၇၈၃ ကျပ် (တစ်တန် ၄၉၈၅၀၁ ကျပ်)၊ အနိမ့်ဈေး ၇၀၀ ကျပ်(တစ်တန် ၄၂၈၆၇၃ ကျပ်)နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၄၀၀ မှ ၆၀၀ ကြား အရောင်းအဝယ် ဖြစ်တဲ့အတွက် ဈေးနှုန်းရော အရောင်းအဝယ်ပါ အေး ကြောင်း သိရပါတယ်။ ပြည်ပ(အိန္ဒိယ) အဆွဲအေးသလို ရန်ကုန်ဝယ်လက် များ မှာလည်း ပုံမှန်အရောင်းအဝယ် ဖြစ်မှု အောက်မှာရှိပြီး၊ ဒေသအတွင်း ပဲခွဲစက် များ ပုံမှန်အဆွဲရှိကြောင်း၊ ယခုထက် ဈေးထပ်မံလျော့နည်းဖွယ်မရှိနိုင်ကြောင်း မတ်ပဲ ကုန်သည်ကြီး တစ်ဦးမှ ပြော ကြားပါတယ်။ စိုးအောင် - မန္တလေး