Main menu

Background

ပုံမှန်လေးအရောင်းအဝယ်ရှိပြီး ဈေးငြိမ်တဲ့ မန်းပဲတီစိမ်း

Mon, 09/30/2013 - 13:19 -- ydnar

မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာအရောင်းအဝယ်ဖြစ်မှု အရှိ ဆုံးနဲ့ ဈေးအတည်ငြိမ်ဆုံးပဲမှာ ပဲတီစိမ်း ဖြစ်ကြောင်းသိရပါတယ်။ ပြည်ပ အဆွဲ (တရုတ်)ပုံမှန်ရှိသလို ဒေသတွင်း ပဲစက် များမှလည်း ပုံမှန် အဆွဲရှိတာကြောင့် ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရပါ တယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ တတိယပတ်မှာ ပဲတီစိမ်းကြီး ထိပ်စ ၁၅၇၃ကျပ်(တစ်တန် ၉၆၃၂၈၉ ကျပ်)၊ အနိမ့်စ၁၂၄၄ ကျပ်(တစ်တန် ၇၆၁၈၁၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ကြောင်း၊ ထိပ်စများကို တရုတ် ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်အဆွဲရှိပြီး၊ အနိမ့်စ များကို ပဲခွဲစက်များမှ ဝယ်ယူကြောင်း၊ နေ့စဉ်၃ တင်းဝင်အိတ် ၂၀၀၀ မှ ၃၀၀၀ ထိ အရောင်းအဝယ် ဖြစ်ကြောင်း ပဲ ကုန်သည်ကြီးတစ်ဦးမှ ပြောကြားပါ တယ်။         စိုးအောင် - မန္တလေး