Main menu

Background

ဘဏ်တိုးနှုန်းနှင့် ဗဟိုဘဏ်၏ သောက အစီအရီ

Mon, 10/21/2013 - 11:42 -- ydnar

ရပ်နိုင်ပေ့ ဗဟိုဘဏ် အတိုးနှုန်း အကြောင်း၊ ဗဟိုဘဏ် အကြောင်းစဉ်းစားရင်း နမူနာယူစရာ ဖြစ်ရပ်လေးတစ်ခုခေါင်းထဲရောက်လာ ခဲ့သည်။ သူငယ်ချင်းဖြစ်သူက သား အရွယ် သူ့သမီးလေးမတ်တပ်ရပ်တပ် နိုင်နေပြီဖြစ်ကြောင်းပြောရင်း လက် လွှတ်လျက်ကလေးငယ်ကို မတ်တပ်ရပ် စေသည်။ လက်လွှတ်၍ ''ရပ်နိုင်ပေ့ ရပ် နိုင်ပေ့" ဟု အားပေးနေသော်လည်း လက်နှစ်ဖက်က ကလေးနှင့်အနီးဆုံး နေရာတွင် အဆင်သင့်အနေအထား ဖြင့်ရှိနေသည်။
 

ကလေးငယ်က ရှေ့သို့ လှမ်းရန် ခြေလှမ်းပြင်လိုက်၍ ကိုယ် ခန္ဓာအနေအထားယိုင်သွားချိန်တွင် သူ ငယ်ချင်းဖြစ်သူက အသင့်ပြင်ထား သော လက်နှစ်ဖက်ဖြင့် ထိန်းလိုက် သည်။ ယခုလိုအချိန်တွင် လုံးဝလက် လွှတ်ထားရန်မဖြစ်နိုင်သကဲ့သို့ ထိန်းချုပ် ထားရန်လည်း  မသင့်လျော်ပေ။ ကလေးငယ် လမ်းကောင်းကောင်း လျှောက်နိုင်မည့်အခြေအနေကို အချိန် က ပြောပေလိမ့်မည်။ ယခု မြန်မာနိုင်ငံ၏ ဗဟိုဘဏ် ဥပဒေပေါ်ထွက်လာခဲ့ပြီးနောက် ဗဟို ဘဏ်သည် ယခင်ကကဲ့သို့ ဝန်ကြီးဌာန တစ်ခု၏ အောက်တွင်မဟုတ်တော့ဘဲ သီးခြားရပ် လွတ်လပ်စွာရပ်တည်နိုင် သည့် ငွေကြေးအာဏာပိုင်အဖွဲ့အစည်း တစ်ရပ်အဆင့်အတန်းဆီသို့ ဦးတည်နေ ခဲ့ပြီဟု ပြောရမည်။ လွတ်လပ်သော အဖွဲ့အစည်း အဆင့်အတန်းနှင့် အညီ ဆုံးဖြတ်မှုများ၊ လုပ်ကိုင်မှုများရှိရန် လို လာသည်။ အဖွဲ့အစည်းအသစ်တာဝန် ယူထားကြပြီဖြစ်သော ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒါရိုက်တာအဖွဲ့ ဝင်များကလည်း ကြိုးစားအားထုတ်လုပ် ကိုင်ကြလိမ့်မည်ဖြစ်သည်။ ဥပဒေများ၊ နည်းဥပဒေများ ဖြည့်ဆည်းမှုနှင့်အတူ ဥပဒေပါအတိုင်း ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များ လုပ်နိုင်စွမ်းရရှိခြင်း၊ လို အပ်သောကိန်းဂဏန်းအချက်အလက် များရရှိနိုင်ခြင်း၊ ရရှိလာသော ကိန်း ဂဏန်းအချက်အလက်များမှာ တိကျ မှန်ကန်ခြင်း တို့အပြင် ဗဟိုဘဏ်၏ လွတ်လပ်စွာ လှုပ်ရှားခွင့်နှင့် လျော်ညီ သည့် စီးပွားရေးဝန်ကျင် တဖြည်းဖြည်း ချင်းဖြစ်ထွန်းလာမှုတို့လည်း ဗဟိုဘဏ် ၏ လွတ်လပ်စွာဆုံးဖြတ်လုပ်ကိုင်နိုင်မှု အတွက်အရေးပါသည့် အချက်အလက် များဟုဆိုရမည်။ ထိုသို့ အခြေအနေ ပေါင်းများစွာနှင့် ပတ်သက် ဆက်စပ်ရ မည်ဖြစ်သဖြင့် အနာဂတ်ကာလများ တွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်စွမ်းဖြင့် ခရီးဆက်နိုင်ရန် ယခုကာလသည် စတင် အားထုတ်ရမည့်အချိန်ဖြစ်သည်။ ကနဦး ရပ်တည်နိုင်စွမ်းရှိနေရမည့် အချိန် ဖြစ်လည်းဖြစ်သည်။လှုပ်ရှားလာသော ဘဏ်တိုးနှုန်း အရေးကိစ္စ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင် ရာ လုပ်ဆောင်ချက်များစွာ အနက် အရေးတကြီး စဉ်းစားပေးရမည့် ကိစ္စ တစ်ခုမှာ ဗဟိုဘဏ်ဥပဒေ ပေါ်ထွက် လာပြီးမှ ပြန်လည်ထကြွလာသော ဘဏ်တိုးနှုန်းကိစ္စဖြစ်သည်။ ဘဏ်တိုး နှုန်းမြင့်မားခြင်းနှင့်ပတ်သက်၍ ပြောဆို မှုများ အလွန်များသည်။ ကုန်ထုတ်လုပ် ငန်းများအတွက် အထူးသဖြင့်ပြည်တွင်း မှ အက်(စ) အမ်အီး (SME) များမှာ အတိုးနှုန်းမြင့်၍ လုပ်ငန်းများမလုပ်နိုင် ကြောင်း၊ တောင်သူလယ်သမားများမှာ လည်း အခက်အခဲများ ကြုံတွေ့နေရ ကြောင်း နားနှင့်မဆံ့အောင် ကြားရ သည်။ အတိုးနှုန်းသည် အထူးအလေး ထားစဉ်းစားရမည့် ကိစ္စအမှန်ပင်ဖြစ် သည်။ ယခုကြားနေရသည့် မြင်နေသည့် အတိုးနှုန်းကျဆင်းနိုင်ရေးသုံးသပ်ချက် များ၊ အကြံပြုချက်များသည် ဘဏ်ချေး ငွေကိုယူ၍ လုပ်ငန်းလုပ်ကိုင်နေသူများ ဘက်ကဖြစ်သည်။ ဘဏ်တွင် ငွေအပ်နှံ ၍ အတိုးနှုန်းကိုမှီခိုနေသူများသဘော ထားကို အတိုးနှုန်းနိမ့်ခြင်း၊ မြင့်ခြင်းနှင့် ပတ်သက်၍ ဆက်စပ်စဉ်းစားကြည့် လျှင် အခြေအနေ တစ်မျိုး ရှိလာနိုင် သည်။ ဘဏ်မှငွေထုတ်ချေးသူနှင့် ဘဏ်တွင် ငွေစုဆောင်းသူကြား အတိုး နှုန်း ပေါ်ထားသည့် သဘောထားမှာ ဆန့်ကျင်ဘက်သဘောရှိလိမ့်မည်မှာ သေချာသည်။အဘယ်ကြောင့်ဆိုသော် အတိုးနှုန်းသည် ဈေးနှုန်း သဘာ၀ ရှိသောကြောင့်ဖြစ်သည်။ ဈေးနှုန်းမြင့် နေလျှင် ရောင်းသူက သဘောကျ၍ ဈေးနှုန်းကျဆင်းနေလျှင် ဝယ်သူက နှစ် သက်မည်သာဖြစ်သည်။ ယခုလည်း ငွေချေးယူသူနှင့် ငွေချေးပေးသူကြား အတိုးနှုန်းအနိမ့်အမြင့်သည် ဤသဘာ ဝမျိုးဖြစ်သည်ကို စဉ်းစားမိရန်လိုသည်။ ထို့ကြောင့်ဈေးကွက်မှအလိုအလျှောက် မပြဌာန်းနိုင်သော အတိုးနှုန်း အနိမ့် အမြင့်အဆုံးအဖြတ်ကို မျက်နှာသာ ပေးလိုသော အုပ်စု၊ အချိန်အခါ သင့် သော အနေအထားတို့ဖြင့် ချိန်ဆ လုပ် ဆောင်ရမည့် အနေအထားသာရှိ နိုင်မည်ဖြစ်သည်။ အတိုးနှုန်းကို ဖွံ့ဖြိုး ပြီးနိုင်ငံများတွင် အင်ဖလေးရှင်း (ငွေ ကြေးဖောင်းပွမှု)တိုက်ဖျက်ရေးအတွက် ငွေကြေးပေါ်လစီ၏ အဓိက လက်နက် ကိရိယာအဖြစ် အသုံးပြုလေ့ ရှိကြ သည်။ မြန်မာနိုင်ငံကဲ့သို့  ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ မည်သည့်အခြေအနေ အတွက် အသုံးပြုသင့်သည်ဟု ထင် သနည်း။ လက်ရှိမြန်မာနိုင်ငံအခြေ အနေအရ အတိုးနှုန်းကို ကုန်ထုတ်လုပ် မှု တိုးတက်ရေးအတွက် အသုံးပြုသင့် သည်ဟု ယူဆရသည်။ဦးနှောက်စားရတော့မည့်အချိန် အစိုးရ၏ ထိန်းချုပ်မှုအောက်မှ  လွတ်ကင်းသွားတော့မည့် ဗဟိုဘဏ်ကို မြင့်မားနေသော ဘဏ် တိုးနှုန်းနိမ့်ချ ရေး လုပ်ဆောင်ပေးနိုင်ရန် တိုက်ရိုက် နားပူနားဆာ စလုပ်နေကြပြီ ဖြစ်သည်။ အတိုးနှုန်းသည် စီးပွားရေး အဆောက် အအုံအတွင်းညှိစက် ခလုတ်တစ်ခုဖြစ် သော်လည်း အခြားငွေကြေး ဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ အခြေအနေ များ နှင့် အဆက်အစပ်ရှိနေသည်။ အတိုး နှုန်းခလုတ်ကို အတိုးအလျော့ လုပ်မှု သည်အခြားသော ခလုတ်များနှင့်ချိန်ဆ လုပ်နိုင်မှသာဟန်ချက်ညီ ဟာမိုနီဖြစ်၍  စီးပွားရေးအဆောက်အအုံအတွင်း ရှော့ (ခ) ဖြစ်ခြင်းမှ ရှောင်လွှဲနိုင်လိမ့်မည်။ ဗဟိုဘဏ်အနေဖြင့် စီးပွားရေး၊ ကုန် သွယ်ရေး၊ ငွေကြေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ အခြေအနေများ၊ အချက် အလက်များကိုကောင်းစွာသိရှိ တွက် ချက်ထားနိုင်မှသာ မှန်းဆချိန်ဆလုပ် ဆောင်နိုင်မည်ဖြစ်သည်။ ဗဟိုဘဏ်သည် ငွေကြေးပေါ်လ စီကို စီးပွားရေးဖွံ့ဖြိုးမှု၊ ဈေးနှုန်းတည် ငြိမ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစွာရရှိနိုင်မှုစသဖြင့် ရည်မှန်း ချက်များထားရှိ၍ အချိန်ဇယားချလုပ် ဆောင်ကြရသည်။ ထိုမျှော်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် နေ့ချင်း ညချင်းအကောင်အထည်ဖော်၍ မရ နိုင်ကြောင်း အတွေ့အကြုံများကိုလည်း စာအုပ်များ၊ စာတမ်းများထဲမှ သိရှိခဲ့ရ ပြီးဖြစ်သည်။ အတိုးနှုန်းသည် ငွေကြေး ပေါ်လစီ၏ ပေါ်လစီလက်နက်ကရိ ယာတစ်ခုသာဖြစ်သည်။ ယခုစီးပွားရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်နေသော မြန်မာနိုင်ငံ ဗဟိုဘဏ်ရှိတာဝန်ရှိသူ များ ဒါရိုက်တာအဖွဲ့မှ ကျွမ်းကျင်သူ များ၊ ပညာရှင်များအနေဖြင့် ငွေကြေး ပေါ်လစီ၏ ကိရိယာတစ်ခုဖြစ်သည့် အတိုးနှုန်းကို ကိုင်တွယ်အသုံးပြုမှုနှင့် ပတ်သက်၍ ဦးနှောက်ကို ကောင်းစွာ အလုပ်ပေးရပေတော့မည်။သောကများကို အမှတ်စဉ်တပ် ခြင်း ငွေကြေး ပမာဏ၊ ငွေကြေးကို လက်ဝယ်ကိုင်ဆောင်ထားလိုမှု၊ ငွေ ဖောင်းပွမှု၊ ကုန်ထုတ်လုပ်မှုကိန်းဂဏန်း အချက်အလက်များ၊ မြေပြင်ပကတိ အခြေအနေများမှန်မှန်ကန်ကန်သိရှိ နိုင် ရန် အားထုတ်ကြရမည်။ နိုင်ငံခြားမှ ဝင် ရောက်လာမည့် ဘဏ်လုပ်ငန်းများနှင့် ပြည်တွင်းဘဏ်များအခြေအနေအဆက် အစပ်ကိုလည်း ထည့်သွင်းစဉ်းစားထား ကြရမည်။ လောလောလတ်လတ် မြန်မာနိုင်ငံအလွန်အမင်းတောင့်တနေ သည်။ နိုင်ငံခြားအရင်းအနှီးများစီးဝင် လာနိုင်ရေးကိုလည်း လျစ်လျှူရှု၍မရ။ ပညာရှင်တို့ထောက်ပြထားသော ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စွန့်စားမှုပြညွှန်ကိန်း (Investment Risk Indicator)  တွင် အတိုးနှုန်းသည် အရေးပါသော အချက်တစ်ချက်ဖြစ်နေသည်ကိုလည်း သတိထားရမည်။ ဆိုလိုချင်သည်မှာ အတိုးနှုန်းကိစ္စသည် ပြည်တွင်းလုပ်ငန်း များအတွက်သာမက များပြားလှသည့် အခြားသောစီးပွားရေးရာများနှင့်လည်း အပြန်အလှန်ဆက်စပ်မှုများရှိနေသဖြင့်  ပါလေရာဖြစ်နေသည့် သဘောဖြစ် သည်။ ဤအချက်များအပြင် အတိုးနှုန်း မြင့်မားနေသည့်ကိစ္စကို ပြည်သူလွှတ် တော်ဥက္ကဋ္ဌက လွှတ်တော်တွင် ဆွေး နွေးမည်ဆိုသည့် အခြေအနေကလည်း ထုတ်ပြန်ထားသော ဗဟိုဘဏ်ဥပဒေ၊ ဗဟိုဘဏ်၏ သဘာဝတို့နှင့် မည်သို့ ဆက်စပ်လုပ်ကိုင်ကြရမည်ဆိုသည်မှာ လည်း စဉ်းစားစရာရမည့်ကိစ္စဖြစ်လာ ပြန်သည်။ နောက်ဆုံးအာဆီယံအဖွဲ့ ကြီး၏ ၂၀၁၅ ခုနှစ်တွင် အကောင် အထည်ဖော်မည့် အေအီးစီအရေး လည်းပါလာသည်။ စဉ်းစားစရာများမှာ အမှတ်စဉ်တပ်ရလောက်အောင်များ လာသည်။ ဗဟိုဘဏ်၏ စီးပွားရေး အဆောက်အအုံတစ်ခုလုံးအတွက် စဉ်း စားမှုများနောက်တွင် သောကများက အစီအရီရှိနေသည်။လွတ်လပ်စွာစဉ်းစားကြည့်သော အခါ မြန်မာနိုင်ငံအတွက် ယနေ့အချိန် အခါသည် ထုတ်လုပ်မှု၊ စားသုံးမှု၊ ကူး သန်းရောင်းဝယ်မှု၊ စုဆောင်းမှု၊ ရင်းနှီး မြှုပ်နှံမှုစသဖြင့် စီးပွားရေးလုပ်ဆောင် ချက်များကို တိုင်းပြည်အတွင်းရှိနေ သည့် အရင်းအမြစ်များ၊ အရင်းအနှီး များနှင့် သင့်လျော်စွာလှုပ်ရှားနိုင်မည့် စီးပွားရေးအဆောက်အအုံဖြစ်လာစေ ရေးအားထုတ်နေချိန်ဖြစ်သည်။ ဗဟို ဘဏ်သည် လွတ်လပ်သောအဖွဲ့ အစည်းအဖြစ် လွတ်လပ်စွာဆုံးဖြတ်ပိုင် ခွင့်များလည်း ရှိခဲ့ပြီ။ လွတ်လပ်စွာ ဆုံး ဖြတ်ခွင့်အတွက် ပြည့်စုံမှန်ကန်သော အချက်အလက်များမရရှိနိုင်ခဲ့ပါလျှင် လွတ်လပ်စွာဖြင့် မည်ကဲ့သို့မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်နည်။ လွတ်လပ်သည့် ဗဟိုဘဏ်အတွက် လွတ်လပ်စွာ စဉ်း စားပေးမိခြင်းသာဖြစ်ပေသည်။