Main menu

Background

သကြားဈေးကောင်းနေပြီး ကြိုရောင်းကြိုဝယ်များ မရှိ

Mon, 10/21/2013 - 15:27 -- ydnar

ယခုနှစ် သကြားဈေးမှာ အတက်ဈေးနဲ့ ဈေးတန်းနေပါတယ်။ တရုတ်နိုင်ငံမှ မြန်မာ့ သကြားကို တန်ချိန် သိန်းချီပြီး ဝယ်ယူမှုရှိခြင်းနှင့် ယိုးဒယားဘက်မှ သကြား များ ဝင်နေခြင်းကြောင့် သကြားဈေးမှာ အတက်ဈေးနဲ့ တည်ငြိမ်နေခြင်း ဖြစ်ပါ တယ်။

မြန်မာနိုင်ငံသကြားနဲ့ သကာရည် လုပ်ငန်းရှင်များ ကထိန်တော်အသင်း နာယက ဦးဝင်းဌေးက "ဒီနှစ်မှာ သကြားဈေးအတက်အကျမကြမ်းဘဲ ဈေးတည် ငြိမ်နေတော့ အဆင်ပြေတယ်။ တရုတ်ဘက်က ပြည်တွင်းသကြား ဝယ်ယူမှုများတာ ၂ နှစ်ရှိပြီ။ ဒီနှစ်တရုတ်က ဝယ်ယူတာ ပိုပြီးများတယ်။ ကုမ္ပဏီကြီးတွေကလည်း သကြားတွေ တင်ပို့မှုရှိတယ်။ တန်ချိန်တစ်သိန်းကျော်လောက် တင်ပို့မှုရှိတယ်။ လာမဲ့နှစ်အတွက် တန်ချိန်ပိုဝယ်ဖို့ ကမ်းလှမ်းထားတယ်ကြားတယ်။ တရုတ်က သကြားပိုဝယ်ပေမဲ့ ယိုးဒယားဘက်က သကြားလည်းဝင်နေတော့ သကြားဈေး လည်း မတက်နိုင်ပါဘူး"လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှ လာမဲ့နှစ်အတွက် သကြားဝယ်ယူရန် ကမ်းလှမ်းထားခြင်းကြောင့် သကြားကြိုရောင်းမှုများ မရှိတော့ကြောင်း သိရပါတယ်။ ယခင်ကထွက်ရှိတဲ့ ကြံ ထွက်နှုန်းရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ကြိုရောင်းချခြင်း ပြုလုပ်ကြကြောင်း၊ ဒီဇင်ဘာလမှာ သကြားအသစ်ဝင်ပါက သကြားဈေးအနည်းငယ် ကျဆင်းနိုင်ဖွယ် ရှိကြောင်း သကြားရောင်းဝယ်သူအချို့က သုံးသပ်ကြပါတယ်။ သကြားဈေးနှုန်းမှာ အောက်တိုဘာလ ၁၆ ရက်နေ့က ပေါင်းသကြားတစ်ပိဿာ ၉၆၀ ကျပ်မှ ၁၀၂၀ ကျပ်၊ တင်လဲရည် ၃၁၀ ကျပ် မှ ၃၂၀ ကျပ်၊ ပွက်သား ၆၀၀ ကျပ်မှ ၆၂၀ ကျပ်၊ ခါ သကြား ၇၀၅ ကျပ်မှ ၇၃၅ ကျပ်၊ ခါစက်ကျရည် ၃၄၀ မှ ၃၇၀ ကျပ်ရှိ ကြောင်းသိရပါတယ်။ ဇူးဇူး-မန္တလေး