Main menu

Background

အတက်ကြမ်းတဲ့ မုံရွာနှမ်းဈေး၊ မန္တလေးအဝယ်ရပ်လို့ ဈေးပြန်ကျလာ

Wed, 11/13/2013 - 13:59 -- ydnar

ပြီးခဲ့တဲ့ အပတ်က မုံရွာနှမ်းဈေး ကွက်ဟာ မုံရွာကုန်စည်ဒိုင်ရဲ့ စံချိန် တင်ပေါက်ဈေးတွေနဲ့ အတက်ကြမ်းခဲ့ ပေမယ့်ယခုတစ်ပတ်မှာတော့ မန်းလက် က အဝယ်လျော့ကျလို့ နှမ်းအားလုံး ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် နှမ်းရောင်စုံပေါက်ဈေးအားဖြင့် နှမ်းညို တစ်တင်း ၃၆၇၀၀ ကျပ်၊ နှမ်းဝါ တစ် တင်း၄၃၅၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၃၉၀၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၄၇၀၀၀ ကျပ်အသီးသီးတစ်တင်း ၃၀၀၀ ကျပ် ဝန်းကျင် ကျဈေးဖြစ်ပေါ် ခဲ့တာ တွေ့ရပါတယ်။

ဒိုင်ဈေးကွက် အတွင်း နယ်စုံက နှမ်းစီးဝင်မှု အား လျော့ခဲ့သလို ရောင်းအားပါ ကျခဲ့ရာ တစ်ရက်ကို နှမ်းမျိုးစုံ ၂၀၀ မှ ၅၀၀ အိတ်အကြားသာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ပွဲရုံရပ်ကွက်က ဆို ပါတယ်။ ယခုတစ်ပတ်မြေပဲဆန် ဈေးကွက် အနေနဲ့ မြောင်၊ ကနီ၊ ဘုတလင်မြို့နယ် တွေက မိုးမြေပဲတွေ မုံရွာကုန်စည်ဒိုင် မှာ အဝင်လှိုင်လာခဲ့တာတွေ့ရပါတယ်။ ပေါက်ဈေးအားဖြင့် မြေပဲဆန်နီ တစ် ပိဿာ ၁၆၇၅ ကျပ်မှာ တန့်နေပြီး၊ မြေပဲ ဆန်ဖြူကတော့ တစ်ပိဿာ ၁၆၂၅ ကျပ်ဈေးနဲ့ ကျဆင်းခဲ့ပါတယ်။ မြေပဲ(လုံးဆန်)အသစ်တစ်တင်း ၂၇၀၀၀ ကျပ်ဈေးမှာ ငြိမ်နေကာ ဒေသခံလုပ်ငန်းသုံးသမားနဲ့ လက်လီ သမားတွေ ပုံမှန်အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ စားသုံးဆီဈေးကွက်မှာတော့ ယခု တစ်ပတ်အတွင်းပဲဆီတစ်ပိဿာ ၃၈၅၀ ကျပ်မှာ ငြိမ်နေပြီး၊ နှမ်းဆီက တော့ ၄၇၀၀ ကျပ်မှ ၄၈၀၀ ကျပ်ကြား မာနေ တာ တွေ့ရပါတယ်။ စားအုန်းဆီ ဈေး ကွက် အနေနဲ့ ဝါကျွတ်ကာလ ဝယ် လိုအား များလာလို့ တစ်ပိဿာ ၁၆၂၀ ကျပ်မှ ၁၇၀၀ ကျပ်ထိ ဈေးမြောက် လာတာ တွေ့ရပါတယ်။ထွန်းလှိုင် - မုံရွာ