Main menu

Background

အမြင့်ဈေးအငြိမ်၊ အရောင်းအဝယ်သွက်တဲ့မန္တလေးပဲတီစိမ်းကြီးဈေးကွက်

Mon, 12/09/2013 - 12:52 -- ydnar

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)မှာ လက်ရှိအရောင်းအဝယ်ပြုလုပ် တဲ့ ပဲမျိုးစုံများအနက် ပဲတီစိမ်းကြီးမှာ အရောင်းအဝယ်အသွက် လက်ဆုံးဖြစ်ပါတယ်။ ဒီဇင်ဘာလ ပထမတစ်ပတ်လုံး အမြင့် ဈေးဖြစ်တဲ့ တစ်ပိဿာ ၁၇၀၇ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ အမြင့်ဈေး (ထိပ်စဈေး)နဲ့ အနိမ့်စဈေးကွာမှုမှာ ကွာဟချက်ကြီးမားပါတယ်။ ပြည်ပ (တရုတ်)တင်ပို့ကုန်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမွန် တဲ့ပဲတီစိမ်းကြီးကိုသာပိုမိုပြီးအရောင်းအဝယ်ဖြစ်သလို အနိမ့်စ (အောက်စ)များကိုလည်း ပဲခွဲစက်များ၊ အမှုန့်ကြိတ်စက်များနဲ့ ပဲသန့်စင်စက်များက ဝယ်ယူလျက်ရှိပါတယ်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလပထမအပတ် မန်း ကုန်စည် ဒိုင်မှာ အရောင်းအဝယ်ပြုလုပ်တဲ့ ပဲတီစိမ်းကြီးဈေးမှာ ထိပ်စ တစ်ပိဿာ ၁၇၀၇ ကျပ်(တစ်တန် ၁၀၄၅၃၅၀ ကျပ်)နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၆၀၀ မှ ၁၀၀၀ ကြားအ ရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနိမ့်စ (အောက်စ) တစ် ပိဿာ ၁၃၃၃ ကျပ်( တစ်တန် ၈၁၆၃၁၆ ကျပ်) နဲ့ နေ့စဉ် ၃တင်းဝင်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး၊ ဈေးနှုန်းကွာဟမှု ရှိ တာကြောင့် အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်မှ သာ ဈေးကောင်းရနိုင်မှာဖြစ်ပါတယ်။ အနိမ့်ဈေးနဲ့ အမြင့် ဈေးကွာဟချက်မှာ တစ်ပိဿာ ၃၇၄ ကျပ်(တစ်တန် ၂၂၉၀၃၄ ကျပ်) ကွာဟကြောင်း သိရပါတယ်။ တရုတ်လက် အဆွဲများပြီး ဝယ်လိုအားကောင်းတဲ့ ပဲတီစိမ်းကြီးကို တောင်သူများအနေနဲ့ အရည်အသွေး မီတဲ့ မျိုးကောင်းမျိုးသန့်ပဲများကို နည်းပညာအကူအညီရယူပြီး၊ စိုက်ပျိုးသင့်သကဲ့သို့ ပြည်ပဈေးကွက်မှာ ဈေးကွက် ခိုင် မာမှု ရှိပြီး၊ ဈေးနှုန်းတည်ငြိမ်မှုရှိတဲ့ မြန်မာ့ပဲတီစိမ်းကြီးများကို တောင်သူကြီးများအနေနဲ့ စိုက်ဧကများ ပိုမို တိုးတက် စိုက် ပျိုးခြင်းအားဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ တိုး တက်လာမှာဖြစ်သလို မိမိတို့အနေနဲ့လည်း ဝင်ငွေများ ပိုမို တိုးတက်လာပြီး၊ မိသားစုရဲ့ လူနေမှုဘ၀ ပိုမိုစည်ပင်ဝပြောလာ မှာ ဖြစ်ပါကြောင်း ..........။စိုးအောင် - မန္တလေး