ပြည်တွင်းရော်ဘာဈေးသည် ဆက်တိုက်ကျဆင်းနေပြီး၊ ဈေးကွက်မှာလည်း ဝယ်လိုအားနည်းကာ ရောင်းလိုအားများ နေခြင်းကြောင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ အခက်တွေ့နေကြကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသများရဲ့ ရော်ဘာထွက်ကုန် ကျဆင်းခြင်း၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ ဆောင်းတွင်းပိုင်းမှာ ရော်ဘာစိုက်ပျိုး တဲ့ အချိန်ဖြစ်ခြင်းနဲ့ သွင်းကုန်များလည်း ဈေးတက်လာခြင်း တို့ကြောင့် လာမည့်လတွေမှာ ရော်ဘာဈေးကျမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ယခုအချိန်မှာ ကမ္ဘာ့ရော်ဘာ RSS-5 ဈေးလည်းကျဆင်းနေပါတယ်။
လက်ရှိပေါက်ဈေးသည်တစ် ကီလိုကို ရင်းဂစ် ၁၅၂-၁၅၃ ရှိရာမှ ၅-၁၀ ရင်းဂစ် ထပ်ကျနိုင် ကြောင်းသိရပါတယ်။ ရော်ဘာစိုက်ပျိုးသူများကလည်း သွင်း ကုန်ခွန်အနေဖြင့် တစ်ကီလိုကိုရင်းဂစ် ၂၀ ထပ်မြင့်လာခြင်း အား ဆန့်ကျင်နေကြပါတယ်။ ဇွန်လနဲ့ ဇူလိုင်လအတွင်းက မိုးရွာသွန်းမှုများ၍ ရော်ဘာစိုက်ခင်းများ ပျက်စီးမှုများရှိခဲ့ခြင်း ကြောင့်ယခုနှစ်ရော်ဘာသွင်းကုန်မှာများနိုင်ပါတယ်။ တာယာ ထုတ်လုပ်တဲ့ကုမ္ပဏီများ အနေနဲ့လည်း သွင်းကုန်ဂျူတီ ကင်း လွတ်ခွင့်များစွာ မရသေးကြောင်း သိရပါတယ်။ လက်ရှိအနေ အထားထက် သွင်းကုန်ဂျူတီပိုများလာပါက ရော်ဘာစိုက်ပျိုး သူများအနေနဲ့ ယာယီဖြေလျော့မှုများပြုလုပ်ပေးစေလို ကြောင်းဆန္ဒရှိနေကြတယ်လို့ Cochin ရော်ဘာကုန်သည် များအသင်း၏ ဥက္ကဌ N-Radhakrishnan ရဲ့ပြောကြားချက် အရသိရပါတယ်။ မိုးနည်းပေမယ့် ရော်ဘာအစေးခြစ်ချိန်မှာ အခက်အခဲ မရှိခဲ့လျှင် တစ်ကီလိုကို ရင်းဂစ် ၁၃၀ အထိ ဈေးကျနိုင်တယ်လို့လည်း ကုန်သည်များက ဆိုပါတယ်။ ထိုင်း နိုင်ငံရေး မငြိမ်သက်မှုများကြောင့်လည်း ရော်ဘာ ဈေးများ တက်လာနိုင်ပြီး လက်ရှိပေါက်ဈေးကိုလည်းကျစေနိုင်ပါတယ်။ သွင်းကုန်ဂျူတီမြင့်လာခြင်းကြောင့် ရော်ဘာစိုက်သူများအနေ နဲ့ ရော်ဘာ ပိုမိုသိုလှောင်လာကြပါတယ်။ ရော်ဘာအစေး ထွက်ရှိမှု ကျဆင်းလာခြင်းကြောင့် ဇန်နဝါရီလလယ်ပိုင်းက အစေးခြစ်ခြင်းကို ၄၅ ရက်နီးပါးခန့် ထပ်ရွှေ့ခဲ့ကြကြောင်း သိရပါ တယ်။ ATMA တာယာထုတ်လုပ်သူများအသင်းမှလည်း ဇွန် လနဲ့ ဇူလိုင်လရဲ့ ပြည်တွင်းရော်ဘာထွက်ရှိမှုနည်းခြင်းကြောင့် ပို့ကုန်တင်ပို့မှုကို သတိထားဆောင်ရွက်နေကြရပါတယ်။ နောက်လများမှာတော့ သွင်းကုန်အနေနဲ့ ပိုများလာနိုင်တယ် လို့ လည်း သိရပါတယ်။ ရော်ဘာများကိုတင်သွင်းမှုရှိနေသလို ပြည်တွင်းဈေးကွက်မှလည်းဝယ်ယူနေတယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှုအပိုင်းမှာတော့ ရောင်းလိုအားကျနေကြောင်းနဲ့ ယခင်အခြေအနေကို မရောက်ရှိနိုင်သေးကြောင်း ATMA အသင်း၏ညွှန်ကြားရေးမှူးချုပ် Rajiv Budhraja ရဲ့ ပြော ကြားချက်အရ သိရပါတယ်။ အရောင်းအဝယ်ပါးနေပေမယ့် တာယာအဓိကထုတ်လုပ်သောကုမ္ပဏီအများစုရဲ့ခန့်မှန်းချက် အရဈေးတက်နိုင်ကြောင်းသိရပါတယ်။ ရော်ဘာကုန်ကြမ်း ဈေးများလည်း ကျနေကြောင်းနဲ့ ရော်ဘာစိုက်ပျိုးသူများ မှာ လည်း အမြတ်ငွေနည်းနိုင်ကြောင်းသိရပါတယ်။ ၎င်းတို့ အနေနဲ့သွင်းကုန်ဂျူတီမြင့်လာချိန်ကိုစောင့်ပြီး ရော်ဘာ စိုက် ပျိုးရန်ချိန်ဆနေကြကြောင်း၊ India ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၏ အထွေထွေ အတွင်းရေးမှူး Sihg J Monippally ရဲ့ပြောပြချက်အရ သိရပါတယ်။ ရော်ဘာကုန် ကြမ်းဈေးကျပေမယ့် ပြည်တွင်းတာယာ လုပ်ငန်းများအခြေ အနေမှာ ပြန်မကောင်းနိုင်သေးကြောင်းသိရပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းက တာယာဈေးတက်သဖြင့် တာယာ ကုမ္ပဏီများအနေနဲ့ပိုမိုကျေနပ်မှုရှိခဲ့ကြောင်း၊ ရော်ဘာဈေး သည်တစ်ကီလိုကို ယခင် ရင်းဂစ် ၂၄၀ ရှိရာမှာ ၁၅၁ ရင်းဂစ် အထိကျခဲ့ပေမယ့် တာယာပစ္စည်းများကိုတော့ ဈေးလျော့ ရောင်းမှာ မဟုတ်ကြောင်း အိန္ဒိယတာယာ ရောင်းဝယ်ယူများ အသင်း မှ Sp Singh ရဲ့ ပြောကြားချက်အရသိရပါတယ်။ခင်ကလျာဦး MIRT (DCCA)