Main menu

Background

လတ်တလော ကားအရောင်းအဝယ်ပါးနေပြီး စလစ်ဈေးတန်းများကျဆင်းနေ

Wed, 12/18/2013 - 05:24 -- ydnar

ယခုရက်သတ္တပတ်သည် ဆီးဂိမ်း ပြိုင်ပွဲကျင်းပနေသောကာလဖြစ်သဖြင့် တိုက်ရိုက်ပတ်သက်သည်ဟု မဆိုနိုင် သော်လည်း အကြောင်းကြောင်းများ ကြောင့်လူအဝင်အထွက်နည်းပြီးအရောင်း အဝယ်ပါးနေကြောင်း သိရသည်။ ပွဲစားတန်းများတွင် အရောင်း အဝယ်ပါးနေသလို ကားအရောင်းစင် တာများတွင်လည်း ကားလေးများသာ အနည်းငယ်အဝယ်ရှိကြောင်းသိရသည်။

အင်ဂျင်ပါဝါကြီးကားများမှာ ယခုနှစ် ကုန်စီအိုင်အက်(ဖ်) အပြောင်းအလဲ သတင်းကြောင့်လည်းကောင်း၊ ဆိုင်ရာ မူဝါဒနှင့်အခွန်အကောက်ဆိုင်ရာများ အပြောင်းအလဲရှိနိုင်သည့် အကြား သတင်းများကြောင့်လည်းကောင်း အမေးသာရှိပြီး အဝယ်အတော့ကိုနည်း နေကြောင်း မင်းရဲကျော်စွာဝါရင့်အကျိုး ဆောင်ကိုမြင့်ကျော်မှပြောသည်။ စလစ် ဈေးတန်းမှာယခင်ကနှင့်စာလျှင် များစွာ ကျဆင်းသွားပြီး ယခုနာမည်ပေါက် 'ကျပ်၉၃ သိန်း' ခန့်ရှိနေသလို အပ် ကားနောက်ဆုံးအက္ခရာအမည်ပေါက် မှာလည်းအမှန်ဝယ်ယူလျှင်ကျပ်၈၈သိန်း ခန့်ရှိနေသေးကြောင်း၊ ၉၀/၉၂ ခုနှစ် ထုတ်ကားများမှာ အက္ခရာအလိုက် ၇၅ သိန်းမှ ၈၀ သိန်းစွန်းစွန်းခန့်ကြိုက် ရောင်း၊ ကြိုက်ဝယ်အရောင်းအဝယ်ရှိ နေကြောင်း ၎င်းမှပြောသည်။ မန္တလေးဈေးကွက်နှင့် အခြား မြို့နယ်များတွင် စလစ်ဈေးကွက်မှာ ရန်ကုန်ဈေးကွက်ထက် ၄/၅ သိန်းကွာ ဟနေပြီးအဝယ်နည်းပါးကြောင်းသိရသည်။ လတ်တလောရန်ကုန်ဈေးကွက်နှင့် နယ် ဈေးကွက်တွင်ပါအရောင်းအဝယ်ခပ်ပါးပါး ရှိနေသည်မှာ ၁၃၀၀ စီစီ အောက်နှင့် ၁၅၀၀ စီစီကားလေးများ ဖြစ်ပြီး ယခင် (၃)နှစ်ခန့်ကအခွန်ကြေးဆောင်ထားသော 'ဂ' အက္ခရာတန်း ကားဟောင်းများနှင့် ယခုကာလ 'ဂ' ၇၀၀၀ ကျော်မှစတင်၍ အသစ်တင်သွင်း ထားသော 'ဂ' တန်း 'ဃ' တန်း 'င' တန်း အုပ်စုဝင် တစ်ပတ် ရစ် ကားများ လက်လွှဲ လက်ပြောင်းပြန် ဝယ်ယူမှုများကြကြောင်းဝါရင့်ဝယ်ရောင်း ကြီးများမှ ပြောသည်။ သို့ရာတွင် နှစ်ကုန်ခါနီးလေ စီအိုင် အက်(ဖ်) သတ်မှတ်ချက် ထုတ်ပြန်ပေး မှုကာလပိုမိုနီးကပ်လေဖြစ်သဖြင့် ဈေး တန်းခိုင်မာမှုပိုလာပြီး ၂၀၀၄ နှစ်ဆန်း ကာလများတွင် ကားဈေးကွက်မှာ အရောင်းအဝယ်ပြန်မာလာနိုင်ကြောင်း ဝါရင့်ဝယ်ရောင်းများမှသုံးသပ်ကြသည်။SN