၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တဲ့ ပို့ကုန် ကုန်စည်တွေကတော့ ပြောင်းဖူးစေ့ ၃၉၇၇စီး ၁၂၈၀၂၈ တန်ကျော်၊နှမ်းဖြူ ၁၀၁ စီး ၂၇၇၃ တန်ကျော်၊ နှမ်းညို ၁၂၄ စီး ၃၃၁၁ တန်၊ နှမ်းနက် အစီး (၁၄၀) ၃၆၃၉ တန်ခွဲ၊ ရော်ဘာ ၃၃၇ စီး ၇၆၅၀ တန်၊ ပဲတီစိမ်း ၁၅၅ စီး ၄၁၃၃ တန်၊ ပဲလွန်းဖြူ ၂၂ စီး ၃၇၇ တန်ကျော်၊ ပဲကြီး ၆ စီး ၁၀၁ တန်ကျော်၊ မြေပဲဆန် ၅၈ စီး ၁၁၇၀ တန်၊ ဆန်ကွဲ ၃၃၂ စီး ၇၈၅၀ တန်ခွဲ၊
ကောက်ညှင်းဆန် ၃၅၆ စီး ၇၁၅၆ တန်ခန့်၊ နှံစားပြောင်း ၅၇ စီး ၁၅၄၄ တန်၊ ကြက်သွန်နီ ၈၂ စီး ၁၃၂၆ တန်၊ ကဏန်း ၅၈၈ စီး ၉၁၄ တန်ကျော်၊ ငါးရှဉ့် ၇၇ စီး ၃၁၁ တန်၊ ရေခဲငါးအစီး (၇၀) ၈၁၄ တန်နီးပါး၊ ဖရဲသီး ၃၈၃၂ စီး ၅၂၂၆၆ တန်၊ သခွားမွှေး ၈၈၇ စီး ၅၅၂၁ တန်ခွဲ၊ ဆီးသီး ၈၃ စီး ၄၆၉ တန်နဲ့ နနွင်းတက်၊ ချင်းစို၊ ချင်းခြောက်၊ ကောက်ညှင်းငချိတ်နဲ့ ပျားရည်တို့ ဖြစ်ပြီး၊ တရုတ်နိုင်ငံမှတင်သွင်းလာတဲ့ ကုန်စည် တွေကတော့ ဘိလပ်မြေ ၇၁၄၁ တန်ခွဲ ကား ၂၉၀ စီး၊ အချိုမှုန့် ၅၈၄ တန်ကျော် ကား ၁၇ စီး၊ ဆိုင်ကယ်၊ စက်ဘီးနဲ့ သုံးဘီးဆိုင်ကယ် ၆၈၄၃၉ စီးကိုကား ၅၂၆ စီး၊ ချည်ထုပ်နဲ့ ဖယောင်း ၃၅၈ တန်ကို ကား ၃၆ စီး၊ နို့မှုန့် ၁၀၈ တန်ခွဲကို ကား ၄ စီး၊ ဂျုံမှုန့် ၁၈၄ တန်နီးပါး ကား ၁၂ စီး၊ နေကြာစေ့ ၆၉၂ တန် ကျော် ကို ကား ၅၁ စီး၊ ကာနေးရှင်းပန်း ၁၃၅ တန်ကို ကား ၆၄ စီး၊ ပန်းသီး၊ ပန်း သစ်တော်နဲ့လိမ္မော်သီး ၁၁၀၄၂ တန်ကိုကား ၁၀၇၂ စီးတို့အပြင် ကြွေပြား၊ သံပြား၊ အလျူမီနီယံ၊ သံ၊ သံပိုက်၊ နန်းကြိုးခွေ၊ မြေဆီ၊ ပလပ်စတစ်၊ မီးခံအုတ်၊ ကော်ရည်၊ ဓာတုကုန်ကြမ်းနှင့် အမယ်စုံ လူသုံး၊ အိမ်သုံးပစ္စည်းများ တင်သွင်းလာခဲ့တယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သိရှိရပါတယ်။ မော်မော်အောင် MIRT (DCCA)