ကုန်ကြမ်းပေါ်စက သကြားဈေး ထိုးကျသွားသော်လည်း ယခုတစ်ပတ်မှာ စက်ပိုင်များမှ ကုန်ကြမ်းဈေး ပေးဝယ်နေခြင်း ကြောင့် သကြားဈေးထပ်ပြီး၊ မကျဆင်းဘဲ ဈေးပြန်လိုက်လာ ကြောင်း သိရပါတယ်။
ပြည့်ဝင်းမောင် သကြားစက်ပိုင် ဦးဝင်းဌေးက "ယခု တစ်ပတ်မှာ လည်ပတ်နေတဲ့စက်က များသွားပြီ။ စက်လည် အားကောင်းလာတော့စက်တွေက ကုန်ကြမ်းဈေးပေးပြီး ဝယ် တယ်။ စက်ကြီးတွေအပြင် စက်သစ်တွေလည်း စလည်နေကြ ပြီး၊ ကုန်အဝင်လည်း များနေတဲ့အတွက် သကြားဈေးက ထပ် မကျနိုင်တော့ဘူး။ စက်လည်ပတ်မှု ကောင်းနေတာဆိုတော့ ပွက်သား ၅၄၀ ကျပ်ဈေးကို ၅၅၀ ကျပ်ဈေးပေးမယ်ဆိုပြီး၊ ဈေးပေးဝယ်တဲ့သူ ဝယ်ကြတာပေါ့"လု့ိ ပြောပါတယ်။ ယခုကြံထွက်ရာသီမှာ ကြံထွက်နှုန်းကောင်းပြီး၊ တရုတ် နိုင်ငံဘက်မှလည်း ကြံထွက်ရှိနေခြင်းကြောင့် သကြား ဝယ်လို အားမရှိကြောင်း၊ ဧပြီလဝန်းကျင်မှသာ ပြည်တွင်းသကြားကို ဝယ်ယူနိုင်ချေရှိကြောင်း သိရပါတယ်။ လတ်တလောမှာ စက် များ လည်ပတ်မှု အားကောင်းလာခြင်းကြောင့် ဈေးကွက်ရှိ ပေါက်ဈေးထက် ဈေးပေးဝယ်ယူခြင်းရှိလို့ သကြားဈေး ကျ ဆင်းမှု မရှိနိုင်ကြောင်း၊ တောင်သူများအတွက် ပွက်ရည် တစ်ပိဿာ ၅၀၀ ကျပ်အောက် မရောက်ပါက အရှုံးမရှိနိုင် ကြောင်း သိရပါတယ်။ ဈေးနှုန်းများမှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့ထိ ပေါင်းသကြား ၈၇၀ ကျပ်မှ ၈၉၀ ကျပ်၊ တင်လဲရည် ၂၈၀ ကျပ်၊ ပွက်သား ၅၄၀ ကျပ် - ၅၅၀ ကျပ်၊ ခါသကြား ၆၇၀ ကျပ် - ၆၈၀ ကျပ်၊ ခါစက်ကျ ၃၇၀ ကျပ်မှ ၄၀၀ ကျပ်ဈေးနဲ့ ဈေးတန့်နေပြီး၊ ယခုလ ၁ ရက်နေ့မှာ ပေါင်းသကြားဈေး တစ်ပိဿာ ၉၀၀ ကျပ်နဲ့ ၉၂၀ ကျပ်ကြား ဈေးနဲ့ သကြားဈေးတက်ခဲ့ပြီး၊ ကုန်ကြမ်းဈေး (ပွက်သား) ဈေးမှာ ပုံမှန်ဈေးမှာသာရှိပြီး ဈေးအနည်းငယ်ပိုပေးပြီး၊ ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး