Main menu

Background

လှုံ့ဆော်တွန်းအားပေးအစီအစဉ်ကိုထပ်မံလျှော့ချဖို့ အမေရိကန်ဗဟိုဘဏ်ပြင်ဆင်

Thu, 02/06/2014 - 04:25 -- ydnar

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဘင်ဘာနန်ကီသဘာပတိအဖြစ် နောက် ဆုံးတာဝန်ယူဆောင်ရွက်တဲ့ ဗ ဟိုဘဏ်အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်ကစတင်ဖွင့်လှစ်ပြီး အများမျှော် လင့်ထားကြတဲ့အတိုင်းစီးပွားရေးလှုံ့ ဆော်တွန်းအားပေးအစီအစဉ်ကို ထပ် မံလျှော့ချပေးခဲ့ပါတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ်ရှစ်နှစ်ကြာတာဝန်ယူခဲ့တဲ့ ဘာနန်ကီက စီးပွားရေးလှုံ့ဆော်တွန်း အားပေးအစီအစဉ်ကို အပြီးသတ် ဆောင်ရွက်ဖို့ အဆိုပြုတင်ပြပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာဗဟိုဘဏ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးတော့မှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ကစီးပွားရေးတွန်း အားပေးအစီအစဉ်လျှော့ချမှုကို ဒီဇင် ဘာအတွင်းကပထမခြေလှမ်းအဖြစ် ဒေါ်လာ ၁၀ဘီလီယံလျှော့ချဖို့ဆုံးဖြတ် ခဲ့ပါတယ်။ ယခုရက်သတ္တပတ် အတွင်း ကျင်းပတဲ့ ဒီအစည်းအဝေးမှာလည်း နောက်ထပ်ဒေါ်လာ၁၀ဘီလီယံလျှော့ ချဖို့ စီစဉ်ထားပါတယ်။ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွတ်လပ် တဲ့ဈေးကွက်ကော်မတီ(FOMC)အစည်း အဝေးကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ အပြီးသတ်ကျင်းပခဲ့ပါတယ်။ FOMC အစည်းအဝေးကျင်းပချိန် မှာတစ်စိတ်တစ်ပိုင်းအားဖြင့် ဗဟိုဘဏ် ရဲ့ငွေဖြစ်လွယ်မှုအစီအစဉ်လျှော့ချမှု ကြောင့် ထွန်းသစ်စငွေကြေးတွေရဲ့ အခြေအနေအကျပ်ဆိုက်နေရချိန် ဖြစ်ပါတယ်။ ငွေကြေးတွေပြင်ပသို့စီးထွက်ပြီး နိုင်ငံငွေကြေးကျဆင်းနေတာကို တိုက် ဖျက်ဖို့ အိန္ဒိယဗဟိုဘဏ်ကလည်း အတိုးနှုန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်းမှ ဂ ရာခိုင်နှုန်းသို့ ရုတ်တရက်တိုးမြှင့် လိုက်ပါတယ်။ တူရကီဘဏ်ကလည်း အတိုးနှုန်းတွေ မြှင့်တင်ပေးဖို့အချက်ပြ ထားပါတယ်။ ထွန်းသစ်စဈေးကွက်တွေ မှာ ဒုက္ခပင်လယ်ဝေနေပေမဲ့ ဒီအခြေအနေ ကြောင့်အမေရိကန်ဗဟိုဘဏ်ရဲ့လျှော့ချ မှုအစီအစဉ် ကို ယိမ်းယိုင် သွားစေမှာ မဟုတ်ပါဘူး၊ အမေရိကန်ဗဟိုဘဏ် ကယခုနှစ်အတွင်း အတိုးနှုန်းတွေမြှင့် တင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ အတိုး နှုန်းကို သုညရာခိုင်နှုန်းနီးပါး ငါးနှစ်ကြာ ထားလာတဲ့ဗဟိုဘဏ်ကော်မတီကငွေကြေး မူဝါဒတင်းကျပ်ရမဲ့အခြေအနေတွေက ၂၀၁၅ ခု နှစ်မှသာဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။