မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ ပထမပတ် အတွင်းမှာ ကနီ၊ မင်းကင်း၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့ အထက်ချင်း တွင်းလိုင်းက ဆောင်းပဲသစ်တွေ အဝင် အနည်းငယ်သွက်လာတယ်လို့ သိရပါ တယ်။ မနှစ်က နထစသမအ ဝယ်လိုအား ကောင်းခဲ့တဲ့ ဟုမ္မလင်းဘက်က မြေ ထောက်ပဲတွေဒိုင်မှာ ဝင်ရောက်စပြုရာ ယခုတစ်ပတ်မှာတစ်တင်း၂၉၀၀၀ ကျပ် ထိ ဈေးကောင်းရခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ခန့်ထိ အရောင်းအဝယ် အား ကောင်းလာခဲ့တယ်လို့ သိရပါတယ်။
မနှစ်က ပဲဟောင်းကုန်ချိန်မှာ နထစသမအ ဝယ်လိုအားရှိလို့ ဈေးကောင်းရခဲ့ တဲ့ ပုဂံပဲဟာ ယခုတစ်ပတ်မှာ ဒိုင်ကို စတင်ဝင်ခဲ့ပြီး၊ ပေါ်ကာစက တစ်တင်း ၂၇၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ရာမှ ယခုတစ် တင်း ၃၀၀၀၀ ကျပ်ထိ ဈေးမြှင့်ဝယ်ယူမှု ရှိလာတာ တွေ့ရပါတယ်။ အရောင်း အဝယ် အနေနဲ့ တစ်ရက်အိတ် ၅၀ မှ ၁၀၀ ကြားသာရှိပေမဲ့ အခုလို ပေါက် ဈေး မြောက်နေရင် အညာကပဲတွေဒိုင် အဝင် တက်လာဖွယ်ရှိတယ်လို့ ပွဲရုံရပ် ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်ပဲလွန်းပြာ ဈေးကွက် မှာ ဒေသသုံးအပြင် နထစသမအ ဝယ်လက် ရှိခဲ့ပေမဲ့ ပစ္စည်းအဝင် နည်းသလို အဝယ်လည်းနှေးလို့ ယခုတစ်ပတ် အတွင်းတစ်တင်း ၁၄၇၀၀ ကျပ်မှာ ဈေးငြိမ်နေခဲ့တာတွေ့ရပါတယ်။ ကနီ မင်းကင်းဘက်က ထောပတ်ပဲအချို့ ဒိုင် ဈေးကွက်ထဲ ဝင်လာခဲ့ပြီး၊ ဒေသ ဝယ် လက်သာ ရှိခဲ့ရုံသာမက နထစသမအ လက် ပါ ရှိလို့ အရင်ကတစ်တင်း ၂၁၀၀၀ ကျပ်သာ ပေါက်ခဲ့ရာက ယခုတစ်ပတ် မှာတစ်တင်း၂၆၀၀၀ကျပ်ထိဈေးမြောက် ခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ မှ ၅၀၀ ကြား၊ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေး ကွက်က ဆိုပါတယ်။ထွန်းလှိုင် - မုံရွာ