Main menu

Background

ဆောင်းမှာ ကောင်းပြီး မိုးမှာလည်း မဆိုးပါ

Thu, 02/13/2014 - 04:09 -- ydnar

ပခုက္ကူကုန်စည်ဒိုင်ရဲ့ စားဖိုဆောင်သုံး သီးနှံလိုင်းဖြစ်တဲ့ ကြက်သွန်နီဈေးကွက်မှာ မိုးစိုက်ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်ရောင်းချနေတာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ထိပ်စတစ်ပိဿာ ၇၅၀ ကျပ်၊ ၇၀၀ ကျပ်၊ ၆၅၀ ကျပ်၊ ၆၂၅ ကျပ်၊ ၅၇၅ ကျပ်၊ ၅၅၀ ကျပ်ဈေးနှုန်း၊ အလတ်စတစ် ပိဿာ ၆၅၀ ကျပ်၊ ၅၀၀ ကျပ်ဈေးနှုန်း၊ အောက်စတစ်ပိဿာ ၁၅၀ ကျပ်၊ ၁၀၀ ကျပ်ဈေးတွေနဲ့ ကုန်စည်ဒိုင်ပြတ်ဈေး ရောင်းချနေကြတာတွေ့ရပါတယ်။

အဝင်တွေအနေနဲ့ နေ့စဉ် ပိဿာချိန်တစ်သောင်း၊ တစ်သောင်းခွဲကနေ အများဆုံး လေး သောင်းအထိ ဝင်တာကို တွေ့ရပါတယ်။ မိုးစိုက်ကြက်သွန် ဟာလှောင်လို့ကောင်းတဲ့၊ သင့်တဲ့သီးနှံမျိုးမဟုတ်ပါဘူး။ ဆောင်းရာသီ ဒီဇင်ဘာ၊ ဇန်နဝါရီမှာစိုက်၊ မတ်လနောက်ဆုံး ပတ်၊ဧပြီလမှာ လှိုင်လှိုင်ပေါ်တဲ့သီးနှံကြက်သွန်ကသာ လှောင် လို့ကောင်းတဲ့၊ သင့်တဲ့သီးနှံမျိုးပါ။ ယခင်နှစ်တွေက ဒီဇင်ဘာ မှာစိုက်၊ မတ်လနောက်ဆုံးအပတ်နဲ့ ဧပြီလမှာလှိုင်လှိုင်ပေါ်တဲ့ ကြက်သွန်နီသီးနှံများ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ Export  လဲ လုပ်၊ပြည်တွင်းမှာလည်းသုံး၊သက်တမ်းကုန်ဆုံးချိန်ကြားကာလ မှာ အသုံးပြုဖို့ မိုးစိုက်ကြက်သွန်ဆိုတာ သဘာဝယန္တရားက၊ ကာလတစ်ခုကို ဖြည့်ဆည်းပေးရင်း လူတို့ရဲ့ အားထုတ်မှုနဲ့ ပေါ်လာရတာပါ။ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို ကြက်သွန်အရောင်းအဝယ်ဖြစ်ရာ ပွဲရုံတန်းမှာ တွေ့တုန်းကြုံ တုန်း မေးမြန်း လေ့လာကြည့်တဲ့အခါ ယခင်နှစ်က ဆောင်း ကြက်သွန်များ အထွက်နှုန်း ကောင်းခဲ့သလို ဈေးနှုန်းကလည်း ရခဲ့တော့ ကြက်သွန်စိုက်တောင်သူများ စီးပွားရေးအဆင်ပြေ၊ လက်ထဲမှာလည်း ငွေရွှင်ကြတယ်လို့ အားရဝမ်းသာပြောကြ ပါတယ်။ အချို့ကလည်း နိုင်ငံတော်က Export  ဖွင့်ပေးခဲ့ တယ်လို့ သူတို့အမြင်ကို ပြောကြပါတယ်။ ကျွန်တော်တို့က လည်း ရှင်းပြရပါတယ်။ နိုင်ငံတော်အပိုင်းက နှစ်စဉ် Export  ပေးနေပါကြောင်း၊ ကိုယ့်နိုင်ငံမှာစိုက်သလို၊ သူ့နိုင်ငံမှာ လည်း စိုက်ပျိုးထွက်ရှိပါကြောင်း၊ ယခင်နှစ်က သူတစ်ပါး နိုင်ငံမှာ စိုက်ပျိုးသော်လည်း အပျက်များခဲ့လို့ အဝယ်များတာ ဖြစ်ကြောင်းရှင်းပြပါတယ်။ တစ်ဆက်တည်း မိုးစိုက်ကြက်သွန် အခြေအနေမေးကြည့်တော့ မိုးကြက်သွန်လည်း ယခုဈေး အနေဖြင့်တောင်သူများကိုက်နေပါကြောင်း၊အဆင်ပြေကြောင်း ပြောပြ ရှင်းပြ ကြပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်က ခင်ဗျားတို့ကြက်သွန်စိုက်တဲ့ တောင်သူတွေ ဆောင်းမှာလည်း ကောင်းသလို၊ မိုးမှာလည်းမဆိုးဘူးလို့ ပြောရမှာပေါ့ဆိုတော့ အားလုံးကပြုံးပြီး ဆရာကြီးပြောသလို ကျွန်တော်တို့အဖို့ ဆောင်းမှာကောင်းပြီး မိုးမှာလည်း မဆိုးပါဘူး၊ ဒီနှစ်ကြက်သွန် စိုက်လည်း ဧကတော်တော် များတယ်လို့ ပြောပြကြကြောင်း ပါ ခင်ဗျား။မြင့်ဦး-ပခုက္ကူ