Main menu

Background

အစိမ်းရောင် စက်မှုဇုန် သို့မဟုတ် စိမ်းလန်းစိုပြည်ရေး ဦးတည်သော စက်မှုနယ်မြေ ဖွ့ံ့ဖြိုးရေး ဆောင်ရွက်မှုများ

Mon, 02/24/2014 - 10:41 -- ydnar

ထိုင်းနိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်း ၅၀-၈၀ တွင် စမွတ်ပရာခန် (Samut Prakan) ၊ ချွန်ဘူရိ (Chon Buri)၊ ရေယောင်း (Rayong) အပါအဝင် မြို့ ပြဧရိယာ၏ အပြင်ဘက်တွင်သာ စက် မှု ဇုန်များကို တည်ထောင်ခဲ့ကြပါသည်။ စက်ရုံများကို မြို့ပြင်သို့ ပြောင်းရွှေ့ကြ သောကြောင့် အလုပ်သမားများနေထိုင် နိုင်ရန် စက်မှုမြို့များကို တည်ဆောက်ခဲ့ ကြပါသည်။ နှစ်ပေါင်းရာပေါင်းများစွာ က မြို့ပြစီမံကိန်းရေးဆွဲသူများ၏ စီမံ ကိန်းများတွင် စက်ရုံများသည် မြို့ အ တွင်း၌ ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ မည်သို့ ပေါင်းစပ်မည်ကို စဉ်းစားရန် ဖြစ်လာခဲ့ ကြောင်း၊ သို့ရာတွင် ယခုအခါ၌ စက်မှု ဇုန်/နယ်မြေစီမံကိန်းရေးဆွဲသူများသည် ဒေသအသိုက်အဝန်းများကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း သိရှိရပါသည်။

၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားစီး ပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု အဖွဲ့ (NESDB) မှ အဆိုပြု တင်ပြခဲ့သော ဂေဟစက်မှုမြို့ ဖွံ့ဖြိုးရေး သို့မဟုတ် ဂေဟစနစ်ထိခိုက်မှုမရှိသော စက်မှုမြို့ များဖွံ့ဖြိုးရေး (eco industry town development  အယူအဆကို အစိုးရ အဖွဲ့မှအတည်ပြုခဲ့ပါသည်။အစိုးရအဖွဲ့ မှ  NESDB နှင့် Eastern Seaboard Development Committee တို့အား နိုင်ငံတော်အဆင့်နှင့် ဒေသကြီးအဆင့် ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရန် တာဝန် ပေးအပ်ခဲ့ပါသည်။ (၁၁) ကြိမ်မြောက် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ ဖြိုးမှု စီမံကိန်း (၂၀၁၂-၂၀၁၆)တွင် အဓိကစက်မှုဇုန် ဧရိယာတွင် သဘာ၀ ပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေး နှင့်ဂေဟစက်မှုမြို့များဖွံ့ဖြိုးရေးဆိုသော အချက်ကို ထည့်သွင်းရေးဆွဲခဲ့ပါသည်။ စက်မှု ဝန်ကြီးဌာနသည် ဂေဟ စက်မှုမြို့ဖွံ့ဖြိုးပေါ်ပေါက်လာရေးအဓိက တာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အ စည်းဖြစ်ပါသည်။ ဂေဟစက်မှုမြို့ဖွံ့ဖြိုး ရေးငါးနှစ်စီမံကိန်း (၂၀၁၄-၂၀၁၈)၏ ရည်မှန်းချက်များကို သတ်မှတ်ရေးဆွဲခဲ့ ပြီး 11 Eco Industrial Town Model  ကိုဖော်ထုတ် ရေးဆွဲခဲ့ကြောင်း၊ ဒေသ (၁၁)ခု၌ ဂေဟစက်မှုမြို့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါ သည်။အဆိုပါဒေသ(၁၁)ခုမှာ  Rayong, Samutprakarm, Samutsakon, prajinburi, Chacheongsao, Cho-nburi, Ayut-thaya, Lumpoon, Khonkaen, Nakonrachsima နှင့် Songkla ပြည်နယ်များ ဖြစ်ပါသည်။ ဂေဟစက်မှုမြို့ ဖွံ့ဖြိုးရေးဆိုသည် မှာ အစိုးရဌာနများ၊ လုပ်ငန်းရှင်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေ သခံ ပြည်သူများ အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်၊ ဒေသတိုးတက်မှုတို့နှင့်အတူ စက်မှုလုပ် ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟူ၍ အဓိပ္ပါယ်သတ် မှတ်ထားပါသည်။ ၂၁၀၀ ပြည့်နှစ်၌ ထိုင်းနိုင်ငံ စက် မှုနယ်မြေအာဏာပိုင်အဖွဲ့ (Industrial Estate Authority of Thailand -IEAT) သည် စီးပွားရေး၊ သဘာ၀ ပတ် ဝန်းကျင်၊ လူမှုအဖွဲ့အစည်း၊ ဥပဒေနှင့် နည်းပညာတို့အကြား ဟန်ချက်ညီမှုကို  အခြေခံ၍ ဂေဟစက်မှုမြို့တစ်ခု၏ ရှု ထောင့်   (dimensions) (၅)မျိုးနှင့် လက္ခဏာ/ကဏ္ဍ(၂၂)ခုတို့ကို ဖော် ထုတ် သတ်မှတ်ခဲ့ပါသည်။ အဆိုပါ အ ချက်များတွင် စိမ်းလန်းစိုပြည်သောဧရိ ယာ (green area)  များအတွက် စုစု ပေါင်းမြေဧရိယာ၏ ၁၀ ရာခိုင်နှုန်း လျာ ထားခြင်း၊ (၂) နှစ်အတွင်း ဥပဒေနှင့် မညီညွှတ်သော ရေသုံးစွဲမှု၊ အညစ်အ ကြေး စွန့်ပစ်မှုနှင့် ပတ်သက်၍ တိုင် ကြားချက် (လုံးဝ)မရှိခြင်းစသည်တို့ပါ ဝင်ကြောင်း သိရှိရပါသည်။ ဂေဟစက်မှုမြို့အတွက် သတ်မှတ် ထားသော ရှုထောင့်များအလိုက်လက္ခ ဏာသွင်ပြင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က)    သဘာ၀ တရား -    ရှုခင်း/မြေ အသုံးချမှု/ စိမ်းလန်းစိုပြည်သော ဧရိ ယာ -    အခြေခံ အဆောက်အဦ များအတွက် ဂေဟစနစ် နှင့် လိုက်လျော ညီထွေရှိ သော ဒီဇိုင်း -    စွမ်းအင်ကို ထိရောက်စွာ အသုံးပြုခြင်းနှင့် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုမရှိ သော အဆောက်အဦ/ စိမ်းလန်းစိုပြည်ရေးဦးတည် သော အဆောက်အဦ (ခ)    စီးပွားရေး -    စက်မှု ကဏ္ဍများမှ နယ် မြေနှင့် နိုင်ငံစီးပွားရေးတိုး တက်မှု (provincial and country economic growth from industrial sectors) -    ဒေသ၏ စီးပွားရေး တိုး  တက်မှု   (economic growth of  local area) -    ဒေသ အသိုက်အဝန်း/ ဒေသခံများ၏ စီးပွားရေး တိုးတက်မှု  (economic growth of community) (ဂ)    သဘာ၀ ပတ်ဝန်းကျင် -    ရေ အရည်အသွေး -    လေအရည်အသွေး -    စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု -    စွမ်းအင်စီမံခန့်ခွဲမှု -    ဆူညံမှုထိန်းချုပ်ခြင်း -    ထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် ထုတ်ကုန် -    Eco Efficiency -    ကျန်းမာရေးနှင့်လုံခြုံရေး -    သယ်ယူပို့ဆောင်ရေး -    စက်မှု လုပ်ငန်း ဆိုင်ရာ သဟဇီ၀ (industrial symbiosis) (ဃ)    လူမှုရေး -    အလုပ်သမားများ၏ လူမှု ဘဝသာယာရေး(ပျော်ရွှင် ဖွယ်ကောင်းသောအလုပ် ခွင်) -    ပတ်ဝန်းကျင်ရှိ လူများ၏ လူမှုဘဝ  သာယာရေး (ပျော်ရွှင်ဖွယ်  ကောင်း သော အသိုက်အဝန်း) (င)    စီမံ ခန့်ခွဲမှု -    ပါဝင်ဆောင်ရွက်မှု -    သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံစိတ်ချရမှုမြှင့်တင်ရေး -    ပုဂ္ဂိုလ်ရေးအရ ဖွံ့ဖြိုးတိုး တက်ရေး -    အများပြည်သူသိအောင် အသိပေးအကြောင်းကြား ခြင်းနှင့် သတင်း ထုတ်ပြန် ခြင်း ထို့ပြင် ထိုင်းနိုင်ငံ စက်မှုနယ်မြေ အာဏာပိုင်အဖွဲ့(IEAT)သည်သဘာ၀ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိသောစက်မှုဇုန်များ/ဂေဟစနစ်ထိခိုက် မှု မရှိသော စက်မှုဇုန်များ (eco- industrial parks) ဖွံ့ဖြိုးလာစေရန် ဂျာမန် အကြံပေး  Mr.Andreas Koenig   ကို ငှားရမ်းခဲ့ပါသည်။ ဂေဟ စက်မှုမြို့နမူနာ(ပုံစံ)မရှိသောကြောင့် ဂေဟစက်မှုမြို့ဆိုင်ရာ အယူအဆ/ သ ဘောထား၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များ ရှုပ် ထွေးနေခြင်းတို့ကို ရှင်းပြရခြင်းသည် ၎င်းင်းအလုပ်၏ အခက်ခဲဆုံးအပိုင်း ဖြစ် ကြောင်း Mr.Koenig ကပြောကြားခဲ့ ပါသည်။ ကမ္ဘာအဝှမ်းတွင် မြို့များ အတွက် ဘက်ပေါင်းစုံ ပေါင်းစည်းထားသော ဂေဟစက်မှုဇုန်စီမံကိန်းများမရှိကြောင်း အဆိုပါလုပ်ငန်းတွင် အတွေ့အကြုံအ နှစ်(၂၀)ရှိသော Mr.Koenig  က ပြောကြားခဲ့ပါသည်။ မတ်ဆာချူဆက် (Massachusetts) ရှိဒီဗင် (Devens) ၏ပုံစံသည် အလိုအလျောက် (၎င်း၏ပုံစံ ကိုက) ရေရှည် ဖွံ့ဖြိုးတိုးတက်သော အသိုက်အဝန်း(sustainable community)  အဖြစ်ရှိနေကြောင်း သိရှိရပါ သည်။ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ပေါင်းစပ်ဆက်နွယ်မှုရှိနေစေရန် သေ ချာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်သွားသော်လည်း ဒေသအနေ ဖြင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့မည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံသည် အဆိုပါပြဿ နာမျိုးကို ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါ သည်။ ၂၀၀၉ ခုနှစ်၌ Stop Global Warming Association  သည် Map Ta Phut  စက်မှုနယ်မြေ၌ စီမံကိန်းများ ကို ဆိုင်းငံ့သွားစေရန်ဒေသ၏ ကျန်းမာ ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိကြောင်းကိုးကား၍ စည်းရုံး လှုံ့ဆော်မှု အစီအစဉ်ကို ဦးဆောင်ခဲ့ပါ သည်။ ဗဟိုအုပ်ချုပ်ရေးတရားရုံး (central administrative court)  မှစက်မှု လုပ်ငန်းစီမံကိန်းအများစုအား တစ်နှစ် နီးပါး ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ ဂေဟစက်မှုမြို့ အယူအဆအရ နောင်တွင် တည်ဆောက်မည့် စက်မှု နယ်မြေများကို အုပ်စုအလိုက် တည် ထောင်မည်ဖြစ်ကြောင်း IEAT  အုပ် ချုပ်ရေးမှူး Mr.Verapong က ပြော ကြားခဲ့သည်။ ပလတ်စတစ်၊ လေယာဉ် ထုတ်လုပ်မှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ဖျော်ဖြေမှု၊ ဝန်ဆောင်မှု၊ ခရီးသွား လုပ်ငန်းတို့အပြင် အသေးစားနှင့် အ လတ်စားစီးပွားရေးလုပ်ငန်းများစသည့် အုပ်စုများပါဝင်မည်ဖြစ်ပါသည်။ အဆို ပါဆောင်ရွက်မှုသည် စက်မှုကဏ္ဍနှင့် ဒေသများအကြားအငြင်းပွားမှုကိုလျှော့ ချရန်သာဖြစ်ကြောင်း ဥပဒေ ပညာရှင် နှင့် လှုပ်ရှား ပြောင်းလဲရေး ဝါဒီ Mr.Srisuwan  က ပြောကြားပါသည်။ အစိုးရနှင့် စက်မှုကဏ္ဍသည် ဒေ သခံများ၏ ပါဝင်ဆောင်ရွက်မှုကို ကြို ဆိုခြင်းမရှိသေးကြောင်း ဝေဖန်ကြပါ သည်။ သို့ရာတွင် စက်မှုအမြဲတမ်းအ တွင်းဝန်နှင့် IEAT ၏ဥက္ကဋ္ဌဖြစ်သူ Mr.Witoon က ဂေဟစက်မှုမြို့များ တည်ထောင်ခြင်းနှင့်ပတ်သက်၍ ရှင်း လင်းသောလက္ခဏာရပ်များ/သတ်မှတ် ချက်များရှိကြောင်း၊ စက်မှုဝန်ကြီးဌာန ၏အစိမ်းရောင်စက်မှုလုပ်ငန်းနည်းလမ်း များ/ စီမံချက်များသည် ဒေသခံများ ၏ သဘောထားမှတ်ချက်များကို ထည့် သွင်းစဉ်းစားထားကြောင်း တုံ့ပြန်ပြော ကြားခဲ့ပါသည်။ ယခင်က အစိမ်းရောင် စက်ရုံ (green factory) ရွေးချယ်မှုကို အစိုးရ မှဆုံးဖြတ်ခဲ့ကြောင်း၊ ယခုအခါ ရွေး ချယ်ရေးလုပ်ငန်းစဉ်တွင် ဒေသခံများ ပါ ဝင်ကြောင်း၊ စက်မှုနယ်မြေများတွင် မ တော်တဆထိခိုက်ဒဏ်ရာရမှု အရေအ တွက်အလွန်နည်းကြောင်း၊ သို့ရာတွင် ဖြစ်ပေါ်ခဲ့သည့် မတော်တဆများသည် ပြင်းထန်ကြောင်း၊ အငွေ့ပြန်လွယ်သော organic compounds  ယိုစိမ့်မှု သို့မ ဟုတ်ပေါက်ကွဲမှုများဖြစ်လေ့ရှိကြောင်း သိရှိရပါသည်။ စက်မှုနှင့် မြို့ပြဖွံ့ဖြိုးမှုကို ပေါင်း စည်း ရေးဆွဲထားသော စီမံကိန်းများ သည် အဓိကကျကြောင်း၊ ထိုင်းနိုင်ငံ၌ ပေါင်းစည်းထားသော ဖွံ့ဖြိုးမှုပုံစံထက် ဒေသများစွာသို့ ပြန့်ကျဲနေခြင်းက ပိုများ ကြောင်း၊Map Ta Phut  အနေဖြင့် ဖိတ်လျှံလာသော (ဆက်စပ်ဖြစ်ပေါ် လာသော) အကျိုးသက်ရောက်မှုကို ရယူရုံသာမက ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း  Mr.Koenig  ကသုံးသပ်ပါသည်။ IEAT သည် အိမ်ရာ/နယ်မြေ ၄၉ ခုအား ၂၀၁၉ ခုနှစ်၌ဂေဟစက်မှု မြို့ဖြစ်လာစေရန် ရည်မှန်းထားပါသည်။ ဂျပန်နိုင်ငံ၏ ခိတကျူရှုပုံစံ (Kitaky ushu Model)  ကိုအခြေခံ၍ Rayong တွင် ဂေဟစက်မှုမြို့ဆိုင်ရာ ရှေ့ပြေး စီမံကိန်းတစ်ခု ဆောင်ရွက်ရန် အမျိုး သား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအဖွဲ့ (NESDB) မှ အဆိုပြုတင်ပြခဲ့သည့် စီမံ ကိန်းကိုအစိုးရမှ အတည်ပြုခဲ့ပါသည်။ ခိတကျူရှုမြို့ကို အကြီးစား စက်မှုလုပ် ငန်းများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ အထင်ရှားဆုံးဒေသများအနက်တစ်ခု အဖြစ် အသိအမှတ်ပြုထားပါသည်။ ပြန်လည်အသုံးပြုခြင်း၊ လျှော့ချ ခြင်းနှင့် အသုံးပြုပြီးပစ္စည်းကို ထပ်မံ အသုံးပြုနိုင်အောင်ဆောင်ရွက်ခြင်းတို့  သည် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သို့မ ဟုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သော စက်မှုနယ်မြေတစ်ခု၏ ကဏ္ဍ တစ်ခု/အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ ဆောင်ရွက်မှုများ မြှင့်တင်ရာ တွင် ကောင်းမွန်သော ခိတကျူရှု ၏ နည်းလမ်းသည် ထိုင်းနိုင်ငံအတွက် ပုံစံ တစ်ခုမဟုတ်ဟု Mr.Koenig  ကယူဆ ကြောင်းသိရှိရပါသည်။ လောလောဆယ်တွင် စက်မှုနယ် မြေ ၃၆ ခုအနက် နယ်မြေ ၁၂ ခု အား ဂေဟစက်မှုမြို့အဖြစ် ပြောင်းလဲရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။ အဆိုပါ စက်မှုနယ်မြေ/ဇုန်များမှာ  Bangpu, Northern Region,Eastern Seaboard,Samu Sakhon,Laem Chabang,Amata Nakhon,Nong khae,Bang Chan, AmataCity, Lat Krabang,Bang Phli နှင့် Bang Pa-in တို့ဖြစ်ပါသည်။ IEAT သည် ၂၀၁၄ ခုနှစ်တွင် စက်မှုနယ်မြေ (၄)ခုအား ဂေဟမြို့အဖြစ်ပြောင်းလဲရန် စီမံကိန်း ရေးဆွဲပြီးဖြစ်ပါသည်။ IEAT  ၏ ညွှန်ကြားချက်များနှင့် အညီ IEAT  နှင့်စက်မှုလုပ်ငန်းများဌာန ပူးတွဲကော်မတီက ရွေးချယ်ခဲ့သော ဂေဟစက်မှုမြို့ ဖြစ်လာရန် သင့်လျော် သည့် အိမ်ရာ ၁၂ ခုတွင် Amata ကုမ္ပဏီ၏ စက်မှုနယ်မြေ ၂ ခုပါဝင်ပါ သည်။ Amata  ကုမ္ပဏီသည် ထိုင်းနိုင် ငံနှင့် ပြည်ပနိုင်ငံများရှိ ၎င်း၏စက်မှု နယ်မြေများတွင် "smart city"ဟူသော ၎င်း၏ ကိုယ်ပိုင်အယူအဆကို ကျင့်သုံး ကြောင်း၊ စွန့်ပစ်ပစ္စည်းများကို စောင့် ကြည့် စစ်ဆေးခြင်းနှင့် စွမ်းအင် ထိ ရောက်စွာ အသုံးပြုခြင်းတို့ကို အဓိက ဦးတည်ဆောင်ရွက်ကြောင်းသိရှိရပါသည်။ ဂေဟစက်မှုမြို့မဟာစီမံကိန်း၊ စက် မှုလုပ်ငန်းဆိုင်ရာ စက်ရုံများ၊ အနီးပတ် ဝန်းကျင်ဒေသများ၊ သဘာဝပတ်ဝန်း ကျင်တို့အကြား တည်မှီနေသည်ဆို သည့် အခြေခံသဘောတရားနှင့် အညီ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် "Eco Symbiosis"   ဟုခေါ်သော စီမံကိန်း ကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ စက်မှုဇုန်များအနေဖြင့် Eco Symbiosis ကိုအခြေခံ၍ ၎င်းတို့၏စီမံကိန်းများ သို့မဟုတ် ဆောင်ရွက်မှုများကို ယှဉ် ပြိုင်မှုအတွက် ပေးပို့နိုင်ပါသည်။ ဥပမာအားဖြင့် ကွန်ကရစ်တုံးများ (concrete blocks)  အတွက်ကုန်ကြမ်း များကို စွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ် ခြင်း၊ မြေကြီးအိမ်များ (earthern houses)  တည်ဆောက်ပြီးနောက် ၎င်းတို့ကိုစာကြည့်တိုက်များအဖြစ် ပြောင်းလဲခြင်း၊ အသင့်စား အစားအစာ စက်ရုံများအတွက် ဟင်းသီးဟင်းရွက် များစိုက်ပျိုခြင်း စသည့်ဆောင်ရွက်မှု များဖြစ်ပါသည်။ ဆောင်ရွက်မှုများကို အကဲဖြတ်ရာတွင် တီထွင်ဖန်တီးမှု၊ ဒေ သများအတွက် အကျိုးရှိမှု၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု၊ပူးပေါင်းဆောင်ရွက်မှုစသည့် အချက်များပါဝင်ကြောင်းသိရှိရပါသည်။ ယနေ့အချိန်အခါတွင် နိုင်ငံများ စွာသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထားဆောင် ရွက်လျက်ရှိကြပြီး စိမ်းလန်းစိုပြည်ရေး ဦးတည်သော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေး ကြိုးပမ်းလျက်ရှိနေ ကြပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာဒေသအသိုက်အဝန်းနှင့် စက် မှုလုပ်ငန်းများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုး တက်လာစေရေး အလေးထားစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ စီးပွားရေးစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂေဟ စနစ်ထိခိုက်မှုမရှိသော သို့မဟုတ် သ ဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေရှိသော စီးပွားရေးလုပ်ငန်းများဖြစ် ထွန်းလာရေးကို ဦးတည်ဆောင်ရွက် သင့်ပါကြောင်း၊ စက်မှုဇုန်များ (စက်မှု ဇုန်ဖွံ့ဖြိုးရေးဆောင်ရွက်သူများ)၊ ဒေသ အသိုက်အဝန်းများ၊ ဒေသခံအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် စီမံ ကိန်းများအောင်မြင်ရေးအတွက်အဓိက သော့ချက်ဖြစ်ကြောင်း ယူဆမိပါသည်။ သို့ပါ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး သည်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသအသိုက်အဝန်းဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူဖြစ်စေကြောင်း၊ ဂေဟစနစ်ထိခိုက်မှုမရှိစေသော စက်မှု လုပ်ငန်းဖွံ့ဖြိုးရေးသည် ဒေသဖွံ့ဖြိုးရေး အတွက်သာမက နိုင်ငံ၏ စီးပွားရေးရေ ရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အ ကူဖြစ်စေကြောင်း သိရှိနိုင်စေရန်အ တွက် စည်းရုံးလှုံ့ဆော်ရေးအစီအစဉ် များ၊ တွေ့ဆုံဆွေးနွေးပွဲများကို စီမံချက် များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုး တက်သော စက်မှုနိုင်ငံဖြစ်လာရေးဦး တည်လျှောက်လှမ်းလျက်ရှိရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ် သော အခြေခံအဆောက်အဦစီမံကိန်း များ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာစီမံ ကိန်းများရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပါသည်။ အဆိုပါစီမံကိန်းများ အထူးသဖြင့် စက် မှုလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းများ ရေးဆွဲရာတွင် ဂေဟစနစ်နှင့် လိုက် လျောညီထွေရှိသော ဆောင်ရွက်မှုများ ကို တွန်းအားပေးသည့် အချက်များကို ထည့်သွင်းရေးဆွဲရန် အရေးကြီးပါ ကြောင်း တင်ပြအပ်ပါသည်။ စိမ်းလန်းစိုပြည်ရေးဦးတည်သော ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဆိုပါက ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသော ဒေသအသိုက်အဝန်းမှသည် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး တစ် ကမ္ဘာလုံးမှ အလေးထားဆောင်ရွက်နေ သောအစိမ်းရောင်အယူအဆသဘော ထားနှင့်အညီ နိုင်ငံတော်၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည် မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း သုံး သပ်တင်ပြအပ်ပါသည်။ရည်ညွှန်းချက်များ-    Thailand Country Report, Regional Workshop on Eco- Industry Cluster (2-4 Dece mber 2013,ADBI,Tokyo, Japan)-    Green Industry Manual(5th Edition),the Ministry of Industry,Thailand-    Marching into the future with sustainability, Industrial Estate Authority of Thailand-    Bangkok Post, 30-1-2014
 
 
ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘန်ကောက်မြို့