Main menu

Background

အလုပ်ထွက်သင့်တဲ့အချိန်

Mon, 03/03/2014 - 14:27 -- ydnar

အမေရိကန်ပြည်ထောင်စုတွင် ယမန်နှစ် နိုဝင်ဘာလက မိမိသဘောအလျောက်အလုပ်မှနုတ်ထွက်သွားသူအရေအတွက် ၂ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့သည်။ စီးပွားရေးကျဆင်းချိန် (Recession) ကျော်လွန်ခဲ့ပြီးနောက်တွင် အလုပ်ထွက်နှုန်း အမြင့် ဆုံးဖြစ်နေသည်။ အရေအတွက် ကိန်းဂဏန်းဖြင့် ဆိုလျှင် အလုပ်သမားပေါင်း ၂ဒဿမ၄သန်းအထိ လက်ရှိအလုပ်မှ နုတ်ထွက်ခဲ့ ခြင်းဖြစ်သည်ဟု ဝေါစထရိဂျာနယ်(Wall Street Journal)တွင် ဖော်ပြခဲ့သည်။ ထိုသို့ထွက်သွားကြ သူများထဲတွင် အလုပ်မှအငြိမ်းစားယူလိုက်သူ၊ အခြားတစ်နည်းနည်းဖြင့် ထွက် သွားသူများပါဝင်နိုင်မည် ဖြစ်သော်လည်း အလုပ်ထွက်သူအများ စုမှာ အခွင့်အရေးပိုကောင်းမည့် အလုပ်အကိုင်သစ်များသို့ ပြောင်းရွှေ့သွားကြခြင်းဖြစ်သည်။

 
အလုပ်မှ ထွက်သွားခြင်းသည် အလုပ်ထွက်သူ တစ်ဦး တစ်ယောက်ချင်းအတွက် ကောင်းနိုင်သလို တိုင်းပြည်စီးပွားရေး အတွက်လည်း ကောင်းသည်ဟု ဘောဂဗေဒပညာရှင်တို့က ဆိုခဲ့ဖူးသည်။ အလုပ်ထွက်နှုန်း များလေလေ၊ လုပ်ခလစာတိုးဖို့ မြန်ဆန်လေဖြစ်သည်။ လုပ်ခလစာဆိုသည်မှာ တော်ရုံတန်ရုံ ဖြင့် တိုးမြှင့်ပေးတတ်လေ့ မရှိပေ။ စီးပွားရေး အခြေအနေ ကောင်းနေချိန်ဆိုလျှင် အလုပ်ထွက် နှုန်းပိုများလာတတ်သည်။ထိုသူတို့က မိမိတို့ရှေ့ရေး အလားအလာကို အကောင်း ပိုမြင်ကြ သည်။ အလုပ်သမားတစ်ဦး အလုပ်ထွက်သွားသည်ဆိုလျှင် တခြား တစ်ဦးဦးအတွက် အလုပ်ရနိုင်မည့် အခွင့်အလမ်း တစ်ခု ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ ကျောင်းမှ ဘွဲ့ရပြီးထွက်လာ သည့် လူငယ်တစ်ဦးဦး ချက်ချင်း အလုပ်ရဖို့အတွက်လည်း ဖြစ် နိုင်သည်။ သို့သော်လည်း နောက်လုပ်ကိုင်ဖို့အတွက် အလုပ်တစ် ခုခု အဆင်သင့် မရှိဘဲ၊ အလုပ်ထွက်ဖို စိတ်ကူးသင့်သည်တော့ မဟုတ်ပေ။သို့သော်လည်းအလုပ်မှထွက်သွား ရန် အလံနီလှုပ်ပြ ပြီး နှိုးဆော်သတိပေးနေသည့် သင်္ကေတလက္ခဏာများ ရှိနေ သည်။
အလုပ်ကိုမနှစ်မြို့ခြင်း အချို့အလုပ် အကိုင်များသည် စိတ်ကူးမြင်မက်ထားသည့် ရာထူးနေရာသို့ ရောက်ရှိနိုင်ရန် ခြေနင်းခုံအဖြစ် မလွဲမသွေ ကျော်နင်းသွားရမည့် ခြေနင်းခုံဖြစ်သည်။ ရေရှည်အကျိုးကို ကြည့်ခြင်းဖြင့် တော်ရုံတန်ရုံ မနှစ်မြို့ဖွယ်ကိစ္စများကို ကျော်လွှား ဖြတ်သန်း သွားနိုင်ပါလိမ့်မည်။ သို့သော် လည်းရှေ့သို့ တက် လှမ်းချင်စိတ် မရှိတော့အောင် လက်ရှိအလုပ်ကလမ်းမှားသို့ တွန်းပို့နေမည်ဆိုလျှင်တော့ထွက်ဖို့စဥ်းစားသင့်ပေလိမ့်မည်။ မိမိ အထက်အဆင့်နှစ်ဆင့်တွင် ရောက်နေသည့်ပုဂ္ဂိုလ် ဘာလုပ် နေသလဲဆိုတာ သတိထားပြီးကြည့်ပါ။ ထိုအထက်ဆင့် ပုဂ္ဂိုလ် ၏ အထက်မှာရှိနေသည့် အကြီးအကဲသည် နှစ်သက်လိုလား ဖွယ် ကောင်းနေပါလျှင် မိမိသည်လမ်းကြောင်းမှန်ပေါ် ရောက် နေပြီဟု တွက်ဆနိုင်ပါသည်။ ထိုသို့မဟုတ်လျှင်တော့ နောက် အလုပ်တစ်ခုရှာထားဖို့ စဉ်းစားရလိမ့်မည်။ ကိုယ်ရောစိတ်ပါ ဖျားချင်လောက်အောင် စိတ်ဖိစီးမှုဖြစ်စေ သဖြင့် မိမိ၏ အိမ်ထောင်ဖက်၊ မိမိ၏ မိသားစုဝင်များနှင့် ဆက်ဆံရေးကို ထိခိုက် လာစေသည်အထိဖြစ်ရသည်။ နောက် တစ်နေ့ အလုပ်သွားဖို့ကိုပင် ပူပန်စိုးရိမ်နေရသည့် အလုပ်မျိုး ဖြစ်နေလျှင် ထိုအလုပ်မှ ထွက်ဖို့အချိန်တန်နေပြီ ဖြစ်သည်။
အလုပ်တွင် အံမဝင်နိုင်ဖြစ်နေခြင်း အလုပ် ဌာနထဲဝင်လာပြီးခြောက်လ၊ တစ်နှစ် ခန့်ကြာမြင့် လာသည့်တိုင် အလုပ်ဌာနနှင့် အကျွမ်းတဝင် ဖြစ်မလာဘူး ဆိုပါလျှင် ထိုအလုပ် ဌာန မျိုးမှာ အောင်မြင် တိုးတက်လာ နိုင်မှာ မဟုတ်ပေ။ မိမိ လုပ်နေသည့် ဌာန အဖွဲ့အစည်း တွင် အချိန် ကာလ အတန် ကြာသည်အထိ တစိမ်း ပြင်ပြင် ဖြစ်နေသည် ဆို လျှင် မိမိလုပ်ချင်ကိုင်ချင် သမျှတို့သည် ထော်လော် ကန့်ကန့် ဖြစ်နေပေလိမ့်မည်။ ထိုအလုပ်မျိုးမှာ ဆက်လုပ်နေလို့ အကျိုးရှိ နိုင်တော့မှာ မဟုတ်သဖြင့် မြန်မြန်ထွက်နိုင်မှ တော်ပေလိမ့်မည်။
ငရဲပြည်မှလာသော အကြီးအကဲ (Boss from hell)နှင့် တွေ့ကြုံရခြင်း။ အလုပ်ထွက်သူ အများစုသည် အလုပ်မှ ထွက် ခြင်းမဟုတ်ဘဲ၊အကြီးအကဲလုပ်သူထံမှ ထွက်ခွာသွား ကြခြင်းဖြစ်သည်။ ခက်ထန် ကြမ်းကြုတ်သော ထိုအကြီး အကဲကို ဆန့်ကျင်သည် ဖြစ်စေ၊ ဝန်ထမ်းရေးရာ အထက် အဖွဲ့အစည်းသို့ တိုင်ကြားသည်ဖြစ်စေ၊ ထိုနှစ်မျိုးစလုံးမှာ တိုးတက် ကောင်းမွန်လာမှာမဟုတ်သည့်ပြင် ပို၍ပင် ဆိုး ဝါး သွားစေနိုင်သည်။ သို့ဆိုလျှင် ထိုဌာန အဖွဲ့အစည်း နှင့် လမ်းခွဲသွားရန်သာ ရှိတော့သည်။
အရည်အချင်းပြည့်မီ ကျော်လွန်နေခြင်း (Over-qualified) မိမိ၏အလုပ်မှာ အပြောင်းအလဲမရှိ ပုံမှန် အတိုင်း လုပ်ရဖန်များလာလျှင် ထိုအလုပ်ကို အိပ် ပျော်နေစဉ်မှာပင် ကောင်းကောင်းလုပ်နိုင်လာသည်။ ထိုသို့ဆိုလျှင် အခြားအလုပ်တစ်ခုခုကို ရှာဖွေရတော့မည့် အချိန် ဖြစ်သည်။ အထက်တွင် ဆက်တက်နိုင်မည့် ရာထူးအဆင့်များ ကို မြင်နေရသော်လည်း မိမိမှာ တက်လမ်းမရောက်နိုင်ဘဲ ပိတ် ထားသည့်လမ်းဆုံးမှာပင် နေမြဲအတိုင်း တွယ်ကပ်နေရသည်ဆို လျှင် ထွက်ပေါက်ဆီသို့ ဦးတည် ရမည့်အချိန်ဖြစ်သည်ဟု စီမံ ခန့်ခွဲရေးပညာရှင်၊ သြဂတ်စတင်းAugustine က အကြံပြု ထားသည်။ ကျင့်ဝတ်နှင့်မညီသော(Unethical) သို့မဟုတ် ဥပဒေ နှင့် မညီသော (Illegal)  အလုပ် တစ်ခုခုကို လုပ်ရန် တာဝန် ပေးခံရပါက၊ ထိုသို့ပြုလုပ်ခြင်းကို မည်မျှ မသိနိုင်သည့်တိုင် မိမိ၏ စိတ်ပိုင်း ဆိုင်ရာတွင် ပြန်လည်ရိုက်ခတ်မှုများ (Psy-chological repercussions)  အကြိမ်ကြိမ် ဖြစ်ပေါ်နေတတ်သည်။ ထိုအလုပ်မျိုးကို လုပ် ရသည့် ကာလ ကြာမြင့်လာသည်နှင့်အမျှ မိမိ အလုပ်ဌာန (ကုမ္ပဏီ)၏ ကျင့်ဝတ်နှင့်မလျော် ညီသော သို့မဟုတ်ကျင့်ဝတ်ကင်းမဲ့သော အပြု အမူသည် မိမိ ကိုယ်ပိုင် အလေ့အကျင့်ဖြစ်လာ နိုင်သည်။ "ဝန်ထမ်း များသည် ကြီးကြပ်အုပ်ချုပ် သူတို့၏ အပြုအမူကို စံနမူနာယူလေ့ရှိရာ ထို အပြုအမူသည် မိမိကိုယ်တိုင် လုပ်ကိုင်ဆောင် ရွက်သည့် အလုပ်များအတွက် စံတစ်ခု ဖြစ်လာ တတ်သည်"ဟု စီမံခန့်ခွဲမှုပညာ ပါမောက္ခ ပေါလ် ဟာဗေး( Paul Harvey) က ရေးသားထားသည်။ တခြားအလုပ်ဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်သည့် တိုင် မိမိ၏ဆောင်ရွက်ပုံနှင့် နည်းဗျူဟာ တို့ မှာ ယခင် အလေ့အကျင့်ဟောင်းများ စွဲကပ် နေသဖြင့် အခက်တွေ့ရနိုင် သည်ဟု ဆိုပါသည်။                   Ref; business.time.com