မော်တော်ယာဉ် လုပ်ငန်းကဏ္ဍဆိုင်ရာ မူဝါဒများ အီးယူသည် ကမ္ဘာပေါ်တွင် မော်တော်ကား အများဆုံး ထုတ်လုပ်သောဒေသ ဖြစ်ပါသည်။ မော်တော်ကားလုပ်ငန်း သည် အီးယူ၏ အဓိက စက်မှုလုပ်ငန်းကဏ္ဍလည်း ဖြစ်ပါ သည်။ ၎င်းကဏ္ဍတွင် လည်ပတ်နေသောငွေပမာဏမှာ ယူရို ဘီလီယံ ၇၀၀ ခန့်ရှိပြီး အခြားသော လုပ်ငန်းကဏ္ဍများ ဖြစ်သည့် သံမဏိလုပ်ငန်း၊ ဓာတုဗေဒပစ္စည်းထုတ်လုပ် ရေးလုပ်ငန်းနှင့် အဝတ်အထည်လုပ်ငန်းများနှင့် လည်း ဆက် စပ်နေသောကြောင့် စီးပွားရေး တစ်ရပ်လုံးအပေါ် ဘက်စုံအ ကျိုးသက်ရောက်မှုရှိပါသည်။ အီးယူတွင် မော်တော်ယာဉ် စက်ရုံ ၁၈၀ ခန့်ရှိပါသည်။ အီးယူ၏ မော်တော်ကား လုပ်ငန်း ကဏ္ဍသည် အလုပ်အကိုင်ပေါင်း ၁၂ သန်းကျော်ကို ဖန်တီး ပေးနိုင်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပေးပါသည်။ အီးယူသည် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ယူရိုဘီလီယံ ၃၀ ခန့် ရင်းနှီးမြှုပ်နှံထားပါသည်။ အီးယူ၏ မော်တော်ယာဉ်ကုန်သွယ်ရေးပိုငွေသည် တစ်နှစ် လျှင် ယူရို ၉၀ ဘီလီယံခန့်ရှိပါသည်။ ထို့ကြောင့် အီးယူအနေ ဖြင့် ကမ္ဘာတစ်ဝှမ်းတွင် စွမ်းအင် အထိရောက်ဆုံးနှင့် ဘေး အန္တရာယ်အကင်းဆုံး မော်တော်ယာဉ်များ ထုတ်လုပ်ပြီး လူ သန်းပေါင်းများစွာအား အဆင့်မြင့် အလုပ်အကိုင်များ ဖန်တီး ပေးသော ကမ္ဘာ့အဆင့်မီမော်တော်ကားလုပ်ငန်းကဏ္ဍကို ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
သို့ဖြစ်၍ အီးယူသည် မော်တော်ကားလုပ်ငန်းကဏ္ဍ၏ ပြိုင်ဆိုင်နိုင်မှု ခိုင်မာလာစေရန်၊ ဒေသတွင်းဈေးကွက်ထိန်း ညှိရေးမူဘောင်အား ပြည့်စုံစေရန်၊ အလိုက်သင့်ပြုပြင် ပြောင်းလဲနိုင်ရန်နှင့် ရှင်းလင်းလွယ်ကူမှုရှိစေရန်၊UNECE1 မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာထိန်းညှိရေး မူဘောင် အား မြှင့်တင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ ထို့အပြင် CARS 2020 Action Plan ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းလျက် ရှိပါသည်။ ဥရောပကော်မရှင်က အဆိုပြုခဲ့သည့် အီးယူမော် တော်ယာဉ်လုပ်ငန်း ၂၀၂၀ လုပ်ငန်းစဉ်တွင် အောက်ပါ အတိုင်း အပိုင်း ၄ ပိုင်း ပါရှိပါသည် - (က) အဆင့်မြင့်နည်းပညာများတွင် ရင်းနှီးမြှုပ်နှံ ခြင်းနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို ငွေ ကြေးထောက်ပံ့ခြင်း။ ဥရောပ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၏ ပြိုင်ဆိုင်နိုင်မှု ခိုင်မာလာစေရန် နှင့်နည်းပညာဆိုင်ရာဦးဆောင်နိုင်မှုကို ထိန်းသိမ်း ထားနိုင်ရေးအတွက် သုတေသန အရင်းအမြစ်များ တိုးတက်လာစေရန်နှင့် ဆန်းသစ် တီထွင်မှုကို အထောက်အကူပြုနိုင်မည့် စည်းမျဉ်းများနှင့် စံချိန် စံနှုန်းများကို မြှင့်တင်ဆောင်ရွက်ရန် မရှိမဖြစ် လို အပ်ပါသည်။ သို့ဖြစ်၍ European Green Vehicles Initiative ကို ချမှတ် အကောင်အထည် ဖော်ခြင်း၊ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်ခြင်း၊ ကားများနှင့် အလုံ ပိတ် မော်တော်ယာဉ်များ အတွက် 2020 CO2 ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊ Driving Test-Cycle သစ်အား ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လမ်း အန္တရာယ် ကင်းရေးလုပ်ငန်းအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ Intelligent Transport Systems အသုံးချမှုအား မြှင့်တင်ဆောင်ရွက်ခြင်း၊ Alternative Fuels Strategy တစ်ရပ်အား ရေးဆွဲအကောင်အထည် ဖော်ခြင်း၊ National Renewable Energy Actions Plan များအား အကောင်အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်စစ်ဆေးခြင်း စသည် တို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ (ခ) ပို၍ ခိုင်မာသော ဒေသတွင်း ဈေးကွက် တည် ဆောက်ခြင်းနှင့် ကောင်းမွန်သော စည်းမျဉ်းများ ချမှတ်ခြင်း။ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရေး နှင့် ခိုင်မာသော မော်တော်ယာဉ်လုပ်ငန်း အခြေခံ အား ထိန်းသိမ်းထားရေးအတွက် အီးယူသည် ဆန်းသစ် တီထွင်မှုကို မြှင့်တင် ဆောင်ရွက်ရန် တည်ငြိမ်ပြီး လွယ်ကူရိုးရှင်းသော မူဘောင်တစ်ရပ် ချမှတ် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အကျိုး တူဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းရှင် များအကြား ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ပေးခြင်း၊ စွမ်းအင်ချွေတာရေး မော်တော်ယာဉ်များအား အီးယူအဖွဲ့ဝင်နိုင်ငံများက ထုတ်လုပ်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာမက်လုံးများပေးရေး လမ်းညွှန် ချက်များအား ချမှတ်ခြင်း၊ မော်တော်ယာဉ် စစ် ဆေးရေးဆိုင်ရာ စည်းမျဉ်းဥပဒေများ ပြဋ္ဌာန်းခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ (ဂ) ကမ္ဘာ့ဈေးကွက်များနှင့် တစ်ပြေးညီ နိုင်ငံတကာ မော်တော်ယာဉ်စည်းမျဉ်းများကို လိုက်နာကျင့် သုံးခြင်း။ ၂၀၂၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု သစ်များ၏ ၇၀ ရာခိုင်နှုန်းသည် စီးပွားရေးထွန်း သစ်စနိုင်ငံများတွင် ဖြစ်ပေါ်မည်ဖြစ်ပါသည်။ မော် တော်ယာဉ် လုပ်ငန်းကဏ္ဍသည်လည်း အလားတူ အလားအလာများရှိပါသည်။ ဖွံ့ဖြိုးပြီး ဈေးကွက် များတွင်ဝယ်လိုအားသည်တည်ငြိမ်နေနိုင်ပြီး ကမ္ဘာ့ ဈေးကွက်တွင်မူ ဝယ်လိုအားမှာ တဖြည်းဖြည်း တိုးတက်လာနိုင်ပါသည်။ ဥရောပ ကားများ တင်ပို့ မှုကို ကူညီဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာ မည့်ဈေးကွက်သစ်များတွင် အခွင့်အလမ်းကောင်း များ ရရှိစေရန် ဥရောပ မော်တော်ယာဉ်လုပ်ငန်း၏ နိုင်ငံတကာဈေးကွက်တွင် ပါဝင်ဆောင်ရွက်မှု လုပ် ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ထိရောက် သော ဈေးကွက် ဝင်ရောက်နိုင်မှုကို ဖန်တီးပေးရန် နှင့် စံချိန်စံညွှန်းများနှင့် နည်းပညာဆိုင်ရာ စည်း မျဉ်းများ တစ်ပြေးညီဖြစ်မှုကို မြှင့်တင်ဆောင်ရွက် ပေးရန် လိုအပ်ပါသည်။ သို့ဖြစ်၍အီးယူသည် နိုင်ငံ စုံသို့မဟုတ်နှစ်ဦးနှစ်ဖက်လွတ်လပ်သော ကုန်သွယ် ရေး သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲများတွင် ခိုင်မာသော၊ ပြိုင်ဆိုင်နိုင်မှု ရှိ သောအီးယူမော်တော်ကားထုတ်လုပ်ရေး လုပ်ငန်း ကဏ္ဍ၏အနေအထားကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ ၏ ပြိုင်ဆိုင်နိုင်မှုအပေါ် ကုန်သွယ်ရေးဆိုင်ရာ စာချုပ် အသီးသီး၏ သက်ရောက်မှုများကို အကဲ ဖြတ်ခြင်း၊ အထူးသဖြင့် အဓိက ကားထုတ်လုပ် သည့် နိုင်ငံများနှင့် နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင် ရွက်မှုနှင့်အတူ UNECE မူဘောင်အရ နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှုကို ဖြည့်ဆည်းဆောင် ရွက် ခြင်း၊ တတိယနိုင်ငံဈေးကွက်များကို ပိုမိုဆွဲဆောင် နိုင်သော နိုင်ငံတကာဥပဒေစည်းမျဉ်းများ ကျင့် သုံးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်လျက် ၁၉၅၈ UNECE Agreement ပြုပြင်ပြောင်းလဲရေးမှ တစ်ဆင့် မော်တော်ယာဉ် စည်းမျဉ်းများ နိုင်ငံတကာတွင် တစ်ပြေးညီဖြစ် ရေးကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ပံ့ပိုးဆောင် ရွက်ခြင်း၊ မော်တော်ယာဉ် အစိတ်အပိုင်းတစ်ခု စီအား UNECE စည်းမျဉ်း အမျိုးမျိုးနှင့်အညီ စစ်ဆေးအတည်ပြုဆောင်ရွက်နေရသော လက်ရှိ အခြေအနေနှင့် မတူဘဲ မော်တော်ယာဉ်တစ်စီး လုံးအား အပြန်အလှန်အသိအမှတ်ပြုမှုကို ခွင့်ပြု ပေးသော UNECE မူဘောင်ပါ International Whole Vehicle Type Approval (IWVTA) အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ (ဃ) မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ ကိုက်ညှိဆောင် ရွက်ရာတွင် ဖြစ်ပေါ်လာသော လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို အလိုက်သင့် ကိုင်တွယ် ဆောင်ရွက်နိုင်စေရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ခြင်း။ European Automotive Council တည်ထောင်ရာတွင် ပံ့ပိုးကူညီခြင်း၊ လုပ်သား များအား ပြန်လည်လေ့ကျင့်သင်ကြားပေးနိုင် ရေးအတွက် European Social Fund (ESF) အသုံးပြုရေးကို အားပေးဆောင်ရွက်ခြင်း၊ မော် တော်ယာဉ်စက်ရုံများ ပိတ်ပစ်ခြင်းနှင့် ဝန်ထမ်း အလွန်အမင်းလျော့ချခြင်းနှင့် ဆိုင်သည့် အဓိက ပြဿနာများကို လေ့လာသည့် အဖွဲ့များ ဖွဲ့စည်း ခြင်း၊ မော်တော်ယာဉ် စက်ရုံများ ပိတ်ပစ်ခြင်းနှင့် ဝန်ထမ်း အလွန်အမင်း လျော့ချခြင်းများ ဖြစ်ပေါ် လာပါက European Globalisation Adjustment Fund (EGF) အသုံးပြုခြင်းကို စဉ်းစား နိုင်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား ဖိတ်ခေါ်ခြင်း စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ပါသည်။ အီးယူသည် UNECE ၏ စာချုပ်နှစ်ခုဖြစ်သော “ 1958 Agreement on Uniform Technical Prescriptions for Vehicles”နှင့်“Global Agreement of 1998” ” တို့၏ စာချုပ် အဖွဲ့ဝင်ဒေသတစ်ခုလည်း ဖြစ်ပါသည်။ ကုန်သွယ်ရေး မူဝါဒ တစ်ရပ်အနေဖြင့် အီးယူသည် UNECE ၏ ၁၉၅၈ ခုနှစ် သဘောတူ စာချုပ်အရ ပြဋ္ဌာန်းထားသည့် အပြည်ပြည် ဆိုင်ရာ မော်တော်ယာဉ်စည်းမျဉ်းများမှာ ကုန်သွယ်ရေး ဆိုင် ရာ အကောက်ခွန်မဟုတ်သောအတား အဆီးများကို ဖယ်ရှား ရန် အကောင်းဆုံးနည်းလမ်းအဖြစ် အသိအမှတ်ပြုထားပါ သည်။ အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်စည်းမျဉ်း များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသုံးချ နိုင်ရန် UNECE ၏ ၁၉၅၈ ခုနှစ် သဘောတူစာချုပ်အား ကားထုတ်လုပ် သော နိုင်ငံများ၏ လိုအပ်ချက်များနှင့် အညီ ပြန်လည်ပြင်ဆင်နိုင်ရေး အ တွက် အီးယူသည် ဦးဆောင်ကြိုး ပမ်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပြင်ဆင်ရေး၏ အဓိက ရည်ရွယ်ချက်မှာ သက်သေခံ လက်မှတ်များ (တစ်ခါစစ်ဆေးပြီး နေရာတိုင်းလက်ခံ)၂အပြန်အလှန် အသိအမှတ် ပြုခြင်း အခြေခံ သဘောတရားအားမြှင့်တင်ဆောင် ရွက်ရန်နှင့် ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းနိုင်မှု ကိုသေချာစေရန်ဖြစ်ပါသည်။ တစ်ခါ စစ်ဆေးပြီးနေရာတိုင်းလက်ခံသည့်မူ အရသတ်မှတ်နည်းဥပဒေများနှင့်အညီ ထုတ်လုပ်ထားသော မည်သည့်ကား ကိုမဆို သဘောတူစာချုပ်အဖွဲ့ဝင် နိုင်ငံတိုင်းတွင် ရောင်းဝယ်မှု ပြုနိုင်ပါ သည်။ UNECE၏ ၁၉၅၈ ခုနှစ် သဘောတူစာချုပ် ပြင်ဆင်ရေးလုပ်ငန်း စဉ်များအား အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ တူရကီ နိုင်ငံ၊ ဘီလာရုနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ အဇာဘိုင် ဂျန်နိုင်ငံ၊ ယူကရိန်းနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့က ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ကားထုတ်လုပ်သူများအနေဖြင့် ကုန်ကျစ ရိတ်သက်သာရေးနှင့် စီးပွားရေးအရ စွမ်းဆောင်နိုင်မှုကို အမြင့်ဆုံးမြှင့်တင်နိုင်ရေး အကျိုးတရားများကို ခံစားနိုင်ရန် အဆိုပါနိုင်ငံများသည် မော်တော်ယာဉ်များအတွက် ဘေးကင်း လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာတစ်ပြေးညီစည်းမျဉ်းဥပဒေ များကို သဘောတူညီပြီးဖြစ်ပါသည်။ အီးယူသည် UNECE ၏ ၁၉၅၈ ခုနှစ် သဘောတူ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် စာချုပ်ပါ စည်းမျဉ်း ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးရပါသည်။ ထိုသို့ အီးယူ ၏ စည်းမျဉ်းများအား နိုင်ငံတကာဥပဒေစည်းမျဉ်းများနှင့် ချိန်ညှိနိုင်မှုသည် ဥရောပ မော်တော်ကား လုပ်ငန်းကဏ္ဍ၏ ပြိုင်ဆိုင်နိုင်မှုအနေအထားအတွက် အရေးပါပြီး အီးယူပြင်ပ နိုင်ငံများသို့ ဈေးကွက်ဝင်ရောက်မှုကို လျင်မြန်ချောမွေ့စေ ပါသည်။ ဥရောပကော်မရှင်၏ ခေတ်သစ်စက်မှုလုပ်ငန်း မူဝါဒ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဥရောပမော်တော်ကား လုပ်ငန်း၏ ရေတို၊ ရေလတ်နှင့် ရေရှည်မူဝါဒနှင့် ဥပဒေမူ ဘောင်ဆိုင်ရာ အကြံပြုချက်များ ပြုလုပ်ရန် ရည်ရွယ်လျက် CARS 213 လုပ်ငန်းစဉ်အား ၂၀၀၅ ခုနှစ်တွင် စတင် ချမှတ် ဆောင်ရွက်ခဲ့ပါသည်။
ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများမော်တော်ယာဉ်တင်သွင်းရာတွင် လိုအပ်ချက်များ အီးယူတွင် ရောင်းချရန်အတွက် မော်တော်ယာဉ်အသစ် ထုတ်လုပ်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် တင်ပို့ခြင်းပြုလုပ် မည်ဆိုပါက အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရှိ ခွင့်ပြုချက်ပေး သော အာဏာပိုင်အဖွဲ့အစည်းထံတွင် EC Whole Vehicle Type Approval အား ကြိုတင်လျှောက်ထားရယူရန် လိုအပ် ပါသည်။ မော်တော်ယာဉ်တစ်စင်းသည် မည်သည့်အဖွဲ့ဝင် နိုင်ငံမှမဆို ခွင့်ပြုချက်ရရှိပြီးပါက ၎င်းအခြေအနေသည် အီးယူတစ်လွှား အဆိုပါမော်တော်ယာဉ် အမျိုးအစား အားလုံး အပေါ် သက်ရောက်မှုရှိပါသည်။ ထို့ကြောင့် မော်တော်ယာဉ် ထုတ်လုပ်သူသည် ၎င်းထုတ်လုပ်သည့် မော်တော်ယာဉ်တစ်စီး EC Whole Vehicle Type Approval ရရှိပြီးပါက အဆိုပါ ခွင့်ပြုချက်အရ ၎င်းထုတ်လုပ်သော အမျိုးအစားတူယာဉ် အားလုံးအပေါ် Conformity of Production (CoP) ရှိနေ စေရန် တာဝန်ရှိပါသည်။ ထို့အပြင် အမျိုးအစားတူယာဉ် တစ်စီးစီအတွက် Conformity of Production (CoP) ထုတ်ပေးရန်လည်း တာဝန် ရှိပါသည်။ UN ECE approval ရရှိ ပြီးသော မော်တော်ယာဉ် အမျိုး အစားကိုလည်း အီးယူတွင် ထုတ် လုပ်၊ တင်သွင်း၊ ရောင်းချနိုင်ပါ သည်။ အီးယူသို့ တင်ပို့မည့်မော် တော်ယာဉ်များနှင့် ၎င်း၏ အဓိက စက်ပစ္စည်း အစိတ်အပိုင်းများ သည်အီးယူကသတ်မှတ်ထား သည့် ဘေးကင်း လုံခြုံမှု ဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင် ရာ၊အရည်အသွေးပိုင်းဆိုင် ရာလိုအပ်ချက်များနှင့်ကိုက် ညီမှု ရှိရပါမည်။ တင်သွင်းလာသည့် မော် တော်ယာဉ်များသည် အခြား သော စီးပွားရေး လုပ်ငန်းများ၏ အသိ ဉာဏ်ပညာပစ္စည်း မူပိုင်ခွင့်များကို ချိုးဖောက်မှု မရှိရန် လိုအပ်ပါသည်။ အီးယူသို့ အိုဇုန်းလွှာကို ပါးစေသော ပစ္စည်းများ ပါဝင်သည့် ကုန်စည်များနှင့် အစိတ်အပိုင်းများ တင်သွင်းမှုကို ပိတ်ပင်ထားပါသည်။ အဆိုပါ ပိတ်ပင်ထားမှုသည် မည် သည့် နိုင်ငံမှ တင်သွင်းမှုကိုမဆို သက်ရောက်မှုရှိပါသည်။ အချို့သော မော်တော်ယာဉ်များတွင် အိုဇုန်းလွှာကို ပါးစေနိုင် သည့်ပစ္စည်းများ ပါဝင်နိုင်ပါသည်။ တစ်စုံတစ်ရာသော အခြေ အနေများတွင် ကာဗွန်နှင့် ဟေလိုဂျင်အခြေခံသော မီးသတ် ပစ္စည်းများနှင့် အခြားသောကုန်စည်များအား သွင်းကုန် လိုင်စင်လျှောက်ထားရယူ၍ တင်သွင်းနိုင်ပါသည်။ အိုဇုန်း လွှာကို ပါးစေသောပစ္စည်းများနှင့် သက်ဆိုင်သည့် အီးယူ၏ ဥပဒေစည်းမျဉ်းများမှာ Regulation (EC) No 1005/ 2009 နှင့် OJ L-286 31/10/2009 တို့ ဖြစ်ပါသည်။
မော်တော်ယာဉ်တင်ပို့ရာတွင် လိုအပ်ချက်များ အီးယူဒေသတွင်း တင်ပို့ရောင်းချပါက EC Whole Vehicle Type Approval နှင့် လုံလောက်ပါသည်။ သို့ရာ တွင် အီးယူပြင်ပနိုင်ငံများသို့ တင်ပို့ရောင်းချမည်ဆိုပါက UN ECE approval သည် ပိုမိုအသုံးဝင်ပါသည်။ ယေဘုယျအားဖြင့် မော်တော်ယာဉ်တင်ပို့မှုပြုလုပ်ရာ တွင် ပို့ကုန်လိုင်စင် မလိုအပ်ပါ။ သို့ရာတွင် နှစ်မျိုးနှစ်သွယ် အသုံးပြုနိုင်သော မော်တော်ယာဉ်အမျိုးအစားများ ဖြစ်ပါက (ဆိုလိုသည်မှာ မော်တော်ယာဉ်အား ပြောင်းလဲပြင်ဆင်နိုင် သည် သို့မဟုတ် စစ်အသုံးအဆောင် ပစ္စည်းအဖြစ် ပြောင်း လဲနိုင်သည်) ပို့ကုန်လိုင်စင်လိုအပ်ပါသည်။ ထို့အပြင် တင်ပို့လိုသည့် မော်တော်ယာဉ် သို့မဟုတ် နည်းပညာသည် EU strategic export control legislation က ထိန်းချုပ်ထားသည့် ကုန်စည်ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။မော်တော်ယာဉ်တင်ပို့/တင်သွင်းရာတွင် ယေဘုယျလို အပ်ချက်များ မော်တော်ယာဉ်များနှင့် ပတ်သက်၍ ကြိုတင်ဆိုက် ရောက် သို့မဟုတ် ကြိုတင် ထွက်ခွာသတင်းအချက်များ ပေးရန်လိုအပ်လျှင် သို့မဟုတ် တစ်ဆင့်ဖြတ်သန်းလုပ်ထုံးလုပ် နည်းအရ တင်သွင်းမည့်/တင်ပို့မည့်/ဖြတ်သန်းမည့် မော် တော်ယာဉ်များ ဖြစ်ပါက သက်ဆိုင်ရာပုဂ္ဂိုလ်သည် Economic Operator Registration and Identification Scheme (EORI) နံပါတ်ရှိရပါမည်။ အကယ်၍ အရည်အချင်းနှင့် ဆိုင်သည့် အပြည်ပြည် ဆိုင်ရာအသိအမှတ်ပြုလက်မှတ် ရရှိလိုပါလျှင် Authorised Economic Operator (AEO) လက်မှတ်အား လျှောက် ထားရယူရပါမည်။ ၎င်းင်းလက်မှတ်လျှောက်ထားလို သူများ တွင် EORI နံပါတ်ရှိရပါမည်။ သွင်းကုန်များ၊ ပို့ကုန်များ၊ တစ်ဆင့်ဖြတ်သန်းခြင်းစသည် တို့အား ကြေညာနိုင်ရန် Single Administrative Document (SAD) ကို အသုံးပြုရပါမည်။မော်တော်ယာဉ်ဆိုင်ရာအကောက်ခွန်များ အီးယူအတွင်း ကုန်စည်များ လျင်မြန်ချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် တူညီသော အကောက်ခွန်စနစ်အား (Common Customs Tariff) ကျင့်သုံးဆောင်ရွက်လျက် ရှိပါသည်။ မော်တော်ယာဉ်အမျိုးအစားနှင့် ဆိုင်သည့် အကောက်ခွန်နှုန်းထားသိရှိလိုပါက အီးယူ၏ Binding Tariff Information ကို အသုံးပြု၍ တင်ပို့လိုသည့် အီးယူအ ဖွဲ့ဝင်နိုင်ငံသို့ လျှောက်ထားနိုင်ပါသည်။ အီးယူက သတ်မှတ်ပြဋ္ဌာန်းထားသည့် မော်တော်ယာဉ် များအတွက် အကောက်ခွန်သည် ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိရှိပါသည်။ (ဥပမာအားဖြင့် - ခရီးသည် တင်ကားများ ၁၀ ရာခိုင်နှုန်း၊ အီလက်ထရောနစ်မော်တော် ကားများ - ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်တင်ကားများ - အမျိုးအစားပေါ် မူတည် ၍ ၁၁ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်း ထိ)1 Nations Economic Commission for Europe2 '' tested once, accepted everywhere''3 Competitive Automotive Regulatary System for 21st century.