Main menu

Background

ဧပြီနောက်ဆုံးပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲသီးနှံသာ ဈေးဆက်မြင့်ခဲ့ပြီး အခြားပဲများ ဈေးလျော့ အရောင်းအဝယ်ဖြစ်

Tue, 05/06/2014 - 05:09 -- ydnar

 

ဧပြီနောက်ဆုံးပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲသီးနှံသာ ဈေးဆက်မြင့်ခဲ့ပြီး အခြားပဲများ ဈေးလျော့ အရောင်း အဝယ်ဖြစ    ဧပြီလကုန်ပတ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အေးနေခဲ့ပြီး၊ မတ်ပဲ သီးနှံ တစ်မျိုး သာဈေးမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိတော့ဘဲ

မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံ များကတော့ နေ့စဉ်ဝင်ရောက်မှုများခဲ့ပါတယ်။ မတ်ပဲသီးနှံကို လှောင်လက်အချို့ ဝယ်ယူနေသလို ရန်ကုန် ဝယ်လက်များမှလည်း ဝယ်ယူမှုရှိတဲ့အတွက် တစ်ရက်အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ကြပါတယ်။ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ရွှေတောင်မြို့နယ်များအပြင် ပြည်၊ အောင်လံကြား မြို့နယ်များမှလည်း ဝင်ရောက်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၂၁၂၀၀ ကျပ်ဖြင့် ထပ်မံဈေးမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ ယခင်နှစ် ကာလတူ ဈေးနှင့်ယှဉ်လျှင်လည်းဈေးပိုရလျက်ရှိ ခဲ့ ကြပါတယ်။ ပဲစင်းငုံသီးနှံကတော့ ပဲလက်ကျန်များသာရှိခဲ့ပြီး တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်များမှ အိတ် ၄၀၀ ကျော်ထိ ဝယ်ယူမှုရှိသော်လည်း ပဲဈေးနှုန်းကတော့ ယခင်တစ်ပတ်ကထက် ထပ်မံဈေးလျော့ခဲ့ကာ တစ်တင်း ၁၉၆၀၀ ကျပ်သာရရှိခဲ့ကြပါတယ်။ ကုလားပဲသီးနှံဈေးကတော့ ယခင်နှစ်ဈေးကို မမီတဲ့အပြင် ယခုလကုန်ပတ်မှာ ထပ်မံဈေးလျော့သွားခဲ့ပြီး တစ် တင်း ၇၅၂၀၀ ကျပ်ဖြင့်သာ ဒေသတွင်း ဝယ်လက်များဖြစ်သော ပဲခွဲစက်သမား နှင့် လှောင်သမားများမှ ဝယ်ယူနေ ကြ တဲ့အတွက် အိတ် ၅၀၀ တစ်ပတ်လည် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲဝင်ရောက်မှုကတော့ မင်းတုန်း၊ ကံမ၊ အောင်လံနဲ့ပြည်ကြားရှိ မြို့နယ်များမှ ဝင်ရောက်ခဲ့သလို လက်ပံတန်းမြို့နယ်မှလည်း ယခုတစ်ပတ် မှာ ပြည်ဈေးကွက်သို့ ဝင်ရောက်တယ်လို့သိရပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ယခင်တစ်ပတ် သြင်္ကန်ပြီးကာလထက် ထပ်မံဈေးလျော့နည်းကျဆင်းခဲ့တဲ့အတွက် (ရွှေကျွန်း) တစ်တင်း ၂၆၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၃၅၀၀ ကျပ်ဖြင့် ပဲအဝင်ရှိသော်လည်း ပဲကြော်ဖို သမား များသာအဝယ်ရှိကာဈေးအေးအရောင်း အဝယ်အေးခဲ့တဲ့ ပဲတစ်မျိုး ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ပဲမျိုးစုံဈေးကွက် မှာ အခြားပဲများနဲ့ယှဉ်ရင် ဈေးကောင်း နေတဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ ဘိုကိတ်ပဲသီးနှံမှာ ရွှေတောင်၊ ကျီးသဲမှတစ်ရက်အိတ်၄၀ မှ ၅၀ ကျော် ဝင်ရောက်ခဲ့ပြီး၊ ဒေသတွင်း လက်လီ သမားဖြင့်သာ တစ်တင်း ၁၄၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ပဲနီပြား သီးနှံမှာ လည်း ရွှေတောင်မြို့နယ်ဖက်ဖြစ်သော တရုတ်မှော်၊ ညောင်စာရေးဘက်မှ တစ်ရက်အိတ် ၁၀၀ ကျော် ဝင်ရောက်ပြီး အရောင်းအဝယ်ကတော့ လက်လီ သမားရော၊ လှောင်လက်သမားများပါ ဝယ်ယူ သိုလှောင်ခဲ့တဲ့ အတွက် တစ်တင်း ၁၉၅၀၀ ကျပ်ဖြင့် အိတ် ၅၀၀ ကျော်အထိ တစ်ခါတစ်ရံ အရောင်းအဝယ်သွက်ခဲ့ကြောင်း သိရပါတယ်။