ရှမ်းပြည်နယ် တောင်ပိုင်းက အောင်ပန်းကုန်စည်ဒိုင် ဈေးကွက်မှာ မေလ ၁ ရက်မှ ၁၅ ရက်ထိ ဒေသထွက်ကုန်တန်ချိန် ၆၈၈၆တန်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ကုန်ပစ္စည်းတချို့ဈေးကွက်လက်ကျန်နည်းပါးနေကြောင်းသိရပါတယ်။ဈေးကွက်လက် ကျန်နည်းခဲ့တဲ့ကုန်ပစ္စည်းများကတော့ပန်းနှမ်းနဲ့ချင်းအစိုတို့ဖြစ်ကြပြီးပန်းနှမ်းကတော့
ရာသီကုန်သွားတာကြောင့်လက်ကျန်မ ရှိတော့ကြောင်းနဲ့ချင်းအစိုကတော့ဒီနှစ်မှာဈေးကောင်းခဲ့လို့တောင်သူများ အမြင်ကျယ်ကျယ်နဲ့အရောင်းသွက်ခဲ့ကြသလို ချင်းဥ မပေါ်ချိန်ကလည်းလိုသေးတာကြောင့်လက်ကျန်နည်းသွားတာဖြစ်ကြောင်းအောင်ပန်းမြို့ခံဝါရင့်ချင်းပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ရှမ်းကြက်သွန်ဖြူနဲ့အာလူးကတော့အောင်ပန်းဈေးကွက်မှာဈေးအေးအေးနဲ့ဝင်သလောက်အရောင်းသွက်နေပြီးအစေ့ ထုတ်ပြောင်းကတော့ဈေးအေး အရောင်းလေးနေတာကြောင့်ဈေးကွက် လက်ကျန်များနေကြောင်းသိရပါတယ်။ မေလဝက်ရဲ့အောင်ပန်းကုန်စည်ဒိုင်မှာဒေသထွက်ကုန် တစ်မယ်ခြင်းအလိုက် တင်ပို့ရောင်း ဝယ်ခဲ့တဲ့အခြေအနေများကတော့ပဲရာဇာ ၂၄ တန်၊ အစေ့ထုတ်ပြောင်း ၁၆၄ တန်၊ ရှမ်းကြက်သွန်ဖြူ ၂၄၄၅ တန်၊ ပန်းနှမ်း ၁၀ တန်၊ ချင်းအစို ၉၄၁ တန်၊ နနွင်း ၁၀၁ တန်၊ ချင်းခြောက်၅၂ တန်နဲ့ အာလူး ၃၁၄၉ တန် စုစုပေါင်း ၆၈၈၆ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်ပန်း ကုန်စည်ဒိုင်ဈေး ကွက် သတင်းအရ သိရပါတယ်။