လွိုင်ကော်မှာနေတဲ့နေရာကခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နီးတော့ မနက်တိုင်း အရုဏ်တက်ချိန် ဆိုရင်ခေါင်းလောင်း သံလွင် လွင်ကြားရတယ်။ ပြီးတော့ ဓမ္မတေးသံတွေ ပေါ့။ပခုက္ကူမှာတုန်းကတော့ ဗုဒ္ဓဘာသာသံဃာတွေရဲ့ အထင်ကရ ဘုန်းတော်ကြီးကျောင်းကြီးတွေက လေးပြင် လေးရပ်မှာရှိတော့ မနက် ၄း၀၀ နာရီဆိုရင် အသံချဲ့စက် ၃၊ ၄ လုံးကနေပြီး ပရိတ်၊ပဋ္ဌာန်း၊တရားတော်များကြားနာခဲ့ရပါတယ်။
ဒီကြားထဲကဝါတွင်းဥပုသ်နေ့မှာဆိုရင်အကျိုးမျှော်နှိုးဆော်တဲ့အလှူခံပုဂ္ဂိုလ် များ ရဲ့ အသံကလည်း အပြိုင် ပေါ့ ခင်ဗျာ။
ပခုက္ကူမြို့ ဘယ်ရပ်ကွက်၊ဘယ်ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် မြေတစ်စတုရန်းပေကို ၅၀၀၀ ကျပ်နှုန်း နဲ့ ၅ ပေအတွက် အလှူငွေ ၂၅၀၀၀ ကျပ် ထည့်ဝင်သွားတာကတော့အလှူရှင်ကြီးဘယ်သူဘယ်ဝါဖြစ်ပါ တယ် ခင်ဗျာ။ နတ်လူသာဓုခေါ်စေသောဝ်ပါခင်ဗျာ။စပြီးကြားကာစကတော့ သိပ်မရှင်းလှဘူး။ နောက် ၂ နေရာ၊ ၃ နေရာတွေ့ရ မှ ဇာတ်ရည်လည်သွားရတယ်။ ဟိုအရင်ကလို ကျောင်းဆောက်ဖို့၊ ဘုရားတည်ဖို့ မြေကွက်လိုက် လုံးကနဲ အပြတ်လှူနိုင် တဲ့ ဒကာတွေ၊ ဒကာမတွေ ရှားသွားပြီ။အဲဒီတော့ဂေါပကအဖွဲ့ ဒါမှမဟုတ် အကျိုးတော်ဆောင်အဖွဲ့ က ညှိနှိုင်းပေးရ တယ်။ ဘုန်းကြီးကျောင်းဆောက် ဖို့ မှန်းတဲ့ မြေနေရာက ပေ ၁၀၀ ပတ်လည်ရှိတယ်ဆိုပါစို့။ တစ်ပေ အကွက်ပေါင်း ၁၀၀၀၀ ရမယ်။ တစ်ပေကွက်ကို ၅၀၀၀ ကျပ် နှုန်းနဲ့ အလှူခံရင် တစ်ကွက်လုံးအတွက် သိန်း ၅၀၀ ရမယ်။ မြေပိုင်ရှင် ကလည်း သိန်း ၅၀၀ ဆိုရင် ရောင်းမယ်ပြောတယ်။
ဒီလိုနဲ့မြေရှင်လည်း မြေရောင်းရ၊ ဘုန်းကြီးကျောင်းအတွက်လည်းမြေနေရာရ၊ တစ်ပေကွက်ကို ၅၀၀၀ ကျပ် နှုန်းနဲ့ ဆိုတော့လူတိုင်းလှူနိုင်၊လှူဖြစ်၊ မြေဒါယကာ၊ ဒါယိကာမ များဖြစ်လို့ သူတို့ပြောပြောနေတဲ့Win Win ဆိုတာ ဒါမျိုး ကိုခေါ်တာလားမသိ။ ရွှေဝယ်တဲ့နေရာမှာလဲ ခုခေတ်ဒီလိုပဲ။ ရွှေကလေး ဝယ်ချင်လို့ ငွေကလေးများ တစ်ဖြည်းဖြည်းစုပြီး၊ တစ်ကျပ် သား ဖိုးလောက်မှန်းရင် တော်တော်နဲ့မပြည့်ဘူး။ စုလိုက် ပြန်ရင်း၊ ကုန်စရာပေါ်လာလိုက်ရင်း၊ ပဲ့သွားလိုက်ရင်းနဲ့ ငွေ ၆ သိန်း၊ ၇ သိန်းပြည့်ဖို့မလွယ်ဘူး။
ရွှေဆိုင်ရောက်မှ ဘုန်းကြီးကျောင်း မြေအလှူခံသလို နည်းနည်းနဲ့ကျဲကျဲဝိုင်းလို့ရတယ်ဆိုတာသိရတယ်။ ငါးသောင်း တန် ကလေးနားကပ်ကလေးတွေလည်း ဝယ်လို့ရတယ်။ တစ်သိန်းတန် လက်စွပ်ပါးပါးကလေးတွေလည်းဝယ်လို့ ရ တယ်။စုမိသမျှငွေကိုရွှေလုပ်ပြီးထားလိုက်တော့ဗြုံးကနဲအသုံးထဲမပါတော့ဘူး။ကိုယ်ပေးတဲ့တန်ဖိုးက နည်းမှေ တာ့ ရွှေက ပါးမှာပေါ့။ ငယ်မှာပေါ့၊ ဘာဖြစ်သေးလဲ။ ငယ်သော် လှ၏လို့ ဆိုတယ်မဟုတ်လား။ ဒီလိုစုရင်း၊ ဝတ်ရင်းနဲ့ တစ်ကျပ် သားကျော်လာရင် ပန်း တိမ်မှာပြန်ပေါင်းပြီး ခပ်ထည်ထည် ကလေးလုပ်ပြီးကြားလိုက်ပေါ့။ မိုးရေတောင် တစ်စက်ချင်း၊ တစ်စက်ချင်းပေါင်းလိုက်ရာက ချောင်းတွေ၊ မြောင်း တွေပြည့်သွားရစမြဲပဲလေ။
ခရီးမိုင်တစ်သောင်းသွားရာမှာပထမဆုံး ခြေလှမ်းတစ်လှမ်းက စရပါတယ်။စီးပွားရေးလောကထဲဝင်မယ် ဆိုရင်တော့ ကိုယ့်အင်ကိုယ့်အားနဲ့ တစ်နိုင်တစ်ပိုင်က စကြတာပဲ များပါတယ်။ တစ်နိုင် တစ်ပိုင်လုပ်ရင်းနဲ့ လူတွေ အကြောင်း သိလာ မယ်။ ကုန်ကြမ်းတွေ၊ ကုန်ချော တွေ၊ ရာသီ ကုန်တွေ၊ စက်စွမ်း အားတွေ၊ စက်ပစ္စည်းတွေ သယ်ယူရေးနဲ့ ထုတ်ပိုးရေး အစီအမံတွေ၊ ငွေကြေးလုပ်သား တွေနဲ့ ဈေးကွက်တွေ အကြောင်း သိလာမယ်။ ဒီလိုနဲ့ အသေးစားကနေ အလတ်စား၊ အလတ်စားကနေ အကြီးစားလုပ်ငန်းတွေ အဖြစ် မဖြစ်မနေ ကြီးထွားလာပါလိမ့်မယ်။ အဲဒီ အသေးစား၊ အလတ်စား လုပ်ငန်းရှင် ဆိုသူတွေဟာ သူတို့ကိုယ်တိုင်ပါဝင် လုပ်ကိုင်ရပြီး လုပ်တဲ့ လုပ်ငန်း တစ်ခုခုကပဲ ဝင်ငွေရနေမယ်။ သူတို့ရဲ့ ဝင်ငွေပမာဏကရေတွက်လို့ရတယ်။သူတို့ရဲ့လုပ်ငန်းပမာဏအလိုက်စွမ်းအားကလည်းကန့်သတ်ချက်ရှိပြီး၊သူတို့ရဲ့ကိုယ် ပိုင်အချိန်တွေကိုပါအသုံးပြုရတတ်တယ်။ကိုယ်မိုက်ရင်မိုက်သလောက်သွားတဲ့ ကိုယ်ပိုင်လုပ်ငန်းငယ် များပေါ့။ နိုင်ငံတော် ကလည်း ယခုအားပေးနေတော့ စသင့်၊ လုပ်သင့်ကိုင်သင့်နေကြပါပြီ။ ဒီလိုလုပ်ရင်းကိုင်ရင်း လုပ်ငန်းကိုချဲ့ထွင်ရင်းနဲ့ ဒီSME လုပ်ငန်းရှင်ငယ်တွေဟာ တစ်ချိန်ချိန်မှာ (Business Owner)စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ (Investor)ရင်းနှီး မြှုပ်နှံသူကြီးတွေဘဝကို ရောက်မှန်းမသိ ရောက်လာကြ ပါ တယ်။ ဒီအချိန်မှာတော့သူတို့တစ်ဦးတည်းပိုင်ကိုယ်ပိုင်လုပ်ငန်းကြီးများ မဟုတ်တော့ဘဲ၊ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက် ခြင်း၊ ရှယ်ယာထည့်ဝင်ခြင်း၊ အများပိုင်ကုမ္ပဏီထူထောင်ခြင်း၊ အကျိုးတူလုပ်ငန်းတွေနဲ့ မိတ်ဖွဲ့ထားခြင်း စတဲ့ Network တစ်ခုအသွင် အသင်းအဖွဲ့ဆန်ဆန် အင်နဲ့အားနဲ့ လုပ်ကိုင် လာကြတာတွေ့ရမှာဖြစ်ပါတယ်။
အဲဒီလို အသင်းအဖွဲ့နဲ့ ကွန်ရက်သဖွယ် ချိတ်ဆက် လုပ် ကိုင်နေပြီဆိုရင်တော့ သူတို့ရဲ့ဝင်ငွေပမာဏ ဟာ အတိုင်းအဆ မသိနိုင်အောင် တိုးပွားလာ ကြပါတယ်။ သူတို့ကလုပ်ငန်းမှာ အောက် သက်ကြေပြီး၊ ဈေးကွက်သဘော နားလည်ပြီးငွေကြေးနဲ့ လူကို ကောင်းစွာစီမံခန့်ခွဲ နိုင်ပြီဆိုတော့ သူတို့ဟာ တခြား လူ တွေရဲ့ ကျွမ်းကျင်မှု၊ အချိန်နဲ့ငွေတွေ ကိုယူပြီးသူတို့လုပ်ငန်းအတွက် ခိုင်း ထားတတ်ကြတာလည်း ပါပါတယ်။
မီးရထားစက်ခေါင်းဟာသူ့နောက်မှာရှိတဲ့ တွဲတစ်တွဲလိုပဲ ချိတ်ဆက်ထားတာပါ။ တွဲတိုင်းနဲ့ စက်ခေါင်းနဲ့ ချိတ်ဆက် ထားတာမဟုတ်ပါဘူး။ဒါကြောင့်စီးပွားရေး လုပ်ငန်းရှင်ကြီးဟာ ဘယ်လုပ်ငန်း၊ ဘယ်သူကျွမ်းကျင်တယ် ဆိုတဲ့ လူ့အထာ ကိုနပ်ပြီးသားဆိုတော့သူ့နောက်က ပထမတွဲဖြစ်တဲ့ တာဝန်ခံတွေ ကို လုပ်ငန်းခွဲအသီးသီးမှာ ခိုင်း ထားပြီး သူကိုယ်တိုင် က တော့ စင်္ကာပူကို မိသားစုနဲ့ ဈေးဝယ် ထွက်ချင် ထွက်နေမယ်။ ငပလီ၊ ချောင်းသာတွေမှာ သွားပြီး နားချင်ရင် နားနေ မယ်၊ လုပ်ငန်း တွေကတော့မပျက်၊ ငွေတွေဝင်လျက်ပဲ။ အုပ်စုဖွဲ့ ထားတဲ့ ကွန်ရက် လုပ်ငန်းကြီးတွေမှာသူတို့ကိုယ်တိုင် ဝင်လုပ် စရာ မလိုတော့တဲ့ သဘောပြောတာပါ။ အခြေခံကို ပြန်သွားရရင် ကျွန်တော်တို့နိုင်ငံမှာလည်းSME ဆိုတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ အရှိန် အဟုန်နဲ့ ပေါ်ထွက်လာစေဖို့ သူတို့မှာလိုအပ်မဲ့ ငွေကြေး အရင်းအနှီး၊စက်ပစ္စည်းယန္တရား၊ ထုတ်လုပ်မှု နည်းပညာ ကမ္ဘာ့ ဈေးကွက် အနေအထားတွေကိုဝိုင်းဝန်းဖြည့်ဆည်းပံ့ပိုးပေးကြ ရမှာဖြစ်ပါတယ်။ နောက်ပိုင်းအရှိန်ရလာတဲ့အချိန်မှာတော့လုပ်ငန်းတူရာတူရာတွေကိုစုပေါင်းပြီးလုပ်ငန်းရှင်ကြီးများ အဖြစ် ပေါင်းစည်း သွားနိုင်ဖို့ တွန်းအားထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း တစ်ဦးတစ်ယောက်ချင်း လုပ်ငန်း ဆောင်ရွက်ခြင်း ထက် အသင်းအဖွဲ့ရဲ့အင်အားပေါင်းစည်းမှု၊ခံနိုင်ရည်ရှိမှု၊ စွမ်းအားတွေတက်လာမှာတွေကို လက်တွေ့ခံစားစံစားရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဘယ်လုပ်ငန်း၊ ဘယ်နေရာ၊ ဘယ်ကဏ္ဍမှာ ဖြစ်ဖြစ် လက်လီအသေးအမွှား တစ်နိုင်တစ်ပိုင်များကို စုစည်း လိုက်ရင် နိုင်ငံတော်ကို အကျိုးပြုမဲ့ အကြီးစားကြီးများ ဖြစ် ထွန်းပေါ်ပေါက်လာနိုင်ကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါ တယ်။ တန်ဖိုးရှိတဲ့ တစ်ခုချင်းကို ပေါင်းလိုက်ရင် အင်အား ကောင်းတဲ့ တစ်စုတစ်စည်းဖြစ်လာနိုင်ကြောင်းပါ။