Main menu

Background

အလာကောင်းသော်လည်း အမှာမကောင်းသေးလို့ အရောင်းပါးနေတဲ့ လဲချားခရမ်းစွဲကြက်သွန်ဖြူဈေးကွက်

Tue, 05/27/2014 - 08:28 -- ydnar

မေလဆန်းကစပြီး ရှမ်းပြည်နယ် တောင်ပိုင်း လဲချားကုန် စည်ဒိုင် ဈေးကွက်ကိုခရမ်းစွဲကြက်သွန်ဖြူများ ဝင်ရောက် လာပေ မဲ့လည်းအဓိကဝယ်လက်ဖြစ်တဲ့တစ်ဖက်နိုင်ငံဈေးကွက်ကအမှာစာများမရှိတာကြောင့်ဒေသတွင်းခရမ်းစွဲကြက်သွန်ဖြူ ဈေးကွက်မှာ အရောင်းအဝယ်ပါးနေကြောင်းသိရပါ တယ်။

ခရမ်းစွဲကြက်သွန်ဖြူကို ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင်နဲ့ လင်းခေး ခရိုင်က ၅ မြို့နယ်မှာသာ အဓိက စိုက်ပျိုးပြီး တန်ချိန် ၅၀၀၀ ခန့် ထွက်ရှိရာမှာ လဲချားမြို့နယ်က တန် ၂၀၀၀ ခန့်ထွက် ရှိကြောင်း ယခင်နှစ် အမှန်တင်ပို့ ရောင်း ဝယ်မှု စာရင်းများအရသိရပြီး အဓိကဈေးကွက်ဖြစ်တဲ့ တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့မှာ လည်း၎င်းတို့စိုက်ပျိုးထွက်ရှိခဲ့တဲ့ ကြက်သွန်ဖြူများမှာ နိုင်ငံရေးအခြေအနေအရ ဈေးကွက် အဆင်မပြေတာကြောင့် တစ်ကီလို ကို ဘတ်၂၀ နဲ့တောင် ဝယ်သူမရှိကြောင်းနဲ့ဒေသတွင်း တာဝန်ရှိသူများကလည်း ၎င်းင်း တို့စိုက်ပျိုးထွက်ရှိတဲ့ ကြက်သွန်ဖြူက အလုံးသေးတာကြောင့် အရောင်းအဝယ် ပါးနေကြောင်းနဲ့ ပြည်တွင်းဈေးကွက်ရရှိရေး ကြိုးစားနေကြောင်း လဲချားကုန်စည် ဒိုင်ဈေးကွက် သတင်း အရ သိရပါတယ်။