မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်သို့လျှောက်လှမ်းနိုင်ရေးအတွက်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်နဲ့ပြောင်းလဲမှုများအားဆောင်ရွက်နေတဲ့ကာလ ဖြစ်သလို ပြောင်းလဲမှုများဆောင်ရွက်ရာမှာ တည်ငြိမ်အေး ချမ်းရေး နဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားဆောင်ရွက်ရန် ပြည်သူကိုဗဟိုပြုတဲ့ပြုပြင်ပြောင်းလဲရေး(၄)ရပ်ကို စနစ်တကျေ ဆာင်ရွက်လျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေး (၄) ရပ်ဖြစ်တဲ့
'' နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများ၊ စီးပွားရေးနှင့် လူမှုရေးပြုြ ပင် ပြောင်းလဲမှုများ၊အုပ်ချုပ်ရေးယန္တရားပြုပြင်မှုများနှင့် ပုဂ္ဂလိကကဏ္ဍများမြှင့်တင်မှု ''တွေကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှ က်ရှိတဲ့ ကာလလည်းဖြစ်ပါတယ်။ ထိုသို့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများအား ဆောင်ရွက်ရာမှာဈေး ကွက် စီးပွားရေးစနစ် ကို ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ စီးပွားရေးလုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်ရန်လိုအပ်ပါတယ်။တိုင်းပြည် ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခက်အခဲနဲ့ အတားအဆီးများကို ဖြေရှင်းဆောင်ရွက်ပေးမှသာ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီးကုန်သွယ်မှု ကဏ္ဍ ၊ ပုဂ္ဂလိကကဏ္ဍများတိုး တက်မြင့်မားလာမှာဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမှသာတိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက်စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတော်အနေနဲ့ အခြေခံမှစပြီးြ ပုပြင် ပြောင်း လဲဆောင်ရွက် လျက်ရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် နိုင်ငံတကာဈေးကွက်များ နဲ့ချိတ်ဆက် ဆောင်ရွက်ရာမှာ ကုန်သွယ်မှုကဏ္ဍများ တစ်ပြေးညီဖြစ်စေရန် ကုန်သွယ်မှုဆိုင် ရာအတားအဆီးများ ကိုဖြေလျော့ဆောင် ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင်ကုန်သွယ် မှုအခန်းကဏ္ဍများမှာတန်းတူအခွင့်အရေး များရရှိစေရန်အခွန်အကောက်များ ကို ဖြေလျော့ပေးခဲ့တဲ့အပြင် ပို့ကုန်/သွင်း ကုန်လိုင်စင်များကိုလည်း (Automatic Licensing) အဖြစ်မှ (Non License Requirement) အဖြစ် လည်းကောင်း ဖြေလျော့ပေးခဲ့ပြီးယခင်လိုင်စင်အများစုကို နေပြည်တော်တွင်သာထုတ်ယူခွင့်ရှိခဲ့ရာမှ ယခု အခါ နေပြည် တော်၊ ရန်ကုန်၊ မန္တလေးနဲ့ သက်ဆိုင်ရာ နယ်စပ်စခန်းများမှာ ခွင့်ပြုပေးနေပြီဖြစ် ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမှာပုဂ္ဂလိက ကဏ္ဍတိုးတက်မှု အပေါ်အခြေခံခြင်းဖြစ်တဲ့အတွက် ကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်ရာမှာနိုင်ငံတော်အနေနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား ဆောင်ရွက်နေသကဲ့ သို့ ဌာနဆိုင်ရာများ အနေနဲ့လည်းနိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှုများအတိုင်းလိုက်ပါဆောင်ရွက်ရန်မှာအထူးအရေးကြီးလှပါတယ်။ယခုအခါ နိုင်ငံေ တာ်မှပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေ သော်လည်း နိုင်ငံတော်ရဲ့ ယန္တရားကို အကောင် အထည်ဖော်ဆောင်ရွက် တဲ့နိုင်ငံဝန်ထမ်းများဖြစ်တဲ့အလယ်အလတ်နဲ့အောက်ခြေဝန်ထမ်းများအနေ နဲ့ ပြုပြင်ပြောင်းလဲမှုများ အား လိုက်ပါ ဆောင်ရွက် မှုအားနည်းနေသေးခြင်း၊ပြုပြင်ပြောင်းလဲမှု မရှိသေး ခြင်းတို့ ကို နိုင်ငံတော်အကြီး အကဲများမှ လမ်းညွှန် ပြောကြားမှုများရှိနေ ပါတယ် နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ များအားတာဝန်ယူရတဲ့ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်သည် လုပ်ငန်း ရှင်များ နဲ့ အတူတကွပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပြီး ပြောင်းလဲ ဆောင်ရွက်နေတဲ့ဌာနဆိုင်ရာမူဝါဒလုပ် ထုံးလုပ်နည်းများ အားကုန်သည် လုပ်ငန်းရှင်များသိရှိနားလည်စေရန်စေတနာ ထားဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မိမိ တို့တာဝန်ထမ်းဆောင်ရာ မှာ မည်သည့် နေရာဒေသမှာမဆိုမှတ်ကျောက်တင်ခံ နိုင်ရေးစေတနာထား ဆောင်ရွက်ရန် အရေးကြီးပါ တယ်။ နိုင်ငံတော်ရဲ့ြ ပုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံ့ဝန်ထမ်းများအပိုင်းမှလည်းမဖြစ်မနေ စိတ်ဓာတ်ပိုင်းဆိုင်ရာများအား ပြုပြင်ပြောင်း လဲ ဆောင် ရွက် ရန်အထူးလိုအပ်လှပါတယ်။
ကုန်သည်လုပ်ငန်းရှင်များနဲ့တွေ့ ဆုံပြောဆိုဆက်ဆံရာမှာ ဌာနရဲ့ မူဝါဒ လုပ်ထုံးလုပ်နည်းများအား နားလည် သိရှိ အောင်ရှင်းလင်းပြောကြားရန် လို အပ်သလိုကုန်သည်လုပ်ငန်းရှင်များတွေ့ ကြုံနေရတဲ့မြေပြင် လုပ်ငန်းဆောင်ရွက် မှု အခက်အခဲများကိုလည်းမူဝါဒများနဲ့အညီညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး ရန်လိုအပ်ပါတယ်။ဒါ့အပြင် စဉ်ဆက် မပြတ်ကုန် သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးကုန်သည်လုပ်ငန်းရှင် များအားဝန်ထမ်းများအနေနဲ့လစဉ်တွေ့ ဆုံပြီး ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ ကိစ္စရပ်များအပေါ် ကူညီဖြေရှင်း ဆွေး နွေးပြောကြား ပေးရန်လိုအပ်ပါတယ်။ ဒါမှသာမိမိတို့ရဲ့ အဓိကရည်မှန်း ချက်ဖြစ်တဲ့ ကုန်သွယ်မှုပမာဏတိုးတက်ရေး၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး အား ပြည့်ဝစွာ အကောင် အထည်ေ ဖာ် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် နိုင်ငံတော်ရဲ့ပြောင်းလဲနေတဲ့ မူဝါဒနဲ့လုပ်ငန်းစဉ်များအပေါ် မိမိတို့ ဝန်ထမ်းများ အနေနဲ့လည်းလိုက်ပါပြောင်း လဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိတို့တာဝန်ယူဆောင်ရွက်တဲ့ ဌာနခွဲအသီးသီးရှိတာဝန်ခံများအနေနဲ့ အောက်ခြေအဆင့်ထိ ဝန်ထမ်းများ အား နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲ နေတဲ့မူဝါဒနဲ့လုပ်ငန်းစဉ်များအပေါ် သိရှိနားလည်စေရေး ချပြရှင်းလင်းပြီး ကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်ရာမှာလည်း ကုန်သွယ်မှုမူဝါဒလုပ်ထုံးလုပ် နည်းများကို အခြေခံကာ စိတ်ထား စေတနာ မှန်ကန်စွာဖြင့် လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာ ကုန်သည်လုပ်ငန်းရှင် များအား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်ထမ်းထု အားလုံး အား အသိပေးလိုက်ရပါတယ်။