တရုတ်စက်မှုကဏ္ဍမှ စီးပွားရေး ညွှန်းကိန်းများ မြင့်တက်လာခြင်းနဲ့ အချိန်တိုကာလအတွင်း အတိုးနှုန်းများ ကိုမြှင့်တင်ရန် အဆင်သင့်မဖြစ်သေး ကြောင်း အမေရိကန်ဗဟိုဘဏ်က အချက်ပြလာခြင်းစတဲ့ အခြေအနေ တွေကြောင့် မေ ၂၂ ရက်က ထွန်းသစ်စအာရှဒေသရဲ့ငွေကြေးအများစုရဲ့တန်ဖိုးတွေမြင့်တက်ခဲ့ပါတယ်။အမေရိကန်မူဝါဒရေးဆွဲသူတွေကစီးပွားရေးလှုံ့ဆော် မှုအစီအစဉ်မှနောက်ဆုံးထွက်ခွာနိုင်ဖို့အတွက်အစီအမံတွေချမှတ်နေပေမဲ့ ဧပြီလအမေရိကန်ဗဟိုဘဏ် အစည်းအဝေးဆုံးဖြတ် ချက်အရကာလတိုအတွင်းအတိုးနှုန်းတွေမြှင့်တင်ဦးမှာမဟုတ်ဘူးဆိုတာပြသနေလတဲ့အတွက်ဈေးအဖွင့်မှာ ဒေသငွေကြေးတွေ တန် ဖိုးမြင့်တက်ခဲ့ပါတယ်။
မေလမှာတရုတ်နိုင်ငံစက်မှုကဏ္ဍရဲ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေက ငါးလအတွင်း အကောင်းဆုံး အနေအထားကို ရောက်ရှိခဲ့ကြောင်းHSBC ရဲ့ပဏာမစစ်တမ်းအရတွေ့ရှိပြီးနောက်အာရှငွေကြေး တွေ ရဲ့တန်ဖိုးမြင့် တက်လာ ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်ယူသူမန်နေဂျာများ အညွှန်းကိန်းက ဧပြီမှာ ၄၈ ဒသမ ၁ ရှိရာမှ မေမှာ ၄၉ ဒသမ ၇ အထိပြန် လည်မြင့်တက်ခဲ့ပါတယ်။တရုတ်နိုင်ငံကကမ္ဘာမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ် ပြီး အာရှနိုင်ငံတွေရဲ့ ထိပ်တန်းပို့ကုန်နိုင်ငံတစ်ခု အဖြစ် ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့ရဲ့ ကုန်ထုတ်လုပ်မှုကိန်း ဂဏန်းတွေကောင်းမွန်နေပေမဲ့ ဥရောပ ကကုန်ထုတ်လုပ်မှု အခြေအနေက နိမ့် ကျနေပါတယ်။ ယူကရိန်းနိုင်ငံရှိ ရုရှားလိုလားသူရဲ့ပုန်ကန်မှုတွေက ပြင်း ထန်နေဆဲ ဖြစ်ပါတယ်။တရုတ်ယွမ် တရုတ်ဗဟိုဘဏ်ငွေလဲနှုန်းကို ဒုတိယမြောက်နေ့အဖြစ် ရှစ်လအတွင်းအနိမ့်ဆုံးနှုန်းသို့ချခဲ့သဖြင့် မေ ၂၃ ရက်မှာ တရုတ်ယွမ်တန်ဖိုးကအနည်းငယ်ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လာရောင်းလိုအားနဲ့ဝယ်လိုအား ကိုပြန်လည်ထိန်းညှိတဲ့ အခါ ယွမ်တန်ဖိုး ကျဆင်းနေတာကို အနည်းငယ်အထိန်း အကွပ်ဖြစ်စေခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ ယွမ်ငွေ တန်ဖိုးကတစ်ဒေါ်လာကို၆ဒသမ၂၃၇၆ ဝမ် နှုန်းရှိခဲ့ပါတယ်။ ဈေးကစားတာကို ကာကွယ်ဖို့ အတွက်၂၀၁၄ ခုနှစ်အတွင်း ပထမလေးလမှာ ဗဟိုဘဏ်က ၃ ဒသမ ၃ ရာခိုင်နှုန်းတန်ဖိုးချဖို့ စီစဉ်ခဲ့ ပေမဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းတိုး တက်ခဲ့ပါတယ်။အိန္ဒိယရူပီး
အမေရိကန်ဒေါ်လာကို ပို့ကုန် လုပ်ငန်းရှင်များက ပိုမိုထုတ်ရောင်းလာ တဲ့အတွက် မေ ၂၃ ရက်မနက်ပိုင်းဈေး ကွက်မှာ ရူပီးတန်ဖိုးက မေလ ၂၂ ရက် နေ့ကအတိုင်း သုည ဒသမ ၁၀ ရူပီး ဆက်တိုက်မြင့်တက်ပြီး တစ်ဒေါ်လာကို ၅၈ ဒသမ ၃၇ ရူပီးနှုန်းရှိခဲ့ပါတယ်။နိုင်ငံခြားငွေတွေဆက်လက်စီးဝင်နေတဲ့ကာလမှာဘဏ်တွေနဲ့ပို့ကုန်လုပ်ငန်းရှင်တွေကဒေါ်လာထုတ်ရောင်း လာတာကရူပီးတန်ဖိုးမြင့်တက်ဖို့ အထောက်အ ပံ့ဖြစ်စေခဲ့တယ်လို့ ဝယ်ရောင်းသမား တွေက ပြောပါတယ်။ ထို့ပြင် ဈေးကွက် အဖွင့်မှာ ပြည်တွင်းရှယ်ယာဈေးကွက် တွေမြင့်တက်လာတာကလည်း ရူပီးတန်ဖိုး ကိုမြင့်တက်စေခဲ့ပေမဲ့ ပြည်ပဈေးကွက် မှာ ဒေါ်လာတန်ဖိုးမြင့်တက်မှုက ရူပီး တန်ဖိုးမြင့်တက်တာကို အဟန့်အတား ဖြစ်စေခဲ့တယ်လို့ သူတို့ကပြောပါတယ်။ဂျပန်ယန်း ယူရိုဇုန်စီးပွားရေးဆောင်ရွက်မှု ကိုတိုင်းတာတဲ့စံတစ်ခုဖြစ်တဲ့ဝယ်ယူသူမန်နေဂျာများရဲ့ အညွှန်းကိန်းကျဆင်းမှု ကြောင့် မေ ၂၂ ရက်နေ့မှာ ဒေါ်လာ နဲ့ဖလှယ်တဲ့အခါ ယူရိုတန်ဖိုးကျဆင်းခဲ့ ပါတယ်။ ယူရို၊ ဒေါ်လာဖလှယ်နှုန်းက မေ ၂၂ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၆၅၃ ဒေါ်လာနှုန်းရှိခဲ့ရာမှ မေ ၂၃ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၆၄၇ ဒေါ်လာနှုန်းထိကျဆင်းခဲ့ပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးက ဒေါ်လာ နဲ့ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၇၂ ယန်းနှုန်းမှ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၇၅ ယန်းနှုန်းသို့ ကျဆင်း ပြီး ယူရိုနဲ့ ဖလှယ်ရာမှာ တစ်ယူရိုကို ၁၃၈ ဒသမ ၉၀ ယန်းနှုန်းမှ ၁၃၈ ဒသမ ၈၅ ယန်းနှုန်းသို့ ရောက်ရှိပြီး တန်ဖိုးမြင့် တက်ခဲ့ပါတယ်။မလေးရှားရင်းဂစ် အမေရိကန်ဗဟိုဘဏ်ကြေညာချက်ထွက်ပေါ်ပြီးနောက် မေ ၂၃ ရက် မှာ ရင်းဂစ်တန်ဖိုးက အကြီးအကျယ် ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ရင်းဂစ်တန်ဖိုး ကမေ ၂၂ ရက်ညနေ ၅ နာရီမှာ တစ် ဒေါ်လာကို ၃ ဒသမ ၂၁၁၅ ရင်းဂစ် နှုန်းရှိရာမှ ၂၃ ရက်မနက် ၉ နာရီ ၁၆ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၂၁၁၅ ရင်းဂစ်နှုန်းအတိုင်းပဲရှိခဲ့ပါတယ်။ အခြားအဓိကငွေကြေးတွေနဲ့ ဖ လှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုးမြင့် တက်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
လကုန်မှာငွေရှင်းဖို့အတွက်ပို့ကုန် လုပ်ငန်းရှင်တွေရဲ့ ဝယ်လို့အားနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဆိုးလ်မြို့စတော့ အိပ်ချိန်း မှာရှစ်ရက်မြောက်အဖြစ်ဝမ်ငွေကြေးကိုဝယ်ယူလာကြတဲ့အတွက်ဝမ်ငွေကြေးရဲ့တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ဒီကာလ အတွင်း မှာ နိုင်ငံခြားသားတွေဝယ်ယူမှုက ဝမ် ၂ ဒသမ ၂၆ ထရီလီယံ(ဒေါ်လာ ၂ ဒသမ ၂၀ဘီလီယံ)ရှိခဲ့ကြောင်းတောင်ကိုရီးယား စတော့ဒိုင်စာရင်းတွေအရသိရပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက မေ ၂၂ ရက်မှာ တစ်ဒေါ်လာကို ၁၀၂၄ ဒသမ ၇၅ ဝမ်နှုန်းရှိရာမှ ၂၃ ရက်မှာ ၁၀၂၃ ဒသမ ၇၉ ဝမ်နှုန်းသို့ ရောက်ရှိကာ တန် ဖိုးမြင့်တက်ခဲ့ပါတယ်။ ထိုင်းဘတ် မေ ၂၂ ရက်နေ့ကစစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာခြင်းမပြုမီကဘတ်ငွေတန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ပါတယ်။စစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာတဲ့အချိန်မှာ တစ်ဒေါ်လာကို ၃၂ ဒသမ ၄၀ ဘတ်နှုန်းသို့ရောက်ရှိ ကာ ဘတ်ငွေတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ် စက်တင်ဘာ ၁၉ ရက်နောက်ဆုံးအာဏာသိမ်းချိန်က နောက်တစ်နေ့မှာ ဘတ်ငွေက ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းရာမှ နောက်တစ် နေ့မှာ ၁ ရာခိုင်နှုန်းအထိ ပြန်လည်မြင့် တက်ခဲ့ပါတယ်။