Main menu

Background

အိန္ဒိယဗဟိုဘဏ်က ရွှေတင်သွင်းမှု စံနှုန်းများကို လျှော့ချ

Fri, 05/30/2014 - 03:59 -- ydnar

အိန္ဒိဗဟိုဘဏ်က ရွှေတင်သွင်းမှု စံနှုန်း ၂၀း၈၀ အချိုးကို ပြင်ဆင်လိုက် တဲ့အတွက် တရားဝင်ဖြန့်ဖြူးမှုများကို တိုးမြှင့်ပြီး အထောက်အကူပြုသွားမှာ ဖြစ်ကြောင်း ပြောကြားရင်းပြင်ဆင်မှု ကိုကမ္ဘာ့ရွှေကောင်စီ(WGC)ကကြိုဆိုလိုက်ကြောင်း သည် ဟင်ဒူသတင်းမှာ ဖော်ပြထားပါတယ်။

 
''တင်သွင်းနိုင်ဖို့အတွက်အကျုံးဝင်သူပလေယာတွေဈေးကွက်ထဲကိုပိုမိုပြန်လည်ဝင်ရောက်လာနိုင်တဲ့အတွက် တရားဝင်ဖြန့်ဖြူးမှုတွေ ပိုမိုမြင့်မားလာ နိုင်ပါတယ်'' လို့အိန္ဒိယနိုင်ငံဆိုင်ရာWGC အုပ်ချုပ်မှုဒါရိုက်တာဆိုမာဆမ်ဒါရမ် က ပြော ပါတယ်။ ဒါပေမဲ့ ၂၀း၈၀ အစီအစဉ်က ရှိနေသေးတဲ့အတွက် အခက်အခဲရှိနေ နိုင်ပါသေးတယ်လို့ သူကပြောပါတယ်။ ပြည်တွင်းတင်သွင်းမှုခွဲတမ်း ၈၀ ရာခိုင်နှုန်းနဲ့အကျုံးမဝင်တဲ့ ပြည်တွင်းလက်ဝတ်ရတနာထုတ်လုပ်သူတွေ ကို ရွှေသတ္တု ဝယ်ယူမှုချေးငွေ (Gold Medal Loans)  တွေပေးဖို့ သတ်မှတ် ထားတဲ့ ဘဏ်တွေကိုခွင့်ပြုပေးတဲ့ ဗဟိုဘဏ်ရဲ့ ဆုံးဖြတ် ချက်ကြောင့်လွန်ခဲ့တဲ့လအနည်းငယ်ကလက်ဝတ်ရတနာထုတ်လုပ်သူတွေအပေါ်ကျရောက်နေတဲ့ထုတ်လုပ်မှုဝန် ထုတ်ဝန်ပိုး ကို သက် သာစေပါတယ်။
ပို့ကုန်လုပ်ငန်းမြှင့်တင်ဖို့အတွက် အဖိုးတန်သတ္တုဝယ်ယူစုဆောင်းရန်ခွင့်ပြုထားတဲ့ဘဏ်တွေအပြင် ကုန်သွယ်မှုလုပ် ငန်းတွေ ကိုပါ ခွင့်ပြုခြင်းဖြင့် ရွှေတင်သွင်းမှုစံနှုန်းတွေကို ဗဟိုဘဏ် က မေ ၂၁ ရက်နေ့မှာ လျှော့ချပေးခဲ့ ပါတယ်။ ကြီးထွားလျက်ရှိတဲ့ ပြည်ပငွေပေး ငွေယူရှင်းတမ်းလိုငွေပြမှုနဲ့ ရူပီးတန်ဖိုး ကျဆင်းမှုကို ထိန်းချုပ်ဖို့အတွက် ၂၀၁၃ ခုနှစ်ဇူလိုင်မှာ ပြင်းထန်တဲ့ ကန့်သတ် ချက်တွေကို ဗဟိုဘဏ်က သတ်မှတ်ခဲ့ ပါတယ်။ ဗဟိုဘဏ်ကသွင်းကုန်နဲ့ ပို့ကုန် တွေကို ချိတ်ဆက်ထားပြီး ၂၀း၈၀ ဖော် မြူလာကိုချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက် အရ ရွေးချယ်ခံဘဏ်တွေကိုသာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုပြီး တခြားအဖွဲ့အစည်းတွေကို ရွှေတင်သွင်းခွင့်ပိတ်ပင်ခဲ့ပါ တယ်။ ၂၀း၈၀ အစီအစဉ်အရ ရွှေတင် သွင်းသူက တင်သွင်းတဲ့ရွှေရဲ့ ငါးပုံတစ်ပုံ ကို ပို့ကုန်အတွက် သီးသန့် အသုံးပြု ရမှာဖြစ်ပြီး ကျန်ရွှေကိုသာ ပြည်တွင်း မှာ သုံးရမှာဖြစ်ပါတယ်။