Main menu

Background

မေခရို စီးပွားရေး တည်ငြိမ်မှုနှင့်ဆင်းရဲနွမ်းပါးမှု ပြဿနာ

Mon, 06/02/2014 - 08:48 -- ydnar

ဆိုးကျိုး သက်ရောက်နိုင်ခြေများ၏ အရင်းအမြစ်
 
ယနေ့တစ်ကမ္ဘာ့လုံးရှိ နိုင်ငံများအတွက် အစိုးရိမ်ရဆုံးပြဿနာများထဲမှတစ်ခုမှာဆင်းရဲနွမ်းပါးမှုဖြစ်သည်။အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ထို ပြဿနာမှာ တဖြည်း ဖြည်းခြင်းကြီးထွားလာနေသဖြင့် အချိန်ကာလကြာရှည်သည် နှင့်အမျှ ဖြေရှင်းရပို၍  ခက်ခဲလာလျက်ရှိနေသည်။ထို့ကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၌ဆင်းရဲနွမ်းပါးမှုလျော့ကျစေရေး(လုံးဝပပျောက်စေရေးမှာကြားရသူအပေါင်းအား ရှိစရာ ကောင်း နိုင်သော်လည်း လက်တွေ့တွင်လုံးဝဖြစ်နိုင်ချေ မရှိပေ။)

လုပ် ငန်းစဉ်များကို အမျိုးသား အဆင့် အကောင်အ ထည်ဖော် ဆောင်ရွက်ရမည့် စဉ်ဆက်မပြတ်လုပ်ငန်းစဉ်အဖြစ် သဘော ထား၍ လုပ်ဆောင်နေကြ သည် ကိုတွေ့မြင်နေကြရ သည်။အဘယ်ကြောင့်ဤမျှလောက်အရေးကြီးနေပါသနည်း။ဆင်းရဲနွမ်းပါးမှုကိုကြုံတွေ့ခံစားရာမှတစ်ဆင့်အခြားသောဆက်စပ် အခြေအနေများဖြစ်သည့်စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးမတည်ငြိမ်မှုအခြေအနေဆိုးများကိုပါဆင့်ပွားဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ် သည်။ယေဘုယျအားဖြင့်အဆက်အစပ်မရှိနိုင်ဟုထင်ရသောယဉ်ကျေးမှုအရေးအရာများသည်ပင်လျှင်ဆင်းရဲနွမ်းပါးမှုအခြေအနေ ၏သက်ရောက်မှုများရှိလာနိုင်ပြီးနိုင်ငံတစ်နိုင်ငံ၊လူ့အဖွဲ့အစည်းတစ်ရပ်၏ဂုဏ်ဒြပ်နှင့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ အတွက်ပါ အန္တရာယ်များဖြစ်လာနိုင်ပါသည်။သက်ဆိုင်ရာနိုင်ငံ၊လူ့အဖွဲ့အစည်းများမှတာဝန်ရှိသူများအနေဖြင့်ဆင်းရဲနွမ်းပါးမှုနောက်ဆက်တွဲ ဆိုးကျိုးများနှင့်ပတ်သက်၍ပညာရှင်များ၊သုတေသီများ၏သုတေသနဖော်ထုတ်ချက်များ၊လေ့လာတွေ့ရှိချက်များကိုအလေးဂရုထား မှတ်သားကာ ပြင်ဆင်စရာရှိသည်များကို ကြိုတင်လုပ်ဆောင်ထားရန်လို သည်။သာမန်ကာလျှံကာ ဖြေရှင်း၍မရသည့်ပြဿနာ
 
ဆင်းရဲနွမ်းပါးမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် သာမန်ပြဿနာငယ်တစ်ရပ်မဟုတ်။လူ့အဖွဲ့အစည်းအတွင်းရှိ အခြေအနေ အရပ်ရပ်ပေါ်တွင်ဘက်စုံ၊ ထောင့်စုံ၊ ရှုထောင့်စုံမှ ကြည့်မြင်သုံးသပ်နိုင်စွမ်းရှိမှထိထိရောက်ရောက်ဖြေရှင်းနိုင် မည့် လူမှုစီးပွားရေးပြဿနာကြီးဖြစ်သည်။ထိုပြဿနာကြီးကိုဖြေရှင်းနိုင်ရန်အစည်းအဝေးခန်းမ၊ရုံးခန်းအတွင်းမှ အစည်း အဝေး ထိုင်ကာရေး ဆွဲ ထားသော စီမံချက်များ၊ ပေါ်လစီများ ပေါ်တွင်ရာနှုန်းပြည့်အားကိုး၍မရနိုင်ပေ။ လက်တွေ့ အခြေ အနေကိုပါ ထည့်သွင်း စဉ်းစားလုပ်ဆောင်နိုင်မှုကပို၍အရေးကြီး၏။ပကတိမြေပြင်တွင် ကြုံတွေ့နေရသောအခြေအနေအရပ်ရပ်ကို ကောင်းစွာ နား လည် သဘောပေါက်ပြီးနောက် နယ်ပယ်စုံ၊ကဏ္ဍစုံ၊အလွှာစုံမှပါဝင်ပေါင်းစပ်လုပ်ကိုင်နိုင်ရေး အတွက်ကောင်းစွာပြင်ဆင် ထား သည့် နည်းလမ်းများသည် လည်းကောင်း၊ ပါဝင်လုပ်ဆောင်ကြမည့် လူပုဂ္ဂိုလ်များ၏ လုပ်ငန်းစဉ်ပေါ်တွင်ထားရှိမည့် သဘော ထားများနှင့် တစ်ဦးချင်း၏ ကိုယ်ကျင့်တရားများသည် လည်း ကောင်း၊တစ်ထောင့်တစ် နေရာမှ အရေးပါ လျက် ရှိသည်။ ထို့ ပြင် ဆင်းရဲနွမ်းပါးမှုနှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိ သည့်  မေခရို စီးပွားရေး ဆိုင်ရာအကြောင်းများကို လည်းသိရှိထား ရန် လို သည်။ မေခရို စီးပွားရေး အကြောင်းများထဲမှ ဆင်း ရဲနွမ်းပါးမှုကို လုံး၀ ပြဋ္ဌာန်း နိုင်သော အချက်မှာ စီးပွား ရေး တိုးတက် မှု ဖြစ်၏။ ထို့ ကြောင့်ထိုစီးပွား ရေးဖွံ့ဖြိုးတိုးတက် မှုကိုမြင့်မားသောနှုန်းဖြင့် အဆက်မပြတ်ရရှိနိုင်ရေးမှာလည်း မရှိမဖြစ် အရေးပါနေသည်။ထို့သို့ရရှိနေပါကနိုင်ငံ၏စီးပွားရေးတည်ငြိမ်မှုရရှိနိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်ပါ တစ်နွယ်ငင် တစ်စင်ပါအထောက်အကူရလာနိုင်သည်။ထို့ကြောင့်နောက်ဆုံးတွင်ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအတွက်မည် သို့သောပေါ်လစီ များ၊ မဟာဗျူဟာများချမှတ်သည်ဖြစ်စေထိုပေါ်လစီလက်နက်ကိရိယာများ အားလုံး၏အဓိကကျသော အစိတ်အပိုင်း တွင် မေခရို စီး ပွားရေးတည်ငြိမ်မှုမှာ အခရာကျနေသည်ဟု ကောက်ချက်ချ ရမည်သာဖြစ်သည်။အရပ်မျက်နှာစုံ၊ ရှုထောင့်စုံမှသာ
မေခရိုစီးပွားရေးတည်ငြိမ်မှုမှာ လွယ်ကူစွာရရှိနိုင်သောအခြေအနေ မဟုတ်ပေ။စီးပွားရေးအဆောက်အအုံအတွင်း ရှိကောင်းမွန်သောအခြေအနေမျိုးစုံပေါင်းစပ်သက်ရောက်မှုကြောင့်သာရရှိနိုင်သည်။အရေးကြီးဆုံးဖြစ်သည့်ပြည်တွင်းထုတ်လုပ် မှု (ဂျီဒီပီ)နှုန်းစဉ်ဆက်မပြတ်တိုးတက်ရန်အတွက်စီးပွားရေးအဆောက်အအုံ၏ ဖွဲ့စည်းမှုပေါ်တွင်များစွာမူတည်နေ၏။ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းနှင့် မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း ၊ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊တိုးတက်ကောင်းမွန်မှုရှိသည့်အုပ်ချုပ်မှု၊ကုန်သွယ်မှုနှင့်ဘဏ်လုပ်ငန်းဆိုင်ရာ ဖြေ လျော့မှုများစသည့် အခြေ အနေများအားလုံးသည် လည်းဟန်ချက်ညီ၊ ဟာမိုနီ ဖြစ်နေရန်လို၏။ ထပ်မံ စဉ်းစားရန်လိုသည့်အချက် လည်းရှိသေး သည်။စီးပွား ရေးအဆောက်အအုံအတွင်း ရှိ ကုန်ထုတ် စွမ်းအားစု ဖြန့်ဖြူးခွဲဝေမှုဆိုင်ရာအနေ အထားဖြစ်သည်။ ပြောင်း လဲ တိုးတက်မှုရှိသောခွဲဝေဖြန့်ဖြူးမှုရှိသည့် စီးပွားရေးအခြေအနေ သည် ခွဲဝေဖြန့်ဖြူးမှု ကိုထည့်သွင်းစဉ်းစား မထားသည့် စီးပွားရေး အခြေအနေထက် ဆင်းရဲနွမ်းပါးမှုလျှော့ ချရေးလုပ်ငန်းစဉ်ပေါ်တွင်ပိုမိုအကျိုး သက်ရောက်မှုရှိသည်ကို တွေ့ရသည်။ မြေယာ အသုံးပြုမှုဆိုင်ရာခွဲဝေချထားမှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူပြု အသုံးစရိတ် များ တိုးမြင့်လာမှု၊ ဆင်းရဲနွမ်းပါး သူများ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးဈေးကွက်များကိုအသုံးပြုနိုင်ရေးနည်းလမ်းများ များပြားလာမှုစ သည့်စီးပွားရေး အဆောက် အအုံအတွင်းဝင်ငွေနှင့်အက်ဆက်များခွဲဝေဖြန့်ဖြူးမှုတိုးတက်စေသောပေါ်လစီများသည်လည်းနိုင်ငံတစ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုေ လျှာ့ ချရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အစိတ်အပိုင်းများကို ဖြစ် ပေါ်လာနိုင်သည်။ဆင်းရဲနွမ်းပါးမှုလည်းလျော့ကျ၊ စီးပွားရေးလည်းတည်ငြိမ်
ဆင်းရဲနွမ်းပါးမှု လျော့ကျလာစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုသည်။ စီးပွားရေးဖွံ့ဖြိုးမှုစဉ်ဆက်မပြတ်ရရှိပါက စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားရာလည်း ရောက်သည်။ စီးပွားရေးတည်ငြိမ်မှုကိုအခြေအနေတစ်ရပ်၌ ထိန်းသိမ်းထားနိုင်ရမည်။ ထိုသို့ဖြည့်ဆည်းရာတွင်ငွေကြေးဖောင်းပွမှုကိုဖြစ်စေသောအခြေအနေမျိုးဖြင့်မပြုလုပ်သင့်ပေ။ထို့ပြင် မေခရိုစီးပွားရေးပေါ်လစီနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်များ၊မဟာဗျူဟာများပေါင်းစပ် တီထွင်လုပ်ဆောင်မှုများကိုလည်းတစ်ကြိမ် တစ်ခါ စီစဉ်ေ ဆာင်ရွက်ပြီးသည်နှင့်တစ်သက်တာစိတ်ချလက်ချအသုံးပြုနိုင်စေသောတန်ခိုးရှင်၊ဖန်ဆင်းရှင်တို့ထံမှရရှိသောလက်နက်ကိရိယာ ကဲ့သို့သဘောထား၍အသုံးပြုသင့်သည်။မကြာခဏပြန်လည်လေ့လာသုံးသပ်ထပ်ခါတလဲဆောင်ရွက်နေရမည်ဖြစ်သည်။ မေခရို စီးပွာရေးမညီမျှမှုပြင်းထန်နေတတ်သည့်အချိန် များတွင်လည်း လက်ရှိအကောင်အထည်ဖော်နေသော အခြေ အနေကိုပြောင်း လဲလုပ်ဆောင်နိုင်စွမ်းရှိအောင်အားထုတ်တတ်ရမည်။ဥပမာအားဖြင့်ဆောင်ရွက်နေသည့်အစီအစဉ်များစွာထဲမှပိုမိုအရေးကြီးသည့် ဦးစားပေးအစီအစဉ်များကို ပြန်လည်ရွေးချယ်ခြင်း၊ ရေရှည်အစီအမံများထက်ကာလတိုရည်မှန်းချက်များ ပြန်လည်ချမှတ်၍ စီစဉ်ဆောင်ရွက်ခြင်းတို့ဖြင့်ပြောင်းလဲလုပ်ကိုင်နိုင်စွမ်းရှိရမည်။သို့သော်ပြုပြင်ပြောင်းလဲလုပ်ဆောင်မှုများ သည် မေခရိုစီးပွားရေး တည်ငြိမ်စေမှုကို ထိခိုက်စေသည့် အခြေအနေများ မဖြစ်သင့်ပေ။