Main menu

Background

MAPCO မှ တင်သွင်းရောင်းချသည့် ဆန်အရောင်ခွဲခြားစက်များ၊ စပါးနှင့် သီးနှံအခြောက်ခံစက်များအား သုံးလအတွင်း အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်

Thu, 06/05/2014 - 08:01 -- ydnar

 

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (Myanmar Agribusiness Public Corporation Limited, MAPCO) မှ တင်သွင်းရောင်းချသည့် တရုတ်နိုင်ငံ MEYER Company မှထုတ်လုပ်သည့် Ancoo အမှတ်တံဆိပ် ဆန်အရောင် ခွဲခြားစက်များ(Color Sorter)  ကိုရီး ယားနိုင်ငံမှထုတ်လုပ် သညMAPCO စပါး နှင့်သီးနှံအခြောက်ခံစက်များကို သုံးလ အတွင်း ဝယ်ယူမည်ဆိုပါက အထူးဈေး နှုန်းများဖြင့်ရောင်း ချပေး မည်ဖြစ်ကြောင်း MAPCO မှ တာဝန်ရှိသူတစ်ဦးက အဆိုပါစက်ပစ္စည်းများအား မိတ်ဆက်ပွဲ တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံMEYER Com-pany မှထုတ်လုပ်သည့် Ancoo  ME-YER Color Sorter  များ သည် မြန်မာ ပြည်ဈေး ကွက်တွင်နေရာတစ်နေရာရယူ နိုင်ရန်အတွက်MAPCO နှင့် ချိတ် ဆက်၍လာရောက်ရောင်း ချခြင်းဖြစ် ကြောင်း၊ ယခင်ကMade in China ဆိုလျှင် အရည်အသွေးညံ့သည့် ပစ္စည်း အဖြစ်ခံယူထားကြပါကြောင်း၊ အဆိုပါ အချက်ကို မိမိတို့ကုမ္ပဏီမှ ချေဖျက်ပြီးMade in China ဆိုလျှင် အရည် အသွေးကောင်းမွန်သည့် ပစ္စည်းတစ်ခု ဖြစ်သည် ဆိုခြင်းကိုလက်တွေ့ပြသ၍ ပြည်သူအများလက်ခံနိုင်အောင် ကြိုး စားသွားမည်ဖြစ်ကြောင်းMEYER Company  မှ မန်နေးဂျင်းဒါရိုက်တာ Mr. Lin Mao Xian ကပြောကြားခဲ့သည်။

 
MEYER Company ကို ၁၉၉၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ပြီး ၂၀၀၂ခုနှစ်တွင် ပြန်လည်တည်ထောင် ခဲ့ကြောင်း သိရသည်။ MEYER Company  မှထုတ်လုပ်သည့် ဆန်အ ရောင်ခွဲခြားစက် (Color Sorter) များ သည် R Series များဖြစ်ကြောင်း၊ အဆိုပါR Series Color Sorter  များ သည် ခလုပ်တစ်ချက်နှိပ်ရုံဖြင့် လုပ်ငန်း အဆင့်ဆင့်ကို လည်ပတ်နိုင်အောင်ဆောင်ရွက်ထားကြောင်း၊သို့သော်စက်ပစ္စည်းဖြစ်သည့်အတွက်အမှားအယွင်းများရှိနို င်ကြောင်း၊ ယင်းသို့အမှားအယွင်း များရှိလာပါက အချက်ပေးစနစ်  (Al-arm System) ကို ထည်သွင်းပေး ထား ပါကြောင်းဖြင့်  R  Series  Color Sorter များအကြောင်းကMEYER Company  မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြား ခဲ့သည်။မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်အနေ ဖြင့် အဆိုပါ Color Sorter များ၊ စပါးနှင့် သီးနှံအခြောက်ခံစက်များကို မြန်မာ့ရှေ့ဆောင်ဘဏ်f(Myanmar Apex Bank) နှင့်ချိတ်ဆက်၍ အရစ် ကျဝယ်ယူနိုင်အောင်စီစဉ်ထားကြောင်း  သိရသည်။ထို့ပြင် မေလ ၃၁ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့အတွင်း အဆိုပါ ပစ္စည်းများအား ဝယ်ယူမည်ဆိုပါက အထူးေ ဈးနှုန်းများဖြင့် ဈေးလျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ ပစ္စည်းဝယ်ယူသည့်တန်ဖိုးအလိုက် ကျပ်  ၆သိန်း မှ ကျပ်သိန်း ၃၀ အထိ ဈေး လျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်းMAPCO မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
MAPCO အနေဖြင့် မြို့နယ် အဆင့်တွင် ဒေသအခြေပြု လယ်ယာ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ဌာနများ((Agribusiness Services Center, ASC)တည်ထောင်၍ ရင်းနှီး မြှုပ်နှံဆောင်ရွက်လျက်ရှိရာအဆိုပါ ASC သည် လက်တွန်းထွန်စက်၊ ထွန်စက်ကြီးများဖြင့် စက်မှုလယ်ယာအငှားလိုက်ခြင်း၊ ရိတ်သိမ်းချွေလှေ့စက် ၊ ချွေ လှေ့ စက် များ အငှားလိုက်ခြင်း၊ စပါး အခြောက်ခံစက်ဖြင့် နဝလီအခြောက်ခံ ပေးခြင်း၊ သိုလှောင်ရုံနှင့်သိုလှောင်ထား ရှိနိုင်မှုဝန်ဆောင်မှုပေးခြင်း၊မျိုးစေ့သန့်စင်ခြင်း၊မျိုးစေ့ဖြန့်ဖြူးရောင်းချပေးခြင်း၊စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတ်မြေသြဇာ နှင့်
ဆေးဝါးများဖြန့်ဖြူးခြင်းလုပ်ငန်း၊ လယ်ယာထွက်ကုန်သီးနှံများကို စုပေါင်း ညှိနှိုင်းရောင်းချခြင်း၊ နည်းပညာနှင့်လေ့ ကျင့်ပညာပေးသင်တန်းများပို့ချပေးခြင်းစသည့်ဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ဆောင်ပေးလျက်ရှိကြောင်းသိရ သည်။