Main menu

Background

မုံရွာကုန်စည်ဒိုင် ဇွန်လပထမပတ် ပဲလက်လီအရောင်းအဝယ်သွက်

Wed, 06/11/2014 - 03:30 -- ydnar

 
မုံရွာ ကုန်စည်ဒိုင်ရဲ့ ဇွန်လပထမပတ်ပဲဈေးကွက်မှာExport    ဝယ် လက်အဖြစ် ပဲတီစိမ်းနဲ့ ငုံနီအနည်းငယ် အရောင်းအဝယ် ဖြစ် ခဲ့ပြီး ကျန်ပဲ အများစုမှာ လက်လီဈေးကွက်သာ ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ ယခုအချိန်ဆို ယခင်နှစ်တွေက ရေသွင်းပဲတီတစ်ရက်အိတ်ခုနစ်ထောင်မှတစ်သောင်းထိဝင် ခဲ့ပေမဲ့ ဒီနှစ်မှာ ရာသီဥတုဒဏ်ကြောင့် စိုက်ဧကေ လျာ့ခဲ့တဲ့အတွက် ဒိုင်မှာ တစ်ရက်အိတ် သုံးထောင်ခန့်သာ ဝင် ရောက်မှုရှိတယ်လို့ ကုန်သည်ရပ်ကွက် က ပြောပါတယ်။ ယခု အပတ်မှာ စိမ်း ကြီး တစ်တင်း ၃၈၀၀၀ ကျပ်မှ ၃၉၂၀၀ ကျပ်အတွင်းပေါက်ဈေးဖြစ်ခဲ့ပြီးအရောင်း အဝယ်အားဖြင့် ပဲအဝင်ပေါ် မူတည် ကာတစ်ရက်အိတ်၂၅၀၀မှ၃၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါ တယ်။

ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ရန်ကုန်ဝယ်လက် အနည်းငယ်ရှိခဲ့လို့ တစ်ရက်အိတ်တစ်ထောင်ခန့် အရောင်း အဝယ်ဖြစ် ခဲ့ပြီး ပေါက်ဈေးအနေနဲ့ တစ်တင်း ၁၈၇၀၀ ကျပ်ထိကျဈေးဖြစ် ပေါ်ခဲ့ပါတယ်။ ပေါက်ဈေးပေါ် မူတည် ပြီး ဒေသခံကုန်သည် အချင်း ချင်း အရောင်းအဝယ် အနည်းငယ် ဖြစ်ခဲ့ တယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။ မတ်ပဲဈေးကွက်ကတော့ ဒိုင်ကို ပဲ သစ်ဝင်ရောက်မှုမရှိဘဲ ပဲ ဟောင်းလက်ဝယ်ရှိတဲ့ ကုန်သည်တစ်ချို့ ပြန်လည်ရောင်းချမှုသာရှိခဲ့ပြီး ယခု တစ်ပတ်မှာ တစ်တင်း ၂၃၅၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်ကြား ပေါက်ဈေးဖြစ်ခဲ့ ကာတစ်ရက်အိတ် နှစ်ရာခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က  သိရပါတယ်။ ယခုတစ်ပတ်ကုလားပဲမျိုးစုံ ဈေးကွက်ဆက်လက်အေးနေခဲ့ပြီး ဒေသတွင်း ခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံ စက်နဲ့ ပဲကြော်ဖိုတွေ ရဲ့လက်လီအဝယ် သာရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသ အဝယ်သာရှိလို့ ဈေးလည်းငြိမ်နေခဲ့ရာ ကုလားပဲရိုးရိုး တစ်တင်း ၁၃၀၀၀ ကျပ်၊ထိုင်ဝမ်တစ်တင်း ၁၄၀၀၀ ကျပ်၊ V2 တစ်တင်း ၁၄၆၀၀ ကျပ်နဲ့ ၉၂၉  တစ် တင်း ၁၃၉၀၀ ကျပ်အသီးသီး အမြင့်ဆုံး ပေါက်ဈေးဖြစ်ခဲ့ပြီး ကုလားပဲမျိုးစုံ အရောင်းအဝယ်အနေနဲ့ တစ်ရက်အိတ် ၁၅၀၀ ခန့်ရှိနိုင်တယ် လို့ ဈေးကွက် က လေ့ လာသိရှိရပါတယ်။ မန်းဝယ်လက်နဲ့ ဒေသအဝယ်သာ ရှိတဲ့ စွန်တာနီနဲ့ ကသဲပဲလည်း ယခုတစ် ပတ်အတွင်း ဈေးငြိမ်လျက်ရှိရာ စွန် တာနီ တစ်တင်း ၁၇၂၀၀ ကျပ်၊ ကသဲပဲ တစ်တင်း၁၇၈၀၀ ကျပ်အသီးသီးပေါက် ခဲ့ပြီး တစ်ရက်အိတ်၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်နိုင် တယ်လို့ ဈေးကွက်ကဆိုပါတယ်။မန်းဝယ်လက်ရှိနေတဲ့ပဲပုပ်ဈေးလည်းတစ်တင်း ၂၀၅၀၀ ကျပ်ထိ ဈေးမြောက်လာပြီး အရောင်း အဝယ် အနည်းငယ် သွက်ခဲ့ ကာ ပဲယင်းကတော့ ကြာဇံစက်သမားနဲ့ လက်လီအဝယ်ပုံမှန်သာရှိလို့ တစ်တင်း ၁၈၀၀၀ ကျပ် ဈေးငြိမ်နေတာ တွေ့ရပါ တယ်။ တရုတ်ဝယ်လိုအား ကောင်းနေတဲ့ ပြောင်းဖူးစေ့ဈေးကွက်ကယခုတစ်ပတ် မှာနယ်ကတစ်ရက်အိတ် နှစ်ထောင်မှ သုံးထောင် ကြား ပုံမှန်ဝင်လျက်ရှိပြီး ဝင် သလောက် ရောင်းရကာ ပေါက်ဈေးက တော့ တစ်တင်း ၇၁၀၀ ကျပ်နဲ့ ၇၂၀၀ ကျပ်ကြား ဈေး ဆက်လက်မာနေတယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါ တယ်။