ပွင့်လင်းမြင်သာမှုရှိလာသည့်ဈေး ကွက်စီးပွားရေးစနစ်အရ မြန်မာနိုင်ငံ တွင် စတော့ရှယ်ယာဈေးကွက်တစ်ခု ကို ထူထောင်နိုင်ရန် ကြိုးစားလျက်ရှိ ရာ ယခုအခါတွင် ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်အတွက်သင့်လျော် သည့် ကုမ္ပဏီငါးခုကို လျာထားခဲ့ပြီး ၎င်းင်းတို့အနက်မှ နှစ်ခုကို ရွေးချယ်ထား ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီငါး ခုဖြင့်ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် ကို စတင်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ခု နှစ်တွင် စတင်အကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်း သိရသည်။
''စတော့အိတ်ချိန်းဈေးကွက်ထူ ထောင်ဖို့အတွက် လာရောက်လျှောက် ထားတဲ့ကုမ္ပဏီတွေက အများကြီးပါ။ အဲဒီကုမ္ပဏီတွေ အနက်ကုမ္ပဏီငါးခုကို တော့ စတော့ဈေးကွက်အတွက် လျာ ထားထားတာရှိပါတယ်။ အဲဒီအထဲက မှ ခိုင်မာေ သချာမှုရှိ တဲ့ကုမ္ပဏီ နှစ်ခုကို ခွင့်ပြုခဲ့တာပါ''ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမောင်မောင်သိန်း က ပြောကြားခဲ့သည်။လျာထားထားသည့်ကုမ္ပဏီငါးခု အနက် ခွင့်ပြုခဲ့သည့်ကုမ္ပဏီနှစ်ခုမှာ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမီတက် (Myanmar Agri-business Public Corporation Limited, MAPCO)နှင့်အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ်လီမီတက် (Asia Green Development Bank)တို့ ဖြစ်ကြောင်း သိရသည်။ကျန်ရှိသည့်လုပ်ငန်းကုမ္ပဏီသုံးခု ကိုမူ ရန်ကုန်စတော့ရှယ်ယာဈေးကွက် မစတင်မီအချိန်တွင် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါစတော့အိတ်ချိန်းဈေးကွက် ထူထောင်နိုင်ရန်အတွက်ရန်ကုန်စတော့ အိတ်ချိန်းဥပဒေနှင့်နည်းဥပဒေများ မူကြမ်းများကို ဂျပန်နိုင်ငံဘဏ္ဍာရေးဝန် ကြီးဌာနမှသုတေသနအဖွဲ့၊ တိုကျို စတော့အိတ်ချိန်း (TSE)နှင့်မြန်မာ နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနတို့ပူးပေါင်း ၍ရေးဆွဲလျက်ရှိကြောင်းသိရသည်။ယင်းရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်ကို၂၀၁၅ခုနှစ်အောက်တိုဘာ လအတွင်း ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ထား ကြောင်း သိရသည်။