Main menu

Background

ပါကစ္စတန်သရက်သီးများကို ဘယ်လ်ဂျီယံကုမ္ပဏီက တင်သွင်း

Fri, 06/27/2014 - 05:37 -- ydnar

 
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သောSpecial Fruit NV (www.specialfruit.com)သည် ပါကစ္စတန် သရက်သီးများကိုတင်သွင်းလျက် ဥရောပဒေသအနှံ့ဖြန့်ဖြူးရောင်းချလျက်ရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယခုအခါ ပါကစ္စတန် သရက်သီး ရာသီသစ်စတင်ချိန်ဖြစ်သောကြောင့် ပထမသုတ်အဖြစ် ပါကစ္စတန်သရက် သီးများသည် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန် လဒုတိယပတ်တွင်ရောက်ရှိခဲ့ရာSpecial Fruit NV  သည် ယင်းသရက်သီး များအား ဥရောပလက်လီနှင့် လက်ကား  ရောင်းချ သူများထံသို့ ချက်ချင်းဖြန့်ဖြူး ပေးခဲ့ကြောင်းသိရှိရပါသည်။

ပါကစ္စတန်သရက်သီးများသည် အရည်အသွေးကောင်းမွန်ကာ အရသာ အထူးရှိလှပါသည်။Special Fruit NV သည် အဆိုပါ သရက်သီးများအား စက် တင်ဘာလအကုန်ထိ တင်သွင်းဖြန့်းဖြူး သွားမည်ဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံသို့ သရက်သီးများ အား လေကြောင်းခရီးဖြင့်တင်ပို့ခဲ့ခြင်း ဖြစ်ပြီး သရက်သီးသေတ္တာများတွင် သ ရက်သီး ၃ လုံးမှ ၄ လုံး အထိ ထည့် သွင်း ထုပ်ပိုးထားကာ သရက်သီးတစ်သေတ္တာ လျှင် အလေးချိန် ၁ ကီလိုဂရမ်ခန့်ရှိ ကြောင်း အဆိုပါကုမ္ပဏီ၏ သတင်း ထုတ်ပြန် ချက်အရ သိရှိရပါသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် သရက်သီး များ၏လက်လီဈေးနှုန်းများမှာပျမ်းမျှအား ဖြင့် သရက်သီး(ရိုးရိုး)တစ်လုံးလျှင် ယူရို ၁ ဒသမ ၄၉ ခန့်ရှိပြီး သရက်သီး(အော် ဂဲနစ်)တစ်လုံးလျှင် ယူရို ၂ ဒသမ ၉၉ ခန့်ရှိပါသည်။