Main menu

Background

ရန်ကုန် ကုန်သွယ်မှုသင်တန်းကျောင်းတွင် Electronic Traceability for Agricultural Trade Facilitation and Smallholder Integration သင်တန်းဖွင့်လှစ်

Mon, 07/07/2014 - 07:01 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနနှင့် UNESCAP တို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ ကုန်သွယ်မှု သင်တန်းကျောင်း၌ ''Electronic Trac-eability for Agricultural Trade Facilitation and Smallholder Integration ''သင်တန်းကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပါတယ်။
 
သင်တန်း ဖွင့်လှစ်ရခြင်းရဲ့ ရည် ရွယ်ချက်မှာ စိုက်ပျိုးရေးနဲ့ စားသောက် ကုန်ပစ္စည်းများရဲ့ ကုန်သွယ်မှု လျှင်မြန် ချောမွေ့စေရေးနှင့်အစားအစာဘေးကင်း လုံခြုံရေးအား အထောက်အကူပြုနိုင် ရန်၊ နောက်ကြောင်းပြန်ခြေရာခံခြင်း စနစ်ကိုသိရှိနိုင်စေရန်နဲ့ နိုင်ငံတကာ ဈေးကွက်ကိုမြန်မာ့လယ်ယာထွက်ကုန် ပို့ကုန်ပစ္စည်းများရဲ့ ကုန်သွယ်မှု အဆင် ပြေေ ချာေ မွ့စေ ရန်ရည်ရွယ်ပါတယ်။အဆိုပါသင်တန်းကိုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်ေြ မာင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီး ဌာန တို့နဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့ ၇ ခုတို့မှ စုစုပေါင်း သင်တန်းသား ၃၃ ဦး တက် ရောက်ကြပါတယ်။ သင်တန်းဖွင့်ပွဲတွင် ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်မှမိမိတို့နိုင်ငံဟာ လယ်ယာစိုက်ပျိုး ရေးကို အဓိက အားထားသည့် နိုင်ငံ ဖြစ်တဲ့အလျှောက် မိမိတို့ဌာနအနေဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေတဲ့ ကာလမှာယခုလိုသင်တန်းမျိုးဟာအမှန် တကယ်ပင် တန်ဖိုးရှိသော သင်တန်း တစ်ခု ဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် စုစုပေါင်း ၂၄ ရာခိုင်နှုန်းမှာလယ်ယာထွက်ကုန်များဖြစ် ကြောင်း၊ ပို့ကုန်အများစုကို ကုန်ကြမ်းနဲ့ တစ်ဝက်တစ်ပျက်ကုန်ချောများအဖြစ်သာ တင်ပို့ခဲ့ရပါကြောင်း၊တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ် ၍ ဈေးကွက် ချဲ့ထွင်နိုင်ရန်လိုအပ်ပြီး၊ အထူးသဖြင့် နိုင်ငံတကာ ဈေးကွက်ကို မိမိကုန်စည်များတင်ပို့ နိုင်ဖို့အတွက်နောက်ေ ကြာင်းြ ပန် ခြေ ရာ ကောက်နိုင်သည့်စနစ် လိုအပ်နေပါ ကြောင်း၊ သို့ပါ၍ ထုတ်လုပ်သူများနဲ့ တန်ဖိုးမြှင့် ကွင်းဆက်တွင် ပါဝင်သူ အားလုံး က၎င်းတို့ရဲ့ ကုန်စည်များအား နောက်ကြောင်းပြန် ခြေရာကောက်တဲ့စနစ်ကိုသိရှိထားသင့်ပါကြောင်း၊ ယနေ့ တက်ရောက် လာကြတဲ့ သင်တန်းသား များက သင်တန်းမှရရှိတဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ ဗဟုသုတများကို မိမိတို့ရဲ့ အဖွဲ့ အစည်းနဲ့ လုပ်ငန်းခွင်အတွင်း ပြန်လည် မျှေ၀ အသုံးချကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံရဲ့ လုပ်ငန်းကိစ္စများတွင် အမှန် တကယ် လိုအပ်နေ တဲ့ Electronic ဖြင့် နောက်ကြောင်းပြန်မှု ကွင်းဆက်သီအိုရီ၊ အခြေခံကုန်ထုတ်လုပ်မှုနဲ့ ကွင်းဆက် နောက်ေ ကြာင်းြ ပန် ခြေရာကောက်မှု၊ သတင်းအချက်အလက်စနစ်၊ ဒီဇိုင်း အကောင်အထည်ဖော်ခြင်း၊မဟာဗျူဟာ များကို လာရောက် ပို့ချေ ပးသော UNESCAP မှ တာဝန်ရှိသူများကို လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ သင်တန်းကို UNESCAP မှကျွမ်း ကျင်သူများနဲ့ ဂျာမဏီနိုင်ငံမှ ပညာရှင် Dr. Heiner Lehr တို့က စာတွေ့လက်တွေ့ ပို့ချပေးခဲ့ကြောင်းသိရပါ တယ်။