Main menu

Background

ဒစ်ဂျစ်တယ်ငွေကြေး(Bitcoin) ကို ရှောင်ရှားဖို့ ဥရောပကြီးကြပ်ရေးအဖွဲ့က ဘဏ်တွေကိုပြော

Thu, 07/10/2014 - 07:29 -- ydnar

 
ဒစ်ဂျစ်တယ်ငွေကြေးတွေကို အသုံးပြုတဲ့အခါ မမှန်မကန် လုပ်တာကို အကာအကွယ်ပေး မယ့်စည်းမျဉ်း ဥပဒေ တွေမပြဋ္ဌာန်းမီ အထိ Bitcoin ကဲ့သို့ ငွေကြေးသဘောအသုံးပြုတဲ့ငွေကြေး မျိုးနဲ့လုပ်ငန်းတွေ မဆောင်ရွက်ဖို့ ဒေသတွင်းရှိဘဏ်တွေကို ဥရောပဘဏ်လုပ် ငန်းကြီးကြပ်သူတွေက ဇူလိုင် ၄ ရက်က နှိုးဆော်ထားကြောင်း  အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

ငွေကြေးသဘော သုံးစွဲတဲ့ ဒစ်ဂျစ် တယ်ငွေကြေးတွေနဲ့ ကုန်သွယ်မှုပြုရာ မှဖြစ်ပေါ်လာတဲ့ စွန့်စားမှုအန္တရာယ်မျိုး ၇၀ ကျော်ကိုဖော်ထုတ်တွေ့ရှိထားတယ်လို့ ဥရောပဘဏ်လုပ်ငန်း အာဏာပိုင် အဖွဲ့က ပြောပါတယ်။ ဒီလိုတွေ့ ရှိချက် တွေ ထဲမှာ ပြစ်မှုနဲ့မကင်းတဲ့အချက်တွေ နဲ့ ငွေကြေးခဝါချမှတ်မှုတွေလည်း ပါ ဝင်တယ်လိ့ု ပြောပါတယ်။ ကြီးကြပ် ထိန်းသိမ်းမှု မူဘောင်တွေမပေါ်မီ ငွေ ကြေးသဘောသုံးစွဲတဲ့ ဒစ်ဂျစ်တယ်ငွေ ကြေးတွေကို ဝယ်ယူခြင်း၊ လက်ဝယ် ထားရှိခြင်း နဲ့ ရောင်းချြ ခင်းတွေ မပြုလုပ် ဖို့ ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းတွေ ကို လန်ဒန်အခြေစိုက် ဥရောပဘဏ် လုပ်ငန်း အာဏာ ပိုင်အဖွဲ့က သတိပေး နှိုးဆော်ထားပါတယ်။ ''ဒီစွန့်စားမှုအန္တရာယ်တွေကို ထိန်း ချုပ်ဖို့ ကြီးကြပ်မှုနည်းလမ်းနဲ့ ဆောင် ရွက်မယ်ဆိုရင် ခိုင်မာတဲ့ကြီးကြပ်ရေး အဖွဲ့တစ်ခု လိုမှာဖြစ်ပါတယ်။ ဒီအဖွဲ့အ စည်းရဲ့ ပြဋ္ဌာန်းချက် တချို့ကို အသေး စိတ်ရေးဆွဲဖို့လိုပါတယ်''လို့ဖော်ပြထား ပါတယ်။ အများဆုံး သိနေကြတဲ့ နာမည် ဖြစ်တဲ့ Bitcoin လိုငွေကြေးသဘော အသုံးပြုတဲ့ ငွေကြေးတွေရဲ့ ပေါ်ပြူလာ ဖြစ်မှုတွေ  ကြီးထွားလာတဲ့အတွက် ဘဏ္ဍာရေး ကြီးကြပ်သူတွေက မျက်စေ့ ထောက် ထောက်ပြီး ပိုမိုဂရုစိုက်လာကြ ပါ တယ်။ လျှို့ဝှက်တဲ့ကွန်ပျူတာဂုရုတစ်ဦး က ၂၀၀၉ ခုနှစ်မှာစတင်အသုံးပြုခဲ့တဲ့Bitcoin   က လျှို့ဝှက်သင်္ကေတတွေကို အသုံးပြုရ တဲ့ ငွေေ ကြး ဖြစ်ပါတယ်။