အမေရိကန်အလုပ်အကိုင် ကိန်း ဂဏန်းတွေထုတ်ပြန်တဲ့အခါအမေရိကန် အလုပ်အကိုင်အခြေအနေကဒေါ်လာ တန်ဖိုးမြင့်တက်နိုင်လောက်တဲ့အထိခိုင်မာ မယ့်အခွင့်အလမ်းတွေကိုတွေ့ရှိလာရပါ တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ကအခွင့်သာခိုက်ဒေသတွင်းငွေကြေးတွေ ကနေ အကျိုးအမြတ်ရအောင် ထုတ် ရောင်းလာကြပါတယ်။ ဒီလိုအခြေ အနေမျိုးကြောင့် အင်ဒိုနီးရှားရူပြားငွေ ကြေးကစတင်ပြီး အာရှငွေကြေးတွေ ဇူလိုင် ၃ ရက်နေ့ကတန်ဖိုးကျဆင်းလာ တာကိုတွေ့ရပါတယ်။
ဒါပေမယ့်ဆိုးလ်ရှယ်ယာတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆက်လက် ဝယ်ယူတဲ့အတွက် ကိုရီးယားဝမ်ငွေ ကြေးရဲ့ ဝယ်လိုအားမြင့်တက်လာခဲ့လို့ ဝမ်တန်ဖိုးက ခြောက်နှစ်အတွင်းအမြင့် ဆုံးကိုရောက်ရှိခဲ့ပါတယ်။ အလားတူ တချို့ငွေကြေးတွေလည်းတန်ဖိုးမြင့်တက် ခဲ့ပါတယ်။ အာရှငွေကြေးတွေက ၂၀၁၄ ခု နှစ်နှစ်ကုန်တဲ့အထိ ခြေကုပ်ကောင်း ကောင်းရထားလိမ့်မယ်။ ဒေါ်လာတန် ဖိုးက မျှော်မှန်းထားတဲ့အတိုင်း မြင့် တက်လာရင် ၂၀၁၅ ခုနှစ်နှစ်ဦးမှာ အာရှငွေကြေးတွေတန်ဖိုးကျဆင်းလိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။ ရွေး ကောက်ပွဲ နီးလာပြီဖြစ်တဲ့အတွက် အင်ဒိုနီးရှား ရူပြားတန်ဖိုးကလည်း ကျ ဆင်းလာပါတယ်။ တရုတ်အစိုးရကဆောင်ရွက်တဲ့ မူ ဝါဒအစီအမံတွေကြောင့် တရုတ်ယွမ် ငွေကြေးရဲ့ တန်ဖိုးခိုင်မာလာတာက အာရှငွေကြေးတွေကို အထောက်အကူ ရစေပါတယ်။ မကြာသေးမီက ထုတ် ပြန်ခဲ့တဲ့ စီးပွားရေးညွှန်း ကိန်းတွေ အား ပျော့လာပြီးနောက် အတိုးနှုန်းတွေအ ဆောတလျင်တိုးပေးဦးမှာမဟုတ်ကြောင်း အမေရိကန် ဗဟိုဘဏ် က ပြော ကြားပြီး နောက် ပိုင်း အာရှငွေကြေးတွေရဲ့ အလားအလာပြန်ကောင်းလာပါတယ်။တရုတ်ယွမ် ဇွန်လအတွင်းယွမ်ငွေကြေး တန်ဖိုး တိုးတက်နှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာ ယခင်နှစ်ဧပြီနောက် ပိုင်းလအလိုက်တိုးတက်မှုအမြင့်ဆုံးဖြစ် ပါတယ်။ နေ့အလိုက်နှိုင်းယှဉ်ရင် ဇူလိုင် ၃ ရက်က ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကို ၆ ဒသမ ၂၁၂၇ ယွမ်နှုန်းဖြစ်ပြီး ယခင်နေ့ကထက် သုည ဒသမ ၀၃ ရာ ခိုင်နှုန်းကျဆင်းပါတယ်။အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေက ကန် ဒေါ်လာကိုတစစထုတ်ရောင်းလာခြင်းနဲ့ အိန္ဒိယနိုင်ငံတွင်းသို့ မတည်ငွေရင်းများ လာခြင်းတို့ကြောင့် ဇူလိုင် ၃ ရက်နေ့ ကအိန္ဒိယဘဏ်အချင်းချင်းရောင်းချတဲ့ နိုင်ငံခြားငွေဈေးကွက်မှာ ရူပီးတန်ဖိုး သုည ဒသမ ၁၆ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၉ ဒသမ ၅၃ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ဒီနှုန်းက ရက်သတ္တပတ် နှစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ပါ တယ်။ ဈေးအဖွင့်မှာ ပြည်တွင်းရှယ်ယာ တွေတန်ဖိုးမြင့်တက်လာခြင်းနဲ့ ပင်လယ် ရပ်ခြားဈေးကွက်မှာ ယူရိုတန်ဖိုးမြင့် တက်လာခြင်းတို့ကလည်း ရူပီးငွေကြေး တန်ဖိုးကို အထောက်အကူဖြစ်စေပါ တယ်။ ဇူလိုင် ၅ ရက်နေ့က ရူပီးတန်ဖိုး ကတစ်ဒေါ်လာကို ၅၈ ဒသမ ၆၉ ရူပီး နှုန်းထိရောက်ခဲ့ရာ ရက်သတ္တပတ် ခုနှစ်ပတ်အတွင်းနေ့အလိုက်မြင့်တက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ဂျပန်ယန်း အမေရိကန်ရဲ့ အလုပ်အကိုင် ကိန်းဂဏန်းတွေထုတ်ပြန်တဲ့အခါ အခြေအနေကောင်းမွန် လာမယ်လို့ မျှော် လင့်ကြ တဲ့အတွက် ယန်း၊ ယူရိုတို့နဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးမြင့်တက် ခဲ့ပါတယ်။ ယူရို-ဒေါ်လာဖလှယ်နှုန်းက ဇူလိုင် ၂ ရက်က နယူးယောက်ဈေး ကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၆၅၈ ဒေါ်လာနှုန်းရှိခဲ့ရာမှ ဇူလိုင် ၃ ရက်နေ့ က တိုကျိုဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၆၄၇ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၇၇ ယန်းမှ တိုကျိုမှာ ၁၀၁ ဒသမ ၈၈ ယန်းသို့လည်းကောင်း၊ ယူရို နဲ့ဖလှယ်ရာမှာ တစ်ယူရိုကို ၁၃၈ ဒသမ ၉၉ ယန်းမှ ၁၃၉ ဒသမ ၀၅ ယန်းသို့လည်းကောင်း အသီးသီးပြောင်း လဲခဲ့ပါတယ်။မလေးရှားရင်းဂစ် ရင်းဂစ်တန်ဖိုးက အနိမ့်ဈေးနှုန်း ဖြစ်တဲ့ ၃ ဒသမ ၂၀ ရင်းဂစ်နှုန်းကို ဖောက်ထွက်ပြီးနောက် ဇူလိုင် ၃ ရက် မှာတန်ဖိုးမြင့်တက်လာတာကိုတွေ့ရ ကြောင်း ဝယ်ရောင်းသမားတွေကပြော ပါတယ်။ ရင်းဂစ်ငွေကြေးတန်ဖိုးက ဇူလိုင် ၁ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၂၀၃၅ ရင်းဂစ်နှုန်းရှိခဲ့ရာမှ ဇူလိုင် ၂ ရက်ညနေ ၅ နာရီမှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၁၉၅၅ ရင်းဂစ်နှုန်းထိတန် ဖိုးမြင့်တက်ခဲ့ပါတယ်။ တခြားအဓိက ငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်ငွေကြေး တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။တောင်ကိုရီးယားဝမ် နိုင်ငံခြားရင်းနှီးမြှုုပ်နှံသူတွေက တောင်ကိုရီးယားပြည်တွင်းရှယ်ယာတွေ ကို ဆက်လက်ဝယ်ယူမှုမြင့်မားကာ အ သားတင်ဝယ်ယူမှု ဝမ် ၁၆၆ ဒသမ ၂ ဘီလီယံရှိခဲ့တယ်လို့ လေ့လာဆန်းစစ် သူတွေက ပြောပါတယ်။ တောင်ကိုရီး ယားဝမ်ရဲ့ တန်ဖိုးမြင့်တက်မှုက ခြောက် နှစ်အတွင်းအမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ ပါတယ်။ ပြည်တွင်းအရောင်းတွေကျနေ တဲ့အတွက် ပို့ကုန် ကိုအားထားနေရတဲ့ မော်တော်ကားထုတ်လုပ်သူတွေအဖို့ ဝမ်တန်ဖိုးမြင့်တက်မှုက အခက်အခဲြ ဖစ် စေခဲ့ ပါတယ်။ ဇူလိုင် ၃ ရက်နေ့ ဂရင်းနစ်စံတော် ချိန် ၀၈း၀၀ နာရီမှာ ဝမ်တန်ဖိုးက သုည ဒသမ ၀၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၀၀၉ ဒသမ ၀၀ ဝမ် နှုန်းရှိခဲ့ပါတယ်။ထိုင်းဘတ် ထိုင်းဘတ်ငွေတန်ဖိုးက ဇူလိုင် ၃ ရက်ဂရင်းနစ်စံတော်ချိန် မနက် ၈ နာရီ မှာနေ့အလိုက်နှိုင်းယှဉ်ပါက သုည ဒသမ ၀၆ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၃၂ ဒသမ ၃၉ ဘတ်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်အတွင်း တိုးတက်မှု ကို နှိုင်းယှဉ်ရင် ၁ ဒသမ ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာကို တွေ့ရပါ တယ်။