Main menu

Background

ပြည်ပကိုစီးထွက်မှုများတဲ့ သီးနှံ ၁၂ မျိုးနဲ့ မန်းကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ သီးနှံများရဲ့ ဈေးနှုန်းဈေးကွက်

Wed, 07/16/2014 - 08:59 -- ydnar

 
 
မန္တလေးတိုင်း၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် (ကျောက်ချော) စစ်ဆေးရေးဂိတ်ကို မန္တလေးတိုင်း ဒေသကြီးနဲ့ အခြား တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကုန်ပစ္စည်းများ နေ့စဉ်နဲ့အမျှ စီးထွက်သွားလျက်ရှိပါတယ်။ ထိုသို့စီးထွက်သွားတဲ့ ကုန်ပစ္စည်း အနက်အများဆုံးစီးထွက်သွားတဲ့ပဲမျိုးစုံ၊ နှမ်းမျိုးစုံနဲ့ပြောင်းမျိုးစုံတို့ရဲ့၂၀၁၄ ခုနှစ်ပထမနှစ်ဝက်စီးထွက်မှု အခြေ အနေမှာ - ၂၀၁၄ ခုနှစ် ပထမ ၆ လမှာအရောင်းအဝယ်ဖြစ်လို့ စီးထွက်မှုအားကောင်းတဲ့သီးနှံများမှာပဲတီစိမ်း ၊

နှမ်းနက်/ ညို၊ နှမ်းဖြူ/ ဝါ၊ ပြောင်းဖူးစေ့ (ဗမာ)(CP) နဲ့ နှံစားပြောင်းဖြစ်ပြီး ပဲတီစိမ်းကြီးကို မေလ၊ နှမ်းညို^နက်ကို ဧပြီလ၊ နှမ်းဖြူ/ဝါကို ဇန်နဝါရီ လ ပြောင်းဖူးစေ့ (ဗမာ)(CP) ကို ဇွန်လနဲ့နှံစားပြောင်းကို ဇန်နဝါရီလမှာ တင်ပို့မှု အားကောင်းခဲ့ကြောင်းသိရပါတယ်။ မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း) အနေနဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ဒုတိယအပတ်မှာ ပဲတီစိမ်းကြီးတစ်ပိဿာ ၂၀၄၄ ကျပ် (တစ်တန် ၁၂၅၁၇၂၅ ကျပ်) နဲ့ ယခင်အပတ်ထက်ဈေးမာပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လို့ တစ်ရက် ၃ တင်းအိတ် ၂၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်တစ်ပိဿာ ၃၁၁၁ကျပ် (တစ်တန် ၁၉၀၅၁၄၅ ကျပ်) နဲ့ ယခင် အပတ်ဈေးနဲ့ တူညီပေမဲ့ အရောင်းအဝယ် အနည်းငယ်အေးလို့ တစ်ရက်အိတ် ၇၀၀ ကျော်၊ နှမ်းဖြူတစ်ပိဿာ ၃၃၃၃ ကျပ် (တစ်တန် ၂၀၄၁၀၉၆ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်အပတ်ထက် ဈေးမာပေမဲ့ အရောင်းအဝယ် လေးနေလို့ တစ်ရက်အိတ် ၅၀၀ ခန့်၊ ပြောင်းဖူးစေ့ (CP) တစ်ပိဿာ ၄၅၄ ကျပ် (တစ်တန် ၂၇၈၀၂၅ ကျပ်) ၊ပြောင်းဖူးစေ့ (ဗမာ) တစ်ပိဿာ ၄၂၆ ကျပ် (တစ်တန် ၂၆၀၈၇၈ ကျပ်) နဲ့ ပြောင်းဖူးစေ့နှစ်မျိုးပေါင်း အိတ် ၃၅၀၀ ခန့် အရောင်းအဝယ်ဖြစ်လို့ အရောင်း အဝယ် သွက်လက်ပါ တယ် ။နှံစားပြောင်းတစ်ပိဿာ ၄၆၄ ကျပ် (တစ်တန် ၂၈၄၁၄၉ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်အပတ်ထက် ဈေးအနည်းငယ်အေးေ ပမဲ့ တစ်ရက်အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ပဲတီစိမ်းကြီးကလွဲလို့ အခြားပဲ၊ ပြောင်း၊ နှမ်းများ ဈေးအနည်းငယ်အေးပေမဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ မန်းကုန်စည်ဒိုင်မှ သီးနှံအများစုကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ကိုသာ အဓိကထား အရောင်းအဝယ်ပြုလုပ်နေရကြောင်း၊ အခြားနိုင်ငံများသို့ ဈေးကွက်ဝင်ရောက် ထိုးဖောက်သင့်ကြောင်း၊ ရှိပြီး သားေ ဈးကွက်ကိုလည်း ရေရှည်တည်တံ့ခိုင်မြဲအောင် မိမိတို့တင်ပို့ရောင်းချသည့်ကုန်ပစ္စည်း၏အရည်အသွေးကို အဆင့် မီအောင် ထိန်းသိမ်းမှသာ ဈေးနှုန်းရော ဈေးကွက်ပါ တည်မြဲမှာဖြစ်ကြောင်း၊ ထို့အပြင် ကုန်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲပြီး တင်ပို့ရောင်းချပါက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိမှာဖြစ်သလို မိမိတို့ပွဲစား၊ ကုန်သည်၊ စက်ပိုင်များသာမက တောင်သူများအတွက်လည်း အကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်း၊ ပြည်ပ (တရုတ်) သို့ ပဲမျိုးစုံ တင်ပို့ရောင်းချတဲ့ စက်ပိုင်ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။