မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)မှာ အရောင်းအဝယ်သွက်လက်တဲ့ ပဲအမျိုးအစား ထဲမှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲထိုင်ဝမ်တို့လည်း အပါအဝင်ဖြစ်ပါတယ်။ အဆိုပါ ကုလားပဲများကို မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်း စတဲ့ဒေသများမှ ဝယ်ယူ ရရှိပါတယ်။ တစ်ပိဿာဈေး- ကျပ် သီးနှံအမည် ၈.၆.၂၀၁၄ ၈.၇.၂၀၁၄ နိမ့် မြင့် နိမ့် မြင့် ကုလားပဲဖြူလုံးကြီး ၇၅၁ ၇၆၅ ၇၄၂ ၇၅၁ ကုလားပဲထိုင်ဝမ် ၇၂၉ ၇၂၉ ၇၁၁ ၇၂၀
၂၀၁၄ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လ ကာလတူနှိုင်းယှဉ်လိုက်ရင် ဈေးနှုန်းသိသိသာသာ ပြောင်းလဲသွားမှုမရှိပေမဲ့ ကုလားပဲ နှစ်မျိုးစလုံးဈေးအနည်းငယ်အေးသွားပါတယ်။၂၀၁၄ ခုနှစ် ဇူလိုင်လဒုတိယအပတ်မှာကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၇၅၁ ကျပ် (တစ်တန် ၄၅၉၉၀၅ ကျပ်)၊ ကုလားပဲထိုင်ဝမ် တစ်ပိဿာ ၇၂၀ ကျပ် (တစ်တန် ၄၄၀၉၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပ အိန္ဒိယဝယ်လက်အဆွဲနှေးတာကြောင့် ရန်ကုန်ဝယ်လက်က တုံ့နှေးနေပေမဲ့ ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက် များမှ ဒေသတွင်းစားသုံးသူ လိုအပ်ချက်ကြောင့် ပုံမှန်အလုပ်ဖြစ်နေလို့ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း၊ လှောင်လက်များ အနေနဲ့ ထုတ်ရောင်းသင့်တာကို ထုတ်ရောင်းပြီး ပြန်လည်သိုလှောင်သင့်တာကို သိုလှောင်ကြောင်း၊ အဓိကပြည်ပ ဈေးကွက် တစ်ခုဖြစ်တဲ့ အိန္ဒိယဈေးကွက်အပေါ် မူတည်တာကြောင့် အခြေအနေတစ်ခုအထိ စောင့်ကြည့်နေကြောင်း၊ မနှစ်ကလိုတော့ အထိနာမှာမဟုတ်ကြောင်း၊ ဆက်သွယ်မှုကွန်ယက်တွေအလွန်ကောင်းတာကြောင့် မွန်ဘိုင်းဈေးကွက်အတက်အကျကို မိနစ် ပိုင်းအတွင်း သိရှိနိုင်ပြီး ဝယ်ယူမှု ရောင်းချမှုကို ချင့်ချိန်နိုင်လို့ မမြတ်ပေမဲ့ အရှုံးကြီးမရှုံးနိုင်ကြောင်း V2 နဲ့ကုလားပဲထိုင်ဝမ်ကို အဓိကထားသိုလှောင်တဲ့ ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။